Skip to main content
ရုရှား၏ နောက်ဆုံးမျိုးဆက် SU-57 ဂျက်တိုက်လေယာဉ်များဝယ်ယူသည့် ပထမဆုံးပြည်ပဖောက်သည်မှာ မြန်မာဖြစ်လာကြောင်း သတင်းထွက်ပေါ်
Ads Block

ရုရှား၏ နောက်ဆုံးမျိုးဆက် SU-57 ဂျက်တိုက်လေယာဉ်များဝယ်ယူသည့် ပထမဆုံးပြည်ပဖောက်သည်မှာ မြန်မာဖြစ်လာကြောင်း သတင်းထွက်ပေါ်

၂ဝ၁၉ ခုနှစ်တစ်လျှောက်လုံး ရုရှား၏ နောက်ဆုံးမျိုးဆက်သာလွန်စွမ်းရည်မြင့် Su-57 ဂျက်တိုက်လေယာဉ် တည်ဆောက်ပေးရန် အမှာစာများ ထူးခြားစွာတိုးတက်ရရှိခဲ့ရာ ၂၀၂၅ ခုနှစ်တွင် အသင့်သုံး အစီး ၇ဝ လွှဲပြောင်း ပေးရေးအတွက် ၂ဝ၁၉ ဇူလိုင်မှ စတင်၍ကာ အများအပြားထုတ်လုပ်ခဲ့ကြောင်း Military Watch မဂ္ဂဇင်း က ယနေ့ရေးသားသည်။

ရုရှား၏ နောက်ဆုံးမျိုးဆက် SU-57 ဂျက်တိုက်လေယာဉ်များဝယ်ယူသည့် ပထမဆုံးပြည်ပဖောက်သည်မှာ မြန်မာဖြစ်လာကြောင်း သတင်းထွက်ပေါ်

Su-57 ဂျက်တိုက်လေယာဉ်၏ ပြိုင်ဘက်ကင်းသောစွမ်းရည်ကို တရုတ်၊ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယကဲ့သို့ အဓိကဖောက်သည်များအပြင် တူရကီအပါအဝင်နိုင်ငံအများအပြားက အထူးစိတ်ပါဝင်စား လျှက်ရှိသည်။ ရေကြောင်းသုံးရန်ကဲ့သို့ သုံးစွဲမည့်တိုက်ခိုက်ရေးပုံစံအလိုက် သင့်လျော်သော လက်နက် တပ်ဆင်ပေးရန် ဆန္ဒရှိကြသည်။ အိန္ဒိယ၊ ဗီယက်နမ်တိုနှင့် ဆွေးနွေးညှိနှိုင်းဆဲတွင် ဂျက်တိုက်လေယာဉ်များ ဝယ်ယူသည့် အဓိက ဖောက်သည်သစ်အဖြစ် မမျှော်လင့်ပဲ အရှေ့တောင်အာရှမှ ထွက်ပေါ်သွားခဲ့ရာ “ မြန်မာ့လေတပ်မတော် “ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သတင်းနှင့်ဖြစ်နိုင်ခြေပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်က မြန်မာ-ရုရှား နှစ်နိုင်ငံကာကွယ်ရေးပေါင်းကူးမှုမှာ လျင်မြန်စွာတိုးတက်လျက်ရှိကြောင်း မှတ်ချက်ထွက်ပေါ်သည်ဟု ဆိုသည်။

မြန်မာ့လေတပ်မတော်သည် ရုရှားလုပ် မူကွဲပုံစံဟောင်း အလတ်တန်းအလေးချိန် MiG-29 ဘက်စုံသုံး ဂျက်တိုက် လေယာဉ်များကို အဓိကသုံးစွဲလျက်ပြီး တတိယမျိုးဆက် တရုတ်လုပ် J-7 နှင့် စတုတ္ထမျိုးဆက် JF-17 တို့ အားဖြည့် ထားရာမှ ယခု ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်များဖြည့်စွက်မည် ဖြစ်သည်။

မြန်မာ့လေတပ်မတော်ခေတ်မီရေး အစီအစဉ်တွင် ကုန်ကျစရိတ်များသော ဟဲဗီးဝိတ်တိုက်ခိုက်ရေးလေယာဉ်များ အရေအတွက်မှာ မှန်းဆရန်ခက်ခဲသည်။ ၂ဝ၁၈ ခုနှစ်တွင် စတုတ္ထမျိုးဆက်လွန် 4+ Su-30SM Flankers ၆ စီး မှာယူခဲ့ပြီး နောက်ထပ်အများအပြား မှာယူခဲ့ကြောင်း သတင်းထွက်ပေါ်သည်။

