Skip to main content
ထိုင်းရေတံခွန်အောက် ပြုတ်ကျသေဆုံးနေခဲ့သည့် နောက်ထပ် ဆင်ငါးကောင်ထပ်တွေ့ခဲ့ကာ စုစုပေါင်း ဆင် ၁၁ ကောင် သေဆုံးခဲ့ဟုသိရ 
Ads Block

ထိုင်းရေတံခွန်အောက် ပြုတ်ကျသေဆုံးနေခဲ့သည့် နောက်ထပ် ဆင်ငါးကောင်ထပ်တွေ့ခဲ့ကာ စုစုပေါင်း ဆင် ၁၁ ကောင် သေဆုံးခဲ့ဟုသိရ 

             ထိုင်းနိုင်ငံ ကော့ယိုင် အမျိုးသားဥယျာဉ်ထဲက ရေတံခွန်အောက် ပြုတ်ကျသေဆုံးနေခဲ့တဲ့ ဆင် ၆ ကောင်ရဲ့ အလောင်းတွေကို ရွှေ့ပြောင်းသယ်ယူဖို့ ထိုင်းတာဝန်ရှိသူတွေ ခက်ခက်ခဲခဲလုပ်နေကြစဉ်မှာပဲ နောက်ထပ် ဆင်သေ ၅ ကောင်ကို ယင်းရေတံခွန်အောက်မှာ ထပ်တွေ့ခဲ့ကြောင်း သိရပါတယ်။

ထိုင်းရေတံခွန်အောက် ပြုတ်ကျသေဆုံးနေခဲ့သည့် နောက်ထပ် ဆင်ငါးကောင်ထပ်တွေ့ခဲ့ကာ စုစုပေါင်း ဆင် ၁၁ ကောင် သေဆုံးခဲ့ဟုသိရ 

             Haew Narok ရေတံခွန်ရှိ ဆင်ခြောက်ကောင်သေဆုံးနေတဲ့ နေရာနားမှာ စနေနေ့က နောက်ထပ် ဆင်သေငါးကောင်ကို ထပ်တွေ့ခဲ့တာဖြစ်ကြောင်း နာခွန်နာယွတ်ပြည်နယ် အုပ်ချုပ်ရေးမှူး နတ်သာပွန် ဆီရိချနာက အင်္ဂါနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဆင်သေတွေ ရှိနေတဲ့ ရေတံခွန်ဧရိယာပေါ် ဒရုန်းတစ်စင်း လွှတ်ကာ စစ်ဆေးခဲ့မှုအတွင်း နောက်ထပ်ဆင်သေတွေ ထပ်တွေ့ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

            ယခု ထပ်တွေ့ခဲ့တဲ့ ဆင်သေတွေနဲ့ဆို သေဆုံးခဲ့တဲ့ ဆင်အရေအတွက် ၁၁ ကောင်အထိရှိခဲ့ကာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံရဲ့ တောဆင်ရိုင်းအရေအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ဆင်တွေအားလုံးဟာ ဆင်အုပ်တစ်ခုတည်းက ဖြစ်တယ်လို့တာဝန်ရှိသူတွေ ယုံကြည်ထားကြပြီး ရေစီးသန်တဲ့ ရေတံခွန်ထဲ ဘာကြောင့် ပြုတ်ကျရေနစ်သေဆုံးရတယ်ဆိုတာ မသိရသေးပါဘူး။

             ဒရုန်းစေလွှတ်ခဲ့တာဟာ အသက်ရှင်ကျန်ရစ်တဲ့ ဆင်နှစ်ကောင်ကို ရှာဖွေဖို့ဖြစ်ပြီး ယင်းနှစ်ကောင် ကတော့ တောထဲပြန်ဝင်သွားတယ်လို့ ယုံကြည်ရပါတယ်။

            အမျိုးသားဥယျာဉ်တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရေတံခွန်တဲ့ ရေမြောင်းတစ်ခု တူးဖောက်ကာ ဆင်သေတွေကို တန် ၄၀ ဆံ့တဲ့ ဧရာမပိုက်ကွန်ကြီးတစ်ခုထဲ ရောက်ရှိသွားအောင်လုပ်ဖို့ စီစဉ်နေပါတယ်။ ယင်း ပိုက်ကွန်ကြီးလုပ်ရတာဟာ ဆင်သေကောင်တွေရဲ့ အညစ်အကြေးတွေ သောက်သုံးရေ အရင်းအမြစ်ထဲ ရောက်ရှိမသွားစေရေး ရည်ရွယ်တာဖြစ်ပါတယ်။ ဆင်သေတွေကို မမြှုပ်ခင် ၎င်းတို့သေဆုံး ရတဲ့ အကြောင်းရင်းကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဘန်ကောက်ပို့စ်/ The Nation

