Skip to main content
မြစ်ထဲမှာ ဆဲလ်ဖီရိုက်တဲ့ အိန္ဒိယ မိသားစုဝင်လေးဦး ရေနစ်သေဆုံး  
Ads Block

မြစ်ထဲမှာ ဆဲလ်ဖီရိုက်တဲ့ အိန္ဒိယ မိသားစုဝင်လေးဦး ရေနစ်သေဆုံး  

               အိန္ဒိယနိုင်ငံတောင်ပိုင်းက ရေစီးသန်တဲ့မြစ်တစ်ခုမှာ ဆဲလ်ဖီရိုက်နေကြရင်း ပူပူနွေးနွေး လက်ထပ်ပြီးစ အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင် လေးဦး ရေစီးကြောင်းထဲမျောပါကာ ရေနစ် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့(အောက်တိုဘာ ၇) မှာ ပြောဆိုခဲ့ပါတယ်။

                  လူ ၆ ဦးပါ ၎င်းတို့အဖွဲ့ဟာ လက်တွေဆုပ်ကိုင်ထားကြရင်း ခါးလယ်လောက်ရှိတဲ့ ရေထဲမှာ ဆဲလ်ဖီရိုက်နေခဲ့တာဖြစ်ပြီး ယင်းတို့ထဲက အမျိုးသမီးတစ်ဦးဟာ ရုတ်တရက် စောက်ဖြစ်နေတဲ့ မြစ်ကြမ်းပြင်ဘက်ခြေချော်ကျသွားခဲ့ကာ သူမနဲ့အတူ လက်တွဲထားတဲ့ အခြားသူတွေပါ ရေစီးထဲပါသွား ခဲ့တာဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက AFP သတင်းကို ပြောခဲ့ပါတယ်။ လက်ထပ်ပြီးခါစ အမျိုးသမီးရဲ့ ခင်ပွန်းဟာ အမျိုးသမီးတစ်ဦးကိုတော့ ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ဇနီးနဲ့ ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် ကျန်တဲ့သူတွေကတော့ ရေနစ်သေဆုံးခဲ့ရကြောင်း Press Trust of India သတင်းမှာ ဖော်ပြပါတယ်။

                 ဆိုရှယ်မီဒီယာကို စွဲလန်းနေတဲ့ လူငယ်တွေဟာ အန္တရာယ်များတဲ့အနေအထား၊ မကြောက်မရွံ့ လုပ်ရဲကိုင်ရဲရှိတဲ့ မြင်ကွင်းအနေအထား ဆဲလ်ဖီပုံတွေ ရရှိဖို့အတွက် အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ဖြစ်နေကြကြောင်း ကျွမ်းကျင်သူတွေက သတိပေးခဲ့ပါတယ်။

             မေလအတွင်းက ဟာယန်နာပြည်နယ်မှာ မီးရထားသံလမ်းပေါ် ဓါတ်ပုံရိုက်နေကြတဲ့ ဆယ်ကျော်သက် သုံးဦးဟာ ရထားလာချိန်မှာ ဒုတိယမြောက် သံလမ်းတစ်ခုပေါ် ခုန်ကူးခဲ့ကြပေမယ့် ယင်း သံလမ်းမှာလည်း ရထားတစ်စီးလာနေခဲ့တာကို သတိမပြုမိခဲ့တာကြောင့် ရထားနဲ့ကြိတ် သေဆုံးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်က နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ ရထားသံလမ်းတံတားတစ်စင်းပေါ် ဆဲလ်ဖီရိုက်ခဲ့ကြတဲ့ ကျောင်းသားသုံးဦး အဝေးပြေးရထားတစ်စီးနဲ့တိုက်မိကာ သေဆုံးခဲ့ပါတယ်။ ယင်းနှစ်မှာပဲ သြရိသျှပြည်နယ်မှာ ဆင်နဲ့ ဆလ်ဖီရိုက်ဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ဆင်က နှာမောင်းနဲ့ ရစ် နင်းသတ်မှုဖြစ်ခဲ့ပါတယ်။

               အိန္ဒိယ ဆေးသိပ္ပံပညာဌာနမှ သုတေသီတွေရဲ့ ပြီးခဲ့တဲ့နှစ်က လေ့လာတွေ့ရှိချက်အရ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား ကမ္ဘာတဝန်း ဆဲလ်ဖီရိုက်ရင်းသေဆုံးရသူ ၂၅၉ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။ 

The Straits Times

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ျမစ္ထဲမွာ ဆဲလ္ဖီရုိက္တဲ့ အိႏၵိယ မိသားစု၀င္ေလးဦး ေရနစ္ေသဆုံး  

               အိႏၵိယႏုိင္ငံေတာင္ပုိင္းက ေရစီးသန္တဲ့ျမစ္တစ္ခုမွာ ဆဲလ္ဖီရုိက္ေနၾကရင္း ပူပူေႏြးေႏြး လက္ထပ္ၿပီးစ အမ်ဳိးသမီးတစ္ဦးအပါအ၀င္ မိသားစု၀င္ ေလးဦး ေရစီးေၾကာင္းထဲေမ်ာပါကာ ေရနစ္ ေသဆုံးခဲ့ရေၾကာင္း ရဲတပ္ဖြြဲ႕က တနလၤာေန ့(ေအာက္တုိဘာ ၇) မွာ ေျပာဆုိခဲ့ပါတယ္။