Su-30 များမှာ အိမ်နီးချင်းခေတ်မီသာလွန်စွမ်းရည်ဂျက်တိုက်လေယာဉ်တို့နှင့် အသည်းအသန်ယှဉ်ပြိုင်ရန် အရေအတွက် များများလိုအပ်သည့် အားနည်းချက်ကို မြန်မာ (လေ) တပ်မတော် ရင်ဆိုင်ရပုံပေါ်သည်။

Su-57 များသည် ဝေဟင်တိုက်ပွဲဝင်စွမ်းရည်၌ ကမ္ဘာအဝန်းတိုက်လေယာဉ်များတွင် အရေအတွက်အနည်းငယ်နှင့်ပင် နိုင်ငံ့ကာကွယ်ရေးအင်အားအတွက် အားထားရလောက်သည်ဟု လက်ခံထားကြရသည်။

ယခင်က မြန်မာတွင် သာလွန်စွမ်းရည်မြင့် ဂျက်တိုက်လေယာဉ်များ မောင်းနှင်ထိန်းသိမ်းခဲ့ဖူးခြင်းမရှိချေ။ Su-57 များအတွက် ပြုပြင်ထိန်းသိမ်းရေး အခြေခံအဆောက်အအုံများနှင့် မောင်းနှင်ရေး လေ့ကျင့်ပေးရန်လိုအပ်မည် ဖြစ်သည်။ Su-30 ဂျက်တိုက်လေယာဉ်များထုတ်လုပ်စဉ် မြန်မာအတွက် စတင်နေခဲ့ပြီးဖြစ်ရာ ၎င်းပြီးစီးချိန်တွင် Su-57 များကဏ္ဍအလှည့် ဖြစ်လာဖွယ်ရှိသည်။

စတုတ္ထမျိုးဆက်လွန် 4+ ဂျက်တိုက်လေယာဉ်များသည် ထိုင်ခုံ ၂ လုံးတပ်ဆင်ထားသည့်အတွက် အကျယ်အဝန်း နေရာယူမှုရှိသည်။ Su-57 များတွင် ထိုင်ခုံတစ်လုံးတည်းမှ ထိန်းသိမ်းမောင်းနှင် တိုက်ပွဲဝင်နိုင်သည်။ အိန္ဒိယကမူ ၎င်းတို့ (လေ) တပ်မတော်အတွက် ထိုင်ခုံ ၂ လုံးဖြင့် အထူးတည်ဆောက်ပေးရန် ဆန္ဒရှိသည်ဟု ဆိုသည်။

မြန်မာသည် အထူးသဖြင့် Su-30 နှင့် Su-57 မောင်းနှင်ရေး ဖွံ့ဖြိုးစေရန် Yak-130 ထိုင်ခုံ ၂ လုံးပါ အမောင်းသင်ဂျက် တိုက်လေယာဉ် ၁၂ စီး ဝယ်ယူခဲ့ဖူးသည်။ ဈေးနှုန်းအနေဖြင့် Su-57 က Su-30SM ထက် ၄ဝ ရာနှုန်း ပိုများ သော်လည်း အလွန်ထူးခြားစွာခြားနားပြီး ရင်းနှီးရကျိုးနပ်ကြောင်း သိရှိရသည်။ တိုက်ပွဲဝင်စွမ်းရည်ပိုင်းတွင် ဂျက်တိုက်လေယာဉ် ၁၂ စီးအောက်ခန့်နှင့် နှိုင်းယှဉ် အစားထိုးနိုင်သည့် Su-57 များပိုင်ဆိုင်သူ ပြည်ပနိုင်ငံမှာ မြန်မာဖြစ်လာကြောင်း သတင်း၌ ဖော်ပြသည်။

HtayOung, (အကုန်သိ သတင်းဌာန)

Zawgyi Version

ရုရွား၏ ေနာက္ဆံုးမ်ိဳးဆက္ SU-57 ဂ်က္တိုက္ေလယာဥ္မ်ား၀ယ္ယူသည့္ ပထမဆံုးျပည္ပေဖာက္သည္မွာ ျမန္မာျဖစ္လာေၾကာင္း သတင္းထြက္ေပၚ
 