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ထုိင္းေရတံခြန္ေအာက္ ျပဳတ္က်ေသဆုံးေနခဲ့သည့္ ေနာက္ထပ္ ဆင္ငါးေကာင္ထပ္ေတြ႕ခဲ့ကာ စုစုေပါင္း ဆင္ ၁၁ ေကာင္ ေသဆုံးခဲ့ဟုသိရ

             ထုိင္းႏုိင္ငံ ေကာ့ယုိင္ အမ်ဳိးသားဥယ်ာဥ္ထဲက ေရတံခြန္ေအာက္ ျပဳတ္က်ေသဆုံးေနခဲ့တဲ့ ဆင္ ၆ ေကာင္ရဲ႕ အေလာင္းေတြကုိ ေရႊ႕ေျပာင္းသယ္ယူဖုိ ့ ထုိင္းတာ၀န္ရွိသူေတြ ခက္ခက္ခဲခဲလုပ္ေနၾကစဥ္မွာပဲ ေနာက္ထပ္ ဆင္ေသ ၅ ေကာင္ကုိ ယင္းေရတံခြန္ေအာက္မွာ ထပ္ေတြ႕ခဲ့ေၾကာင္း သိရပါတယ္။

             Haew Narok ေရတံခြန္ရွိိ ဆင္ေျခာက္ေကာင္ေသဆုံးေနတဲ့ ေနရာနားမွာ စေနေန ့က ေနာက္ထပ္ ဆင္ေသငါးေကာင္ကုိ ထပ္ေတြ႕ခဲ့တာျဖစ္ေၾကာင္း နာခြန္နာယြတ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး နတ္သာပြန္ ဆီရိခ်နာက အဂၤါေန ့မွာ ထုတ္ျပန္ေျပာဆုိခဲ့ပါတယ္။ ဆင္ေသေတြ ရွိေနတဲ့ ေရတံခြန္ဧရိယာေပၚ ဒရုန္းတစ္စင္း လႊတ္ကာ စစ္ေဆးခဲ့မႈအတြင္း ေနာက္ထပ္ဆင္ေသေတြ ထပ္ေတြ႕ခဲ့တာျဖစ္တယ္လုိ ့ ၄င္းက ေျပာပါတယ္။

            ယခု ထပ္ေတြ႕ခဲ့တဲ့ ဆင္ေသေတြနဲ႕ဆုိ ေသဆုံးခဲ့တဲ့ ဆင္အေရအတြက္ ၁၁ ေကာင္အထိရွိခဲ့ကာ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ထုိင္းႏုိင္ငံရဲ႕ ေတာဆင္ရုိင္းအေရအတြက္ အႀကီးမားဆုံး ဆုံးရႈံးမႈျဖစ္ခဲ့ပါတယ္။ ေသဆုံးခဲ့တဲ့ ဆင္ေတြအားလုံးဟာ ဆင္အုပ္တစ္ခုတည္းက ျဖစ္တယ္လုိ ့တာ၀န္ရွိသူေတြ ယုံၾကည္ထားၾကၿပီး ေရစီးသန္တဲ့ ေရတံခြန္ထဲ ဘာေၾကာင့္ ျပဳတ္က်ေရနစ္ေသဆုံးရတယ္ဆုိတာ မသိရေသးပါဘူး။

             ဒရုန္းေစလႊတ္ခဲ့တာဟာ အသက္ရွင္က်န္ရစ္တဲ့ ဆင္ႏွစ္ေကာင္ကုိ ရွာေဖြဖုိ ့ျဖစ္ၿပီး ယင္းႏွစ္ေကာင္ ကေတာ့ ေတာထဲျပန္၀င္သြားတယ္လုိ ့ ယုံၾကည္ရပါတယ္။

            အမ်ဳိးသားဥယ်ာဥ္တာ၀န္ရွိသူေတြနဲ႕ ကယ္ဆယ္ေရးသမားေတြဟာ ေရတံခြန္တဲ့ ေရေျမာင္းတစ္ခု တူးေဖာက္ကာ ဆင္ေသေတြကုိ တန္ ၄၀ ဆံ့တဲ့ ဧရာမပုိက္ကြန္ႀကီးတစ္ခုထဲ ေရာက္ရွိသြားေအာင္လုပ္ဖုိ ့ စီစဥ္ေနပါတယ္။ ယင္း ပုိက္ကြန္ႀကီးလုပ္ရတာဟာ ဆင္ေသေကာင္ေတြရဲ႕ အညစ္အေၾကးေတြ ေသာက္သုံးေရ အရင္းအျမစ္ထဲ ေရာက္ရွိမသြားေစေရး ရည္ရြယ္တာျဖစ္ပါတယ္။ ဆင္ေသေတြကုိ မျမွဳပ္ခင္ ၄င္းတုိ ့ေသဆုံး ရတဲ့ အေၾကာင္းရင္းကုိ စစ္ေဆးသြားမယ္လုိ ့ ဆုိပါတယ္။

ဘန္ေကာက္ပုိ ့စ္/ The Nation

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။