Skip to main content
အမျိုးသမီးများသွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းမှာ အသက်အန္တရာယ်ရှိဟု ဆို 
Ads Block

အမျိုးသမီးများသွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းမှာ အသက်အန္တရာယ်ရှိဟု ဆို 

အမျိုးသမီးများသွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းသည်အသက်အန္တရာယ်ရှိသဖြင့် မပေါ့ဆသင့်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဒေါက်တာစိုးလွင်က ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI ) ၌ အောက်တိုဘာလ ၆ ရက်က ကျင်းပသော “မိန်းမသားတို့၏ဓမ္မတာနှင့် စိတ်ခံစားမှုဝေဒနာများ” ဆွေးနွေးပွဲအပြီး၌ ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“သွေးဆုံးပြီးမှသွေးဆင်းတာအဲဒါအရေးကြီးတယ်။ အဲဒါမျိုးဆိုရင်မပေါ့ရဘူး။ စောစောစီးစီးကုမှ နောက်ကျသွားရင် အသက်အန္တရာယ်ရှိပါတယ်။ သွေးတွေဆင်းနေတာကို တချို့တွေကသူတို့ စိတ်ထဲအောင်းနေတဲ့သွေးပုပ်တွေဆင်းတယ်ဆိုပြီး ဝမ်းသာနေကြတယ်။ အဲဒီလိုအသိအမြင်မှားတာတွေက အရမ်းကြောက်ဖို့ ကောင်းတယ်။ စောစောစီးစီးမသိတော့ ဆေးရုံရောက်လာတဲ့အခါမှာ ကင်ဆာကအဆင့် ၃/၄ ဖြစ်နေပြီ။ အဆင့် ၃/၄ဆိုတာ ကင်ဆာကပြန့်နေပြီလေ။ စောစောစီးစီးသိရင်တော့အမြစ်ပြတ်အောင ကုလို့ရတယ်။ နောက်ကျသွားရင်တော့အသက်သေနိုင်တယ်”ဟု သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်ကပြောသည်။

အမျိုးသမီးများမှာအသက် ၅၀ ဝန်းကျင်တွင်သွေးဆုံးတတ်ပြီး ယင်းကဲ့သို့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းသည် သားအိမ်ကင်ဆာဖြစ်နိုင်ကြောင်း သိရသည်။

အမျိုးသမီးများ သွေးဆုံးခါနီး လအနည်းငယ်၊ နှစ်အနည်းငယ်အတွင်း ဓမ္မတာပေါ်လိုက် ပျောက်လိုက်ဖြစ်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ မျက်နှာတွင်အနီကွက်များထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ခံစားလွယ်ခြင်း၊ ဆံပင်ပါးလာခြင်း၊ အသားအရည်ခြောက်သွေ့ခြင်းနှင့် ရင်သားလျော့ရွဲလာခြင်းတို့ ခံစားရကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

အမ်ဳိးသမီးမ်ားေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းျခင္းမွာ အသက္အႏၱရာယ္ရွိဟု ဆို

အမ်ဳိးသမီးမ်ားေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းျခင္းသည္အသက္အႏၱရာယ္ရွိသျဖင့္ မေပါ့ဆသင့္ေၾကာင္း သားဖြားမီးယပ္အထူးကုဆရာ၀န္ႀကီးေဒါက္တာစုိးလြင္က ေျပာသည္။

ရန္ကုန္ၿမဳိ႕ရွိ ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI ) ၌ ေအာက္တုိဘာလ ၆ ရက္က က်င္းပေသာ “မိန္းမသားတုိ႔၏ဓမၼတာႏွင့္ စိတ္ခံစားမႈေ၀ဒနာမ်ား” ေဆြးေႏြးပြဲအၿပီး၌ ယခုကဲ့သုိ႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေသြးဆုံးၿပီးမွေသြးဆင္းတာအဲဒါအေရးႀကီးတယ္။ အဲဒါမ်ဳိးဆုိရင္မေပါ့ရဘူး။ ေစာေစာစီးစီးကုမွ ေနာက္က်သြားရင္ အသက္အႏၱရာယ္ရွိပါတယ္။ ေသြးေတြဆင္းေနတာကုိ တခ်ဳိ႕ေတြကသူတုိ႔ စိတ္ထဲေအာင္းေနတဲ့ေသြးပုပ္ေတြဆင္းတယ္ဆုိၿပီး ၀မ္းသာေနၾကတယ္။ အဲဒီလုိအသိအျမင္မွားတာေတြက အရမ္းေၾကာက္ဖုိ႔ ေကာင္းတယ္။ ေစာေစာစီးစီးမသိေတာ့ ေဆးရုံေရာက္လာတဲ့အခါမွာ ကင္ဆာကအဆင့္ ၃/၄ ျဖစ္ေနၿပီ။ အဆင့္ ၃/၄ဆုိတာ ကင္ဆာကျပန္႔ေနၿပီေလ။ ေစာေစာစီးစီးသိရင္ေတာ့အျမစ္ျပတ္ေအာင ကုလုိ႔ရတယ္။ ေနာက္က်သြားရင္ေတာ့အသက္ေသႏုိင္တယ္”ဟု သားဖြားမီးယပ္အထူးကုဆရာ၀န္ႀကီး ေဒါက္တာစုိးလြင္ကေျပာသည္။

အမ်ဳိးသမီးမ်ားမွာအသက္ ၅၀ ၀န္းက်င္တြင္ေသြးဆုံးတတ္ၿပီး ယင္းကဲ့သုိ႔ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းျခင္းသည္ သားအိမ္ကင္ဆာျဖစ္ႏုိင္ေၾကာင္း သိရသည္။

အမ်ိဳးသမီးမ်ား ေသြးဆုံးခါနီး လအနည္းငယ္၊ ႏွစ္အနည္းငယ္အတြင္း ဓမၼတာေပၚလုိက္ ေပ်ာက္လုိက္ျဖစ္ျခင္း၊ မိန္းမကုိယ္ေျခာက္ေသြ႔ျခင္း၊ မ်က္ႏွာတြင္အနီကြက္မ်ားထြက္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိတ္ခံစားလြယ္ျခင္း၊ ဆံပင္ပါးလာျခင္း၊ အသားအရည္ေျခာက္ေသြ႔ျခင္းႏွင့္ ရင္သားေလ်ာ့ရြဲလာျခင္းတုိ႔ ခံစားရေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။