၂ဝ၁၉ ခုႏွစ္တစ္ေလွ်ာက္လံုး ရုရွား၏ ေနာက္ဆံုးမ်ိဳးဆက္သာလြန္စြမ္းရည္ျမင့္ Su-57 ဂ်က္တိုက္ေလယာဥ္ တည္ေဆာက္ေပးရန္ အမွာစာမ်ား ထူးျခားစြာတိုးတက္ရရွိခဲ့ရာ ၂၀၂၅ ခုႏွစ္တြင္ အသင့္သံုး အစီး ၇ဝ လႊဲေျပာင္း ေပးေရးအတြက္ ၂ဝ၁၉ ဇူလိုင္မွ စတင္၍ကာ အမ်ားအျပားထုတ္လုပ္ခဲ့ေၾကာင္း Military Watch မဂၢဇင္း က ယေန႔ေရးသားသည္။

Su-57 ဂ်က္တိုက္ေလယာဥ္၏ ျပိဳင္ဘက္ကင္းေသာစြမ္းရည္ကို တရုတ္၊ အယ္လ္ဂ်ီးရီးယား၊ ဗီယက္နမ္ႏွင့္ အိႏၵိယကဲ့သို႔ အဓိကေဖာက္သည္မ်ားအျပင္ တူရကီအပါအ၀င္ႏိုင္ငံအမ်ားအျပားက အထူးစိတ္ပါ၀င္စား လွ်က္ရွိသည္။ ေရေၾကာင္းသံုးရန္ကဲ့သို႔ သံုးစြဲမည့္တိုက္ခိုက္ေရးပံုစံအလိုက္ သင့္ေလ်ာ္ေသာ လက္နက္ တပ္ဆင္ေပးရန္ ဆႏၵရွိၾကသည္။ အိႏၵိယ၊ ဗီယက္နမ္တိုႏွင့္ ေဆြးေႏြးညွိႏွုိင္းဆဲတြင္ ဂ်က္တိုက္ေလယာဥ္မ်ား ၀ယ္ယူသည့္ အဓိက ေဖာက္သည္သစ္အျဖစ္ မေမွ်ာ္လင့္ပဲ အေရွ႔ေတာင္အာရွမွ ထြက္ေပၚသြားခဲ့ရာ “ ျမန္မာ့ေလတပ္မေတာ္ “ ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါ သတင္းႏွင့္ျဖစ္ႏိုင္ေျခပတ္သက္၍ ရုရွားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ၾကီး ဦးကိုကိုရွိန္က ျမန္မာ-ရုရွား ႏွစ္ႏိုင္ငံကာကြယ္ေရးေပါင္းကူးမွဳမွာ လ်င္ျမန္စြာတိုးတက္လ်က္ရွိေၾကာင္း မွတ္ခ်က္ထြက္ေပၚသည္ဟု ဆိုသည္။

ျမန္မာ့ေလတပ္မေတာ္သည္ ရုရွားလုပ္ မူကြဲပံုစံေဟာင္း အလတ္တန္းအေလးခ်ိန္ MiG-29 ဘက္စံုသံုး ဂ်က္တိုက္ ေလယာဥ္မ်ားကို အဓိကသံုးစြဲလ်က္ၿပီး တတိယမ်ိဳးဆက္ တရုတ္လုပ္ J-7 ႏွင့္ စတုတၳမ်ိဳးဆက္ JF-17 တို႔ အားျဖည့္ ထားရာမွ ယခု ပဥၥမမ်ိဳးဆက္ ဂ်က္တိုက္ေလယာဥ္မ်ားျဖည့္စြက္မည္ ျဖစ္သည္။

ျမန္မာ့ေလတပ္မေတာ္ေခတ္မီေရး အစီအစဥ္တြင္ ကုန္က်စရိတ္မ်ားေသာ ဟဲဗီးဝိတ္တိုက္ခိုက္ေရးေလယာဥ္မ်ား အေရအတြက္မွာ မွန္းဆရန္ခက္ခဲသည္။ ၂ဝ၁၈ ခုႏွစ္တြင္ စတုတၳမ်ိဳးဆက္လြန္ 4+ Su-30SM Flankers ၆ စီး မွာယူခဲ့ျပီး ေနာက္ထပ္အမ်ားအျပား မွာယူခဲ့ေၾကာင္း သတင္းထြက္ေပၚသည္။

