Skip to main content
တပ်ထဲမဲရုံထားခြင်းနှင့်ပတ်သက်ပြီး တပ်မတော်နှင့်ဆွေးနွေးခွင့်ရလိုကြောင်း NLD ပါတီမှ ဦးဉာဏ်ဝင်း ပြော
Ads Block

တပ်ထဲမဲရုံထားခြင်းနှင့်ပတ်သက်ပြီး တပ်မတော်နှင့်ဆွေးနွေးခွင့်ရလိုကြောင်း NLD ပါတီမှ ဦးဉာဏ်ဝင်း ပြော

တပ်ထဲမဲရုံထားခြင်းနှင့်ပတ်သက်ပြီး တပ်မတော်နှင့်ဆွေးနွေးခွင့်ရရှိပါက ပိုမိုကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောလိုက်သည်။

အကုန်သိသတင်းဌာနမှ အောက်တိုဘာလ ၈ ရက်၌ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။

“ဆွေးနွေးခွင့်ရရင်တော့ကောင်းတာပေါ့။ ဆွေးနွေးခွင့်မရဘဲကိုယ်လုပ်တာပဲကိုယ်လုပ်သွားတာမျိုး အဲဒါတော့မကောင်းဘူး။ ကျွန်တော်တို့က ဆန္ဒရှိတာကမရဘူး၊ ရတယ်ဆိုတာကိုဆွေးနွေးချင်တယ်။ ကြိုးစားမှာပါ။ မဲရုံကိုအပြင်ထုတ်ချင်တယ်လို့အဲဒီလိုကျွန်တော်မပြောဘူး။ မဲရွေးတာတပ်ထဲမှာလုပ်ရမယ်လို့ ဘယ်ဥပဒေမှာမှလည်းမပါဘူး။အများပြည်သူကို ဝင်ထွက်သွားလာ လွယ်ကူရမယ်။ အဆင်ပြေရမယ်။ အဲဒါအဓိကပဲ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

တပ်တွင်းမဲရုံထားရှိခြင်းကို သဘောမတူကြောင်း NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီအစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့ ပြောကြားထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကလည်း တပ်အပြင်သို့ မဲထွက်ပေးရန်လုံခြုံရေးအရအဆင်မပြေကြောင်း စက်တင်ဘာလ ၂၈ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

၎င်းကိစ္စနှင့် စပ်လျဉ်း၍ အကုန်သိသတင်းဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ထံ ဆက်သွယ်မေးမြန်းရာတွင် မှတ်ချက်ပေးပြောကြားရန်မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

တပ္ထဲမဲရုံထားျခင္းႏွင့္ပတ္သက္ၿပီး တပ္မေတာ္ႏွင့္ေဆြးေႏြးခြင့္ရလိုေၾကာင္း NLD ပါတီမွ ဦးဥာဏ္၀င္း ေျပာ

တပ္ထဲမဲရုံထားျခင္းႏွင့္ပတ္သက္ၿပီး တပ္မေတာ္ႏွင့္ေဆြးေႏြးခြင့္ရရွိပါက ပိုမိုေကာင္းမြန္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းက ေျပာလိုက္သည္။

အကုန္သိသတင္းဌာနမွ ေအာက္တုိဘာလ ၈ ရက္၌ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။

“ေဆြးေႏြးခြင့္ရရင္ေတာ့ေကာင္းတာေပါ့။ ေဆြးေႏြးခြင့္မရဘဲကုိယ္လုပ္တာပဲကုိယ္လုပ္သြားတာမ်ိဳး အဲဒါေတာ့မေကာင္းဘူး။ ကြ်န္ေတာ္တုိ႔က ဆႏၵရွိတာကမရဘူး၊ ရတယ္ဆုိတာကုိေဆြးေႏြးခ်င္တယ္။ ႀကဳိးစားမွာပါ။ မဲရုံကုိအျပင္ထုတ္ခ်င္တယ္လုိ႔အဲဒီလုိကြ်န္ေတာ္မေျပာဘူး။ မဲေရြးတာတပ္ထဲမွာလုပ္ရမယ္လုိ႔ ဘယ္ဥပေဒမွာမွလည္းမပါဘူး။အမ်ားျပည္သူကုိ ၀င္ထြက္သြားလာ လြယ္ကူရမယ္။ အဆင္ေျပရမယ္။ အဲဒါအဓိကပဲ’’ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းက ေျပာသည္။

တပ္တြင္းမဲရုံထားရွိျခင္းကို သေဘာမတူေၾကာင္း NLD ပါတီမွ ဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းက အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ဗဟုိေကာ္မတီအစည္းအေ၀းအၿပီးသတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားသုိ႔ ေျပာၾကားထားသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွ ဒုဥကၠ႒ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီကလည္း တပ္အျပင္သုိ႔ မဲထြက္ေပးရန္လုံၿခဳံေရးအရအဆင္မေျပေၾကာင္း စက္တင္ဘာလ ၂၈ ရက္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားသည္။

၄င္းကိစၥနွင့္ စပ္လ်ဥ္း၍ အကုန္သိသတင္းဌာနမွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔၀င္ဦးျမင့္ႏုိင္ထံ ဆက္သြယ္ေမးျမန္းရာတြင္ မွတ္ခ်က္ေပးေျပာၾကားရန္မရွိေၾကာင္းသာ ျပန္လည္ေျဖၾကားခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။