                  လူ ၆ ဦးပါ ၄င္းတုိ ့အဖြဲ႕ဟာ လက္ေတြဆုပ္ကုိင္ထားၾကရင္း ခါးလယ္ေလာက္ရွိတဲ့ ေရထဲမွာ ဆဲလ္ဖီရုိက္ေနခဲ့တာျဖစ္ၿပီး ယင္းတုိ ့ထဲက အမ်ဳိးသမီးတစ္ဦးဟာ ရုတ္တရက္ ေစာက္ျဖစ္ေနတဲ့ ျမစ္ၾကမ္းျပင္ဘက္ေျခေခ်ာ္က်သြားခဲ့ကာ သူမနဲ႕အတူ လက္တြဲထားတဲ့ အျခားသူေတြပါ ေရစီးထဲပါသြား ခဲ့တာျဖစ္ေၾကာင္း ေဒသဆုိင္ရာ ရဲအရာရွိတစ္ဦးက AFP သတင္းကုိ ေျပာခဲ့ပါတယ္။ လက္ထပ္ၿပီးခါစ အမ်ဳိးသမီးရဲ႕ ခင္ပြန္းဟာ အမ်ဳိးသမီးတစ္ဦးကုိေတာ့ ကယ္တင္ႏုိင္ခဲ့ေပမယ့္ သူ႕ဇနီးနဲ႕ ၁၄ ႏွစ္အရြယ္ ေယာက္်ားေလးတစ္ဦးအပါအ၀င္ က်န္တဲ့သူေတြကေတာ့ ေရနစ္ေသဆုံးခဲ့ရေၾကာင္း Press Trust of India သတင္းမွာ ေဖာ္ျပပါတယ္။

                 ဆုိရွယ္မီဒီယာကုိ စြဲလန္းေနတဲ့ လူငယ္ေတြဟာ အႏၱရာယ္မ်ားတဲ့အေနအထား၊ မေၾကာက္မရြံ႕ လုပ္ရဲကုိင္ရဲရွိတဲ့ ျမင္ကြင္းအေနအထား ဆဲလ္ဖီပုံေတြ ရရွိဖုိ ့အတြက္ အသက္အႏၱရာယ္ကုိ ဂရုမစုိက္ဘဲ ျဖစ္ေနၾကေၾကာင္း ကၽြမ္းက်င္သူေတြက သတိေပးခဲ့ပါတယ္။

             ေမလအတြင္းက ဟာယန္နာျပည္နယ္မွာ မီးရထားသံလမ္းေပၚ ဓါတ္ပုံရုိက္ေနၾကတဲ့ ဆယ္ေက်ာ္သက္ သုံးဦးဟာ ရထားလာခ်ိန္မွာ ဒုတိယေျမာက္ သံလမ္းတစ္ခုေပၚ ခုန္ကူးခဲ့ၾကေပမယ့္ ယင္း သံလမ္းမွာလည္း ရထားတစ္စီးလာေနခဲ့တာကုိ သတိမျပဳမိခဲ့တာေၾကာင့္ ရထားနဲ႕ႀကိတ္ ေသဆုံးခဲ့ၾကပါတယ္။ ဒါ့အျပင္ ၂၀၁၇ ခုႏွစ္က ႏုိင္ငံေတာင္ပုိင္း ကာနာတာကာျပည္နယ္မွာ ရထားသံလမ္းတံတားတစ္စင္းေပၚ ဆဲလ္ဖီရုိက္ခဲ့ၾကတဲ့ ေက်ာင္းသားသုံးဦး အေ၀းေျပးရထားတစ္စီးနဲ႕တုိက္မိကာ ေသဆုံးခဲ့ပါတယ္။ ယင္းႏွစ္မွာပဲ ၾသရိသွ်ျပည္နယ္မွာ ဆင္နဲ႕ ဆလ္ဖီရုိက္ဖုိ ့ႀကိဳးစားတဲ့ အမ်ဳိးသားတစ္ဦးကုိ ဆင္က ႏွာေမာင္းနဲ႕ ရစ္ နင္းသတ္မႈျဖစ္ခဲ့ပါတယ္။

               အိႏၵိယ ေဆးသိပၸံပညာဌာနမွ သုေတသီေတြရဲ႕ ၿပီးခဲ့တဲ့ႏွစ္က ေလ့လာေတြ႕ရွိခ်က္အရ ၂၀၁၁ ခုႏွစ္နဲ႕ ၂၀၁၇ ခုႏွစ္အၾကား ကမာၻတ၀န္း ဆဲလ္ဖီရုိက္ရင္းေသဆုံးရသူ ၂၅၉ ေယာက္ရွိခဲ့ေၾကာင္း သိရပါတယ္။

The Straits Times

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။