Skip to main content
နီပေါ လွှတ်တော်ဥက္ကဋ္ဌဟောင်း မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ  
Ads Block

နီပေါ လွှတ်တော်ဥက္ကဋ္ဌဟောင်း မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ  

          သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း အမျိုးသမီး လွှတ်တော်ဝန်ထမ်းတစ်ဦးရဲ့  စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း နီပေါ ပါလီမန်ဥက္ကဋ္ဌဟောင်းကို ရဲက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

နီပေါ လွှတ်တော်ဥက္ကဋ္ဌဟောင်း မုဒိမ်းမှုဖြင့် ဖမ်းဆီးခံရ  

             ခရိုင်တရားရုံးက ဖမ်းမိန့်ပေးလိုက်ပြီးနောက်မှာ အောက်တိုဘာ ၆ ရက် ညပိုင်းက ရဲကားတစ်စီး ဥက္ကဋ္ဌဟောင်း ခရစ်ရှ်နာ ဘာဟာဒူအာ မာဟာရာရဲ နေအိမ်ကို ရောက်လာကာ ၎င်းကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြပါတယ်။ “အမှု စုံစမ်းစစ်ဆေးဖို့အတွက် မနေ့က သူ့ကို ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းလိုက်ပါတယ်” လို့ ခတ္တမန္ဒူရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေယမ်လာ့ဂါဝလီက ပြောဆိုပါတယ်။

           အာဏာရ နီပေါကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်ကာ မော်ဝါဒီသူပုန်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ မာဟာရာက သူ့အပေါ် စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပေမယ့် ကျူးလွန်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးက မီဒီယာကို အဖြစ်အပျက် အသေးစိတ်ထုတ်ပြောခဲ့အပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ပါလီမန် ဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။ ယခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွန်မြူနစ်အစိုးရဟာလည်း ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

             The hamrakura သတင်းဝက်ဘ်ဆိုက်တစ်ခုက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူး ဗီဒီယိုတစ်ခုမှာ အမျိုးသမီးက စက်တင်ဘာ ၂၉ ရက်နေ့က သူမ အိမ်ကို မာဟာရာ အရက်မူးပြီး ရောက်လာကြောင်း ယင်းနောက် သူမကို အရက်သောက်ဖို့ စည်းရုံးကာ အဓမ္မကျူးလွန်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

     သူမအနေနဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ကြောင်း၊ သူက မိမိအပေါ် အတင်းအကြပ် အင်အား သုံးခဲ့ကာ ရဲခေါ်လိုက်မယ်လို့ ပြောဆိုချိန်မှာ ထွက်သွားခဲ့ကြောင်း အင်တာဗျူးမှာ သူမက ပြောဆိုခဲ့ပါတယ်။ သူမက လက်မောင်း၊ လက်နဲ့ ခြေထောက်တွေက ဒဏ်ရာဒဏ်ချက်တွေကိုလည်း ပြသခဲ့ပါတယ်။

             ရဲတပ်ဖွဲ့က ပြောဆိုရာမှာတော့ အခင်းဖြစ်ညမှာ သူမအိမ်ကို သူတို့သွားရောက်ခဲ့ကြပေမယ့် ဖြစ်စဉ်ကို ချက်ချင်းအမှုဖွင့်တိုင်ကြားခဲ့ခြင်းတော့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးသူတွေက မာဟာရာ ပစ္စည်းတွေလို့ဆိုတဲ့ မျက်မှန်ကျိုး၊ ဝီစကီပုလင်းတို့ကို အထောက်အထားအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

      ဒါပေမဲ့လည်း ခြိမ်းခြောက် ဖိအားပေးမှုတွေ ကြုံလာရပြီးနောက်မှာ အမျိုးသမီးက အမှုဖွင့်ထားတာကို ပြန်ရုပ်သိမ်းသွားခဲ့တယ်လို့ မီဒီယာသတင်းတွေက ရေးပါတယ်။ ယင်းနောက် သောကြာနေ့မှသာ ယခင် တိုင်ချက်အတိုင်း အမှု ပြန်ဖွင့်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

          ယခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးရဲ့ စွပ်စွဲချက်တွေ မှန် မမှန် ဖော်ထုတ်ပေးဖို့ လူထုရဲ့ ပြင်းတန်တဲ့ ဖိအားပေးတောင်းဆိုမှုနဲ့ နီပေါအစိုးရ ရင်ဆိုင်နေရပါတယ်။

