Skip to main content
ဆီးရီးယား ထိုးစစ်အတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ပြီဟု တူရကီ ပြောဆို 
Ads Block

ဆီးရီးယား ထိုးစစ်အတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ပြီဟု တူရကီ ပြောဆို 

          ဝါရှင်တန်ရဲ့ ကာလကြာရှည် မဟာမိတ် ကာ့ဒ်တပ်တွေအပေါ် တူရကီက စစ်ဆင်တိုက်ခိုက်မယ့်ကိစ္စကို လမ်းဖွင့်ပေးတဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေ စတင်ဆုတ်ခွာနေခဲ့ပြီးနောက် ဆီးရီးယားမြောက်ပိုင်း ထိုးစစ်အတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ပြီလို့ တူရကီက အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  

ဆီးရီးယား ထိုးစစ်အတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ပြီဟု တူရကီ ပြောဆို 

            တူရကီ-ဆီးရီယား နယ်စပ်ဒေသက အမေရိကန်အထူးတပ်ဖွဲ့ဝင် ၅၀ ကို ပြန်ရုပ်သိမ်းမယ်လို့ တနင်္ဂနွေနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယား ထိုးစစ်ဟာ အကန့်အသတ်မဲ့နေတယ်လို့ သူ့အနေနဲ့ ယူဆမိရင်တော့ နေတိုးမဟာမိတ် တူရကီရဲ့ စီးပွားရေးကို ဖျက်ဆီးရလိမ့်မယ်လို့ ထရန့်က သတိပေးခဲ့ပါတယ်။

                အမေရိကန်ဟာ တပ်တွေကို ရုပ်သိမ်းကာ ၎င်းတို့ရဲ့ လက်တွဲဖော် ကာ့ဒ်ဦးဆောင် တပ်တွေကို တူရကီလက်နက်ကိုင်တပ်ဖွဲ့(TSK) ရဲ့ ကျူးကျော်ထိုးစစ်တစ်ခုအတွင်း ထားရစ်ခဲ့တာဖြစ်ပါတယ်။ တူရကီနိုင်ငံအတွင်း ကာလကြာရှည် သူပုန်ထနေခဲ့တဲ့ ကာ့ဒ်စစ်သွေးကြွတွေနဲ့ အချိတ်အဆက်ရှိနေတဲ့ ဆီးရီးယား ကာ့ဒ်တွေကို အကြမ်းဖက်သမားတွေအဖြစ် တူရကီက သတ်မှတ်ထားပါတယ်။

           မိမိတို့ နယ်စပ်ဒေသပေါ်မှာ အကြမ်းဖက် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတာမျိုးကို TSK က လုံး၀ သည်းခံမှာမဟုတ်ကြောင်းနဲ့ ထိုးစစ်အတွက် ပြင်ဆင်ထားမှုတွေ ပြီးမြောက်ပြီဖြစ်ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့အစောပိုင်းမှာ တွစ်တာကနေ ပြောဆိုခဲ့ပါတယ်။ မိမိတို့ဒေသရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဆီးရီးယားလူထုရဲ့ ဘဝတွေ လုံခြုံဘေးကင်းရေးအတွက် ဘေကင်းဇုံ/ငြိမ်းချမ်းရေး စြင်္ကန်တစ်ခုထူထောင်ဖို့ မဖြစ်မနေလိုအပ်ပါကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။

            အမေရိကန်တပ်တွေ ရုပ်သိမ်းပေးလိုက်ခြင်းဖြင့် ဆီးရီးယား ကာ့ဒ်တွေကို စွန့်ခွာထားရစ်ခဲ့တယ်ဆိုတဲ့ သူ့အပေါ် ဝေဖန်မှုတွေ ပြေရာပြေကြောင်းအဖြစ် တူရကီရဲ့ စီးပွားရေးကဏ္ဍအပေါ် ထရန့်က ခြိမ်းခြောက်သတိပေးမှုလုပ်ခဲ့ပုံရပါတယ်။ ယင်းဆုံးဖြတ်ချက်ကြောင့် ကွန်ဂရက်မှာ ဒီမိုကရက်တစ်အမတ်တွေက ဝေဖန်ခဲ့ကာ ဆီးနိတ်လူများစုခေါင်းဆောင် မစ်ချ် မက်ကွန်နဲလ်အပါအဝင် ရီပတ်ဘလီကန်အမတ်အချို့က အပြစ်ဆိုခဲ့ကြပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ဆီးရီးယား ထုိးစစ္အတြက္ ျပင္ဆင္မႈေတြ ၿပီးေျမာက္ၿပီဟု တူရကီ ေျပာဆုိ