Su-30 မ်ားမွာ အိမ္နီးခ်င္းေခတ္မီသာလြန္စြမ္းရည္ဂ်က္တိုက္ေလယာဥ္တို႔ႏွင့္ အသည္းအသန္ယွဥ္ျပိဳင္ရန္ အေရအတြက္ မ်ားမ်ားလိုအပ္သည့္ အားနည္းခ်က္ကို ျမန္မာ (ေလ) တပ္မေတာ္ ရင္ဆိုင္ရပံုေပၚသည္။

Su-57 မ်ားသည္ ေဝဟင္တိုက္ပြဲ၀င္စြမ္းရည္၌ ကမၻာအဝန္းတိုက္ေလယာဥ္မ်ားတြင္ အေရအတြက္အနည္းငယ္ႏွင့္ပင္ ႏိုင္ငံ့ကာကြယ္ေရးအင္အားအတြက္ အားထားရေလာက္သည္ဟု လက္ခံထားၾကရသည္။

ယခင္က ျမန္မာတြင္ သာလြန္စြမ္းရည္ျမင့္ ဂ်က္တိုက္ေလယာဥ္မ်ား ေမာင္းႏွင္ထိန္းသိမ္းခဲ့ဖူးျခင္းမရွိေခ်။ Su-57 မ်ားအတြက္ ျပဳျပင္ထိန္းသိမ္းေရး အေျခခံအေဆာက္အအံုမ်ားႏွင့္ ေမာင္းႏွင္ေရး ေလ့က်င့္ေပးရန္လိုအပ္မည္ ျဖစ္သည္။ Su-30 ဂ်က္တိုက္ေလယာဥ္မ်ားထုတ္လုပ္စဥ္ ျမန္မာအတြက္ စတင္ေနခဲ့ျပီးျဖစ္ရာ ၄င္းျပီးစီးခ်ိန္တြင္ Su-57 မ်ားက႑အလွည့္ ျဖစ္လာဖြယ္ရွိသည္။

စတုတၳမ်ိဳးဆက္လြန္ 4+ ဂ်က္တိုက္ေလယာဥ္မ်ားသည္ ထိုင္ခံု ၂ လံုးတပ္ဆင္ထားသည့္အတြက္ အက်ယ္အဝန္း ေနရာယူမွဳရွိသည္။ Su-57 မ်ားတြင္ ထိုင္ခံုတစ္လံုးတည္းမွ ထိန္းသိမ္းေမာင္းႏွင္ တိုက္ပြဲဝင္ႏိုင္သည္။ အိႏၵိယကမူ ၄င္းတို႔ (ေလ) တပ္မေတာ္အတြက္ ထိုင္ခံု ၂ လံုးျဖင့္ အထူးတည္ေဆာက္ေပးရန္ ဆႏၵရွိသည္ဟု ဆိုသည္။

ျမန္မာသည္ အထူးသျဖင့္ Su-30 ႏွင့္ Su-57 ေမာင္းႏွင္ေရး ဖြ႔ံျဖိဳးေစရန္ Yak-130 ထိုင္ခံု ၂ လံုးပါ အေမာင္းသင္ဂ်က္ တိုက္ေလယာဥ္ ၁၂ စီး ဝယ္ယူခဲ့ဖူးသည္။ ေစ်းႏွဳန္းအေနျဖင့္ Su-57 က Su-30SM ထက္ ၄ဝ ရာႏွဳန္း ပိုမ်ား ေသာ္လည္း အလြန္ထူးျခားစြာျခားနားျပီး ရင္းႏွီးရက်ိဳးနပ္ေၾကာင္း သိရွိရသည္။ တိုက္ပြဲဝင္စြမ္းရည္ပိုင္းတြင္ ဂ်က္တိုက္ေလယာဥ္ ၁၂ စီးေအာက္ခန္႔ႏွင့္ ႏွိဳင္းယွဥ္ အစားထိုးႏိုင္သည့္ Su-57 မ်ားပိုင္ဆိုင္သူ ျပည္ပႏိုင္ငံမွာ ျမန္မာျဖစ္လာေၾကာင္း သတင္း၌ ေဖာ္ျပသည္။

HtayOung, (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။