Skip to main content
ထိုင်းတွင် ဗင်ကားက ကုန်တင်ကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့ကာ ဗင်ကားပေါ်မှ ကျောင်းသား ၃ ဦး သေဆုံး 
Ads Block

ထိုင်းတွင် ဗင်ကားက ကုန်တင်ကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့ကာ ဗင်ကားပေါ်မှ ကျောင်းသား ၃ ဦး သေဆုံး 

              ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်္ဂါနေ့ မနက်အစောပိုင်းက သက်မွေးပညာရပ်ဆိုင်ရာကျောင်းမှ ကျောင်းသားတွေလိုက်ပါလာတဲ့ ခရီးသည်ဗင်ကားတစ်စီးက ကုန်တင်ကားတစ်စီးနောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီး ကျောင်းသား သုံးဦး သေဆုံခဲ့ကြောင်း သိရပါတယ်။

ထိုင်းတွင် ဗင်ကားက ကုန်တင်ကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့ကာ ဗင်ကားပေါ်မှ ကျောင်းသား ၃ ဦး သေဆုံး 

             ဒီနေ့မနက် ၁ နာရီလောက်က ကိုခါခရိုင် Phahon Yothin လမ်းပေါ်မှာ ပြောင်းဖူးတွေတင်လာတဲ့ ကုန်တင်ကားရဲ့နောက်ပိုင်းကို ကျောင်းသား ၁၆ ဦးနဲ့ ဒရိုင်ဘာတို့ပါဝင်တဲ့ ဗင်ကားက ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ဗင်ကားပေါ်ပါသူအားလုံး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျာင်းသား သုံးဦးဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် မြောင်ခရိုင် လမ်ပန်းဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ကြောင်း လမ်ပန်းရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် အနူချာ အူအမ်ချာရောင်က ပြောဆိုပါတယ်။

               သေဆုံးခဲ့တဲ့ ကျောင်းသား သုံးဦးဟာ လမ်ဖွန်နည်းပညာကောလိပ်ဝန်းထဲမှာ ပညာသင်ကြားနေသူတွေဖြစ်ပြီး စကောလားရှစ်ရယူဖို့အတွက် ဘန်ကောက်ရှိ ပင်မတက္ကသိုလ်ဆီ သွားရောက်နေကြတာဖြစ်ကြောင်း ရဲမှူးချုပ်က ပြောဆိုပါတယ်။

            ဆယ်ဘီးကုန်တင်ယာဉ်မောင်းရဲ့ အပြောအရ ကုန်တွေနဲ့အတူ ယာဉ်ကိုမောင်းနေစဉ် သူ့ ယာဉ်နောက်ပိုင်းကို အခြားယာဉ်တစ်စီးက ဝင်တိုက်လိုက်တဲ့ အသံကြားခဲ့ရကြောင်း၊ ဒါကြောင့် ကားကိုရပ်ကာ သွားရောက်စစ်ဆေးရာမှာ အဖြစ်အပျက်ကိုသိရှိခဲ့ပြီး ရဲထံ ဖုန်းဆက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဗင်ကားနောက်က ပါလာတဲ့ လူငါးဦးပါ အိမ်စီးကားတစ်စီးရဲ့ ဒရိုင်ဘာဟာ ရှေ့က ယာဉ်တိုက်မှုဖြစ်စဉ်ကို ကွေ့ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကွန်ကရစ်တုံးကို ဝင်တိုက်မိခဲ့ကြောင်းလည်း သိရပါတယ်။ ဆွမ်ချိုင်းလို့သိရတဲ့ ယင်း ကားဒရိုင်က ပြောဆိုရာမှာ သူ့ဇနီး၊ ကလေးသုံးဦးတို့နဲ့အတူ ချင်းမိုင်ကနေ ဘန်ကောက်ကို ရွှေ့ပြောင်းလာခဲ့ကြတာဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် သူ့ဇနီးနဲ့ ကလေးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

                  ယခုဖြစ်ဟာ သီတင်းနှစ်ပတ်အတွင်း သက်မွေးပညာရပ်ဆိုင်ရာ ကျောင်းသားတွေပါဝင်တဲ့ ဒုတိယမြောက် ယာဉ်တိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဆီဆာကက်မှာ ဆီဆာကက်နည်းပညာကောလိပ်ကျောင်းသားတွေ လိုက်ပါလာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့တာကြောင့် ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ဘန်ကောက်ပို့စ်

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ထုိင္းတြင္ ဗင္ကားက ကုန္တင္ကားေနာက္ပုိင္းကုိ ၀င္တုိက္မိခဲ့ကာ ဗင္ကားေပၚမွ ေက်ာင္းသား ၃ ဦး ေသဆုံး

              ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ အဂၤါေန႕ မနက္အေစာပုိင္းက သက္ေမြးပညာရပ္ဆုိင္ရာေက်ာင္းမွ ေက်ာင္းသားေတြလုိက္ပါလာတဲ့ ခရီးသည္ဗင္ကားတစ္စီးက ကုန္တင္ကားတစ္စီးေနာက္ပုိင္းကုိ ၀င္တုိက္မိခဲ့ၿပီး ေက်ာင္းသား သုံးဦး ေသဆုံခဲ့ေၾကာင္း သိရပါတယ္။

