Skip to main content
ဇနီးဖြစ်သူအား ရိုက်နှက်နေသည့်ခင်ပွန်းကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Ads Block

ဇနီးဖြစ်သူအား ရိုက်နှက်နေသည့်ခင်ပွန်းကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

ဇနီးဖြစ်သူကို အရက်မူးယစ်ပြီးရိုက်နှက်နေသောခင်ပွန်းက လာရောက်တားဆီးသည့်ရဲတပ်ဖွဲ့ဝင်များကိုပါ ပြန်လည်ရန်ပြုသောကြောင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရမှု ခရမ်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ နလူးစုကျေးရွာနေ မင်းဇော်ဆိုသူသည် အောက်တိုဘာလ ၇ ရက်၊ ည ၉ နာရီခန့်က နေအိမ်၌ အမျိုးသမီး ၁ ဦးအား ရိုက်နှက်နေကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်သေများနှင့်အတူ မင်းဇော်၏နေအိမ်သို့ သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့သွားရောက်စဉ် အရက်သေစာသောက်စားမူးယစ်နေသော မင်းဇော်၊ (၄၂) နှစ်မှ ရဲတပ်ဖွဲ့ဝင်များအား လေးခွဖြင့် ပစ်ခတ်ပြီး အရိုးအသွား ၉ လက်မခန့်ရှိ ဓားဖြင့်ထိုးရန် နေအိမ်ပေါ်မှပြေးဆင်းလာသဖြင့် သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိတာကတော့ သူ့အိမ်မှာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတယ်ဆိုလို့ သွားရောက်ခဲ့တယ်။ ပတ်ဝန်းကျင်ကို မေးကြည့်တော့ သူ့ဇနီးလို့သိရတယ်။ ဒါပေမဲ့ ပေါင်းလိုက်၊ မပေါင်းလိုက်နဲ့ တရားဝင် ကွာရှင်းတာတော့ မရှိသေးဘူးလို့ သိရတယ်” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုကြောင့် မင်းဇော်တွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ခရမ်းပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဇော်(ဖမ်းမိ)ကို ခရမ်းမြို့မရဲစခန်း၌ (ပ)၉၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၅၃ (တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

ဇနီးျဖစ္သူအား ရိုက္ႏွက္ေနသည့္ခင္ပြန္းကို ရဲတပ္ဖြဲ႔က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရ

ဇနီးျဖစ္သူကို အရက္မူးယစ္ၿပီးရိုက္ႏွက္ေနေသာခင္ပြန္းက လာေရာက္တားဆီးသည့္ရဲတပ္ဖြဲ႔ဝင္မ်ားကိုပါ ျပန္လည္ရန္ျပဳေသာေၾကာင့္ ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီးခဲ့ရမႈ ခရမ္းၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕နယ္၊ နလူးစုေက်း႐ြာေန မင္းေဇာ္ဆိုသူသည္ ေအာက္တိုဘာလ ၇ ရက္၊ ည ၉ နာရီခန္႔က ေနအိမ္၌ အမ်ဳိးသမီး ၁ ဦးအား ႐ိုက္ႏွက္ေနေၾကာင္း သတင္းအရ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက သက္ေသမ်ားႏွင့္အတူ မင္းေဇာ္၏ေနအိမ္သို႔ သြားေရာက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထိုသို႔သြားေရာက္စဥ္ အရက္ေသစာေသာက္စားမူးယစ္ေနေသာ မင္းေဇာ္၊ (၄၂) ႏွစ္မွ ရဲတပ္ဖြဲ႔ဝင္မ်ားအား ေလးခြျဖင့္ ပစ္ခတ္ၿပီး အ႐ိုးအသြား ၉ လက္မခန႔္ရွိ ဓားျဖင့္ထိုးရန္ ေနအိမ္ေပၚမွေျပးဆင္းလာသျဖင့္ ေသနတ္ျဖင့္ ၁ ခ်က္ သတိေပးပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔သိတာကေတာ့ သူ႔အိမ္မွာ အမ်ဳိးသမီးတစ္ဦးကို ရိုက္ႏွက္ေနတယ္ဆိုလို႔ သြားေရာက္ခဲ့တယ္။ ပတ္ဝန္းက်င္ကို ေမးၾကည့္ေတာ့ သူ႔ဇနီးလို႔သိရတယ္။ ဒါေပမဲ့ ေပါင္းလိုက္၊ မေပါင္းလိုက္နဲ႔ တရားဝင္ ကြာရွင္းတာေတာ့ မရွိေသးဘူးလို႔ သိရတယ္” ဟု ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ မင္းေဇာ္တြင္ ယာလက္ေမာင္း က်ည္ေဖာက္ဝင္ဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့သျဖင့္ ခရမ္းျပည္သူ႔ေဆး႐ုံမွတစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကုသေနေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မင္းေဇာ္(ဖမ္းမိ)ကို ခရမ္းၿမိဳ႕မရဲစခန္း၌ (ပ)၉၃၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၅၃ (တာဝန္ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္းအား ဟန႔္တားရန္ လက္ေရာက္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။