          ၀ါရွင္တန္ရဲ႕ ကာလၾကာရွည္ မဟာမိတ္ ကာ့ဒ္တပ္ေတြအေပၚ တူရကီက စစ္ဆင္တုိက္ခုိက္မယ့္ကိစၥကုိ လမ္းဖြင့္ေပးတဲ့အေနနဲ႕ အေမရိကန္တပ္ဖြဲ႕ေတြ စတင္ဆုတ္ခြာေနခဲ့ၿပီးေနာက္ ဆီးရီးယားေျမာက္ပုိင္း ထုိးစစ္အတြက္ ျပင္ဆင္မႈေတြ ၿပီးေျမာက္ၿပီလုိ ့ တူရကီက အဂၤါေန ့မွာ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။  

            တူရကီ-ဆီးရီယား နယ္စပ္ေဒသက အေမရိကန္အထူးတပ္ဖြဲ႕၀င္ ၅၀ ကုိ ျပန္ရုပ္သိမ္းမယ္လုိ ့ တနဂၤေႏြေန ့မွာ အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဆီးရီးယား ထုိးစစ္ဟာ အကန္ ့အသတ္မဲ့ေနတယ္လုိ ့ သူ႕အေနနဲ႕ ယူဆမိရင္ေတာ့ ေနတုိးမဟာမိတ္ တူရကီရဲ႕ စီးပြားေရးကုိ ဖ်က္ဆီးရလိမ့္မယ္လုိ ့ ထရန္ ့က သတိေပးခဲ့ပါတယ္။

                အေမရိကန္ဟာ တပ္ေတြကုိ ရုပ္သိမ္းကာ ၄င္းတုိ ့ရဲ႕ လက္တြဲေဖာ္ ကာ့ဒ္ဦးေဆာင္ တပ္ေတြကုိ တူရကီလက္နက္ကုိင္တပ္ဖြဲ႕(TSK) ရဲ႕ က်ဴးေက်ာ္ထုိးစစ္တစ္ခုအတြင္း ထားရစ္ခဲ့တာျဖစ္ပါတယ္။ တူရကီႏုိင္ငံအတြင္း ကာလၾကာရွည္ သူပုန္ထေနခဲ့တဲ့ ကာ့ဒ္စစ္ေသြးၾကြေတြနဲ႕ အခ်ိတ္အဆက္ရွိေနတဲ့ ဆီးရီးယား ကာ့ဒ္ေတြကုိ အၾကမ္းဖက္သမားေတြအျဖစ္ တူရကီက သတ္မွတ္ထားပါတယ္။

           မိမိတုိ ့ နယ္စပ္ေဒသေပၚမွာ အၾကမ္းဖက္ လမ္းေၾကာင္းတစ္ခု ေပၚထြက္လာတာမ်ဳိးကုိ TSK က လုံး၀ သည္းခံမွာမဟုတ္ေၾကာင္းနဲ႕ ထုိးစစ္အတြက္ ျပင္ဆင္ထားမႈေတြ ၿပီးေျမာက္ၿပီျဖစ္ေၾကာင္း တူရကီ ကာကြယ္ေရး၀န္ႀကီးက အဂၤါေန ့အေစာပုိင္းမွာ တြစ္တာကေန ေျပာဆုိခဲ့ပါတယ္။ မိမိတုိ ့ေဒသရဲ႕ ၿငိမ္းခ်မ္းတည္ၿငိမ္ေရး၊ ဆီးရီးယားလူထုရဲ႕ ဘ၀ေတြ လုံၿခဳံေဘးကင္းေရးအတြက္ ေဘကင္းဇုံ/ၿငိမ္းခ်မ္းေရး စႀကၤန္တစ္ခုထူေထာင္ဖုိ ့ မျဖစ္မေနလုိအပ္ပါေၾကာင္းလည္း ၄င္းက ေျပာဆုိပါတယ္။

            အေမရိကန္တပ္ေတြ ရုပ္သိမ္းေပးလုိက္ျခင္းျဖင့္ ဆီးရီးယား ကာ့ဒ္ေတြကုိ စြန္ ့ခြာထားရစ္ခဲ့တယ္ဆုိတဲ့ သူ႕အေပၚ ေ၀ဖန္မႈေတြ ေျပရာေျပေၾကာင္းအျဖစ္ တူရကီရဲ႕ စီးပြားေရးက႑အေပၚ ထရန္ ့က ၿခိမ္းေျခာက္သတိေပးမႈလုပ္ခဲ့ပုံရပါတယ္။ ယင္းဆုံးျဖတ္ခ်က္ေၾကာင့္ ကြန္ဂရက္မွာ ဒီမုိကရက္တစ္အမတ္ေတြက ေ၀ဖန္ခဲ့ကာ ဆီးနိတ္လူမ်ားစုေခါင္းေဆာင္ မစ္ခ်္ မက္ကြန္နဲလ္အပါအ၀င္ ရီပတ္ဘလီကန္အမတ္အခ်ဳိ႕က အျပစ္ဆုိခဲ့ၾကပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။