Skip to main content
ဥရောပသည် ၂ဝ၁၅ ခုနှစ်ထက် ပိုမိုဆိုးရွားသော ဒုက္ခသည်အကြပ်အတည်း ချောက်ကမ်းပါး၌ ရောက်ရှိနေဟု ဂျာမန်ပြည်ထဲရေးဝန်ကြီး သတိပေး
Ads Block
ဥရောပသည် ၂ဝ၁၅ ခုနှစ်ထက် ပိုမိုဆိုးရွားသော ဒုက္ခသည်အကြပ်အတည်း ချောက်ကမ်းပါး၌ ရောက်ရှိနေဟု ဂျာမန်ပြည်ထဲရေးဝန်ကြီး သတိပေး
ဥရောပသည် ယခင်ကြုံဖူးသမျှထက် ပိုမိုဆိုးရွားသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်း လှိမ့်ဝင်လာခြင်းကို မကြာမီရင်ဆိုင်တွေ့ရတော့မည်ဖြစ်ကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီး ဟော့ဆီးဟိုဖာ က သတိပေးလိုက်ပြီး တူရကီနှင့် ဂရိတို့အား ကူညီကြရန်တောင်းဆိုလိုက်သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။
ဥရောပသည် ၂ဝ၁၅ ခုနှစ်ထက် ပိုမိုဆိုးရွားသော ဒုက္ခသည်အကြပ်အတည်း ချောက်ကမ်းပါး၌ ရောက်ရှိနေဟု ဂျာမန်ပြည်ထဲရေးဝန်ကြီး သတိပေး
မကြာသေးမီက ဂျာမန်ပြည်ထဲရေးဝန်ကြီး ဆီးဟိုဖာသည် အသစ်ခန့်အပ်ခြင်းခံရသူ ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တူရကီ-ဂရိသို့ သွားရောက် လေ့လာဆွေးနွေးခဲ့သူဖြစ်သည်။ ကြံ့ကြံ့ခံ၍ ပြဿနာဖြေရှင်းနိုင်ခြင်းမရှိလျှင် နောက်ထပ် ဒုက္ခသည်အကြပ်အတည်း ကြုံတွေ့နိုင်ကြောင်း၊ ဘာတစ်ခုမှ ထပ်ဖြစ်မလာရအောင် ကျွနု်ပ်တို့ ကြာမြင့်စွာ သီးခြား ပစ်ထားခဲ့ကြသည့် ဥရောပပြင်ပတံတိုင်းများဖြစ်သော တူရကီနှင့် ဂရိတို့အား ပိုမိုကူညီကြရမည်ဖြစ်ကြောင်း ဂျာမန် သတင်းစာ Bild am Sonntag နှင့်တွေ့ဆုံစဉ် ဆီးဟိုဖာ က ပြောကြားသည်။
ဂျာမန်ပြည်ထဲရေးအနေဖြင့် ယခင်ကလည်း ကူညီမည်ဖြစ်ကြောင်း အလားတူကတိပေးခဲ့ဖူးပြီး ထိရောက်သည့် အကောင်အထည်ဖော်မှု မတွေ့ခဲ့ရချေ။ ဂရိတို့၏ အမြင်တွင် ၎င်းတို့လိုအပ်သော အကူအညီကို ပြောပြထား သော်လည်း ဂျာမနီကစေလွှတ်သည့် လူဝင်မှုကြီး ကြပ်ရေးကိုယ်စားလှယ်ဆိုသူများမှာ ဒေသခံများအား ခိုလှုံ ခွင့်အဆိုပြုလွှာဖြည့်သွင်းနည်းနှင့် အချက်အလက်ကောက်ယူရေးသင်ကြားပေးရန်ကဲ့သို့ နယ်ခြားကာကွယ်ရေး အထောက်အကူပြုမျှသာရှိသည်ဟု ရှု့မြင်သည်။
တူရကီအနေဖြင့်မူ ၂ဝ၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂက ၎င်းတို့အား ကူညီမည်ဟု ကတိပေးခဲ့တာမျိုး နောက်ထပ် ရတော့မည်မဟုတ်ဟု ခံစားနားလည်နေသည်။ ယခင်ကတိတွင် ဂရိကမ်းခြေသို့ ဘုတ်များဖြင့် ဆိုက်ရောက်လာသော ဒုက္ခသည်များအား တူရကီက ခေါ်ယူရန်၊ တူရကီတွင် ရှိနှင့်ပြီးသား ဒုက္ခသည်အချို့အား ဥရောပနိုင်ငံများက တိုက်ရိုက်လက်ခံရန်ဖြစ်သည်။ ထိုအတွက် ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ရန်ဖြစ်သည်။
ထိုအတွက် ဒုက္ခသည်များလက်ခံထားရမည့် တူရကီအား အမေရိကန်ဒေါ်လာ ၆.၅ ဘီလျှံအကူအညီပေးရန် ဆုံးဖြတ်ခဲ့ရာ ၎င်းကိစ္စမျိုးတွင် ဂျာမနီတစ်နိုင်ငံတည်း သဘောနှင့်မဟုတ်ဟုဆိုသည်။