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

နီေပါ လႊတ္ေတာ္ဥကၠ႒ေဟာင္း မုဒိမ္းမႈျဖင့္ ဖမ္းဆီးခံရ  

          သူမကုိ မုဒိမ္းက်င့္ခဲ့ေၾကာင္း အမ်ဳိးသမီး လႊတ္ေတာ္၀န္ထမ္းတစ္ဦးရဲ႕  စြပ္စြဲခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ပုိင္း နီေပါ ပါလီမန္ဥကၠ႒ေဟာင္းကုိ ရဲက ဖမ္းဆီးလုိက္ေၾကာင္း သိရပါတယ္။

             ခရုိင္တရားရုံးက ဖမ္းမိန္ ့ေပးလုိက္ၿပီးေနာက္မွာ ေအာက္တုိဘာ ၆ ရက္ ညပုိင္းက ရဲကားတစ္စီး ဥကၠ႒ေဟာင္း ခရစ္ရွ္နာ ဘာဟာဒူအာ မာဟာရာရဲ ေနအိမ္ကုိ ေရာက္လာကာ ၄င္းကုိ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ၾကပါတယ္။ “အမႈ စုံစမ္းစစ္ေဆးဖုိ ့အတြက္ မေန ့က သူ႕ကုိ ဖမ္းဆီးေခၚေဆာင္ ထိန္းသိမ္းလုိက္ပါတယ္” လုိ ့ ခတၱမႏၵဴရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူ ေရွယမ္လာ့ဂါ၀လီက ေျပာဆုိပါတယ္။

           အာဏာရ နီေပါကြန္ျမဴနစ္ပါတီရဲ႕ ထိပ္တန္းအဖြဲ႕၀င္တစ္ဦးျဖစ္ကာ ေမာ္၀ါဒီသူပုန္ေဟာင္း တစ္ဦးလည္းျဖစ္တဲ့ မာဟာရာက သူ႕အေပၚ စြပ္စြဲခ်က္ကုိ ျငင္းဆုိခဲ့ေပမယ့္ က်ဴးလြန္ခံခဲ့ရတယ္ဆုိတဲ့ အမ်ဳိးသမီးက မီဒီယာကုိ အျဖစ္အပ်က္ အေသးစိတ္ထုတ္ေျပာခဲ့အၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မွာေတာ့ ပါလီမန္ ဥကၠ႒အျဖစ္ကေန ႏုတ္ထြက္ေပးခဲ့ရပါတယ္။ ယခု ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကြန္ျမဴနစ္အစုိးရဟာလည္း ျပင္းထန္တဲ့ ဖိအားေတြနဲ႕ ရင္ဆုိင္ေနခဲ့ရပါတယ္။

             The hamrakura သတင္း၀က္ဘ္ဆုိက္တစ္ခုက တနလၤာေန ့မွာ ထုတ္လႊင့္ခဲ့တဲ့ အင္တာဗ်ဴး ဗီဒီယုိတစ္ခုမွာ အမ်ဳိးသမီးက စက္တင္ဘာ ၂၉ ရက္ေန ့က သူမ အိမ္ကုိ မာဟာရာ အရက္မူးၿပီး ေရာက္လာေၾကာင္း ယင္းေနာက္ သူမကုိ အရက္ေသာက္ဖုိ ့ စည္းရုံးကာ အဓမၼက်ဴးလြန္ခဲ့တာျဖစ္ေၾကာင္း ေျပာဆုိထားခဲ့ပါတယ္။

     သူမအေနနဲ႕ ဒီလုိျဖစ္လာလိမ့္မယ္လုိ ့ မထင္ခဲ့ေၾကာင္း၊ သူက မိမိအေပၚ အတင္းအၾကပ္ အင္အား သုံးခဲ့ကာ ရဲေခၚလုိက္မယ္လုိ ့ ေျပာဆုိခ်ိန္မွာ ထြက္သြားခဲ့ေၾကာင္း အင္တာဗ်ဴးမွာ သူမက ေျပာဆုိခဲ့ပါတယ္။ သူမက လက္ေမာင္း၊ လက္နဲ႕ ေျခေထာက္ေတြက ဒဏ္ရာဒဏ္ခ်က္ေတြကုိလည္း ျပသခဲ့ပါတယ္။

             ရဲတပ္ဖြဲ႕က ေျပာဆုိရာမွာေတာ့ အခင္းျဖစ္ညမွာ သူမအိမ္ကုိ သူတုိ ့သြားေရာက္ခဲ့ၾကေပမယ့္ ျဖစ္စဥ္ကုိ ခ်က္ခ်င္းအမႈဖြင့္တုိင္ၾကားခဲ့ျခင္းေတာ့ မလုပ္