             ဒီေန ့မနက္ ၁ နာရီေလာက္က ကုိခါခရုိင္ Phahon Yothin လမ္းေပၚမွာ ေျပာင္းဖူးေတြတင္လာတဲ့ ကုန္တင္ကားရဲ႕ေနာက္ပုိင္းကုိ ေက်ာင္းသား ၁၆ ဦးနဲ႕ ဒရုိင္ဘာတုိ ့ပါ၀င္တဲ့ ဗင္ကားက ၀င္တုိက္မိခဲ့တာျဖစ္ပါတယ္။ ဗင္ကားေပၚပါသူအားလုံး ဒဏ္ရာရရွိခဲ့ၿပီး ၆ ဦးကေတာ့ ဒဏ္ရာျပင္းထန္ခဲ့ပါတယ္။ ေနာက္ပုိင္းမွာ က်ာင္းသား သုံးဦးဟာ ရရွိခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ေျမာင္ခရုိင္ လမ္ပန္းေဆးရုံမွာ ေသဆုံးသြားခဲ့တာျဖစ္ေၾကာင္း လမ္ပန္းရဲတပ္ဖြဲ႕ မွဴး ရဲမွဴးခ်ဳပ္ အႏူခ်ာ အူအမ္ခ်ာေရာင္က ေျပာဆုိပါတယ္။

               ေသဆုံးခဲ့တဲ့ ေက်ာင္းသား သုံးဦးဟာ လမ္ဖြန္နည္းပညာေကာလိပ္၀န္းထဲမွာ ပညာသင္ၾကားေနသူေတြျဖစ္ၿပီး စေကာလားရွစ္ရယူဖုိ ့အတြက္ ဘန္ေကာက္ရွိ ပင္မတကၠသုိလ္ဆီ သြားေရာက္ေနၾကတာျဖစ္ေၾကာင္း ရဲမွဴးခ်ဳပ္က ေျပာဆုိပါတယ္။

            ဆယ္ဘီးကုန္တင္ယာဥ္ေမာင္းရဲ႕ အေျပာအရ ကုန္ေတြနဲ႕အတူ ယာဥ္ကုိေမာင္းေနစဥ္ သူ႕ ယာဥ္ေနာက္ပုိင္းကုိ အျခားယာဥ္တစ္စီးက ၀င္တုိက္လုိက္တဲ့ အသံၾကားခဲ့ရေၾကာင္း၊ ဒါေၾကာင့္ ကားကုိရပ္ကာ သြားေရာက္စစ္ေဆးရာမွာ အျဖစ္အပ်က္ကုိသိရွိခဲ့ၿပီး ရဲထံ ဖုန္းဆက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဗင္ကားေနာက္က ပါလာတဲ့ လူငါးဦးပါ အိမ္စီးကားတစ္စီးရဲ႕ ဒရုိင္ဘာဟာ ေရွ႕က ယာဥ္တုိက္မႈျဖစ္စဥ္ကုိ ေကြ႕ေရွာင္ရာမွ အရွိန္မထိန္းႏုိင္ဘဲ လမ္းလယ္ကြန္ကရစ္တုံးကုိ ၀င္တုိက္မိခဲ့ေၾကာင္းလည္း သိရပါတယ္။ ဆြမ္ခ်ဳိင္းလုိ ့သိရတဲ့ ယင္း ကားဒရုိင္က ေျပာဆုိရာမွာ သူ႕ဇနီး၊ ကေလးသုံးဦးတုိ ့နဲ႕အတူ ခ်င္းမုိင္ကေန ဘန္ေကာက္ကုိ ေရႊ႕ေျပာင္းလာခဲ့ၾကတာျဖစ္ၿပီး ယခုျဖစ္စဥ္ေၾကာင့္ သူ႕ဇနီးနဲ႕ ကေလးသုံးဦး ဒဏ္ရာရခဲ့တယ္လုိ ့ ဆုိပါတယ္။

                  ယခုျဖစ္ဟာ သီတင္းႏွစ္ပတ္အတြင္း သက္ေမြးပညာရပ္ဆုိင္ရာ ေက်ာင္းသားေတြပါ၀င္တဲ့ ဒုတိယေျမာက္ ယာဥ္တုိက္မႈျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန ့က ဆီဆာကက္မွာ ဆီဆာကက္နည္းပညာေကာလိပ္ေက်ာင္းသားေတြ လုိက္ပါလာတဲ့ ပစ္ကပ္ထရပ္ကားတစ္စီး အရွိန္လြန္ တိမ္းေမွာက္ခဲ့တာေၾကာင့္ ေက်ာင္းသား ၁၃ ဦး ေသဆုံးခဲ့ပါတယ္။

ဘန္ေကာက္ပုိ ့စ္

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။