ဂရိနိုင်ငံသို့ ဆိုက်ရောက်လာမည့် ဒုက္ခသည်အရေအတွက်မှာ ပိုမိုလာလိမ့်မည်ဟု ဂျာမနီကမျှော်လင့်ထားသည်။ UNHCR ၏ သတင်းထုတ်ပြန်ချက်အရဆိုလျှင် လွန်ခဲ့သည့် ၉ လအတွင်း တူရကီဖက်မှ ဂရိသို့ ဖြတ်သန်း သွားကြသည့် ဒုက္ခသည်ဦးရေမှာ ၂ဝ၁၈ တစ်နှစ်လုံးထက် ပိုမိုများပြားနေသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ တူရကီမှ ဥရောပသို့ ဒုက္ခသည် ၄၆,ဝဝဝ ကျော် ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် ၂၃ ရာနှုန်းပိုများသည်။
လွန်ခဲ့သည့် စက်တင်ဘာလ၌မူ တူရကီက ၎င်းနယ်ခြားနှင့် ထိစပ်နေပြီး ကာ့ဒ်သူပုန် YPG စစ်သွေးကြွ များစိုးမိုးထားသည့် ဆီးရီးယားပိုင်နက်အတွင်း မိုင် ၂ဝ ခန့်ရှည်လျှားသော “ Safe Zone “ တည်ဆောက်ရေးမည်။ ဥရောပက မကူညီလျှင် ၎င်းနိုင်ငံရောက် ဒုက္ခသည်များကို ဂိတ်တံခါးဖွင့်ပြီး လွှတ်လိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ထားသည်။
၂ဝ၁၁ ခုနှစ် ဆီးရီးယားပဋိပက္ခစတင်ကတည်းက ဒုက္ခသည် ၃.၆ သန်းကို တူရကီက လက်ခံကျွေးမွေးထားရာ တူရကီအနေဖြင့် အမေရိကန်ဒေါ်လာ ၄ဝ ဘီလျှံ အိတ်စိုက်ခဲ့ပြီးဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက လုံလုံလောက်လောက် မထောက်ပံ့လျှင် ၎င်းနိုင်ငံရှိ ဒုက္ခသည်စခန်းများကို ဂိတ်တံခါးဖွင့်ကာ သွားချင်ရာ သွားကြဟု လွှတ်လိုက် ယုံသာရှိကြောင်း သမ္မတအာဒိုဂန်က ဥရောပသမဂ္ဂအား အတုံးလိုက် အတစ်လိုက် ပြစ်တင်ကြိမ်းမောင်းရင်း ခြိမ်းခြောက်ခဲ့သည်။
Htay Oung (အကုန်သိ သတင်းဌာန)
Zawgyi Version
ထိုအတွက် ဒုက္ခသည်များလက်ခံထားရမည့် တူရကီအား အမေရိကန်ဒေါ်လာ ၆.၅ ဘီလျှံအကူအညီပေးရန် ဆုံးဖြတ်ခဲ့ရာ ၄င်းကိစ္စမျိုးတွင် ဂျာမနီတစ်နိုင်ငံတည်း သဘောနှင့်မဟုတ်ဟုဆိုသည်။
လွန်ခဲ့သည့် စက်တင်ဘာလ၌မူ တူရကီက ၄င်းနယ်ခြားနှင့် ထိစပ်နေပြီး ကာ့ဒ်သူပုန် YPG စစ်သွေးကြွ များစိုးမိုးထားသည့် ဆီးရီးယားပိုင်နက်အတွင်း မိုင် ၂ဝ ခန့်ရှည်လျှားသော “ Safe Zone “ တည်ဆောက်ရေးမည်။ ဥရောပက မကူညီလျှင် ၄င်းနိုင်ငံရောက် ဒုက္ခသည်များကို ဂိတ်တံခါးဖွင့်ပြီး လွှတ်လိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ထားသည်။
၂ဝ၁၁ ခုနှစ် ဆီးရီးယားပဋိပက္ခစတင်ကတည်းက ဒုက္ခသည် ၃.၆ သန်းကို တူရကီက လက်ခံကျွေးမွေးထားရာ တူရကီအနေဖြင့် အမေရိကန်ဒေါ်လာ ၄ဝ ဘီလျှံ အိတ်စိုက်ခဲ့ပြီးဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက လုံလုံလောက်လောက် မထောက်ပံ့လျှင် ၄င်းနိုင်ငံရှိ ဒုက္ခသည်စခန်းများကို ဂိတ်တံခါးဖွင့်ကာ သွားချင်ရာ သွားကြဟု လွှတ်လိုက် ယုံသာရှိကြောင်း သမ္မတအာဒိုဂန်က ဥရောပသမဂ္ဂအား အတုံးလိုက် အတစ်လိုက် ပြစ်တင်ကြိမ်းမောင်းရင်း ခြိမ်းခြောက်ခဲ့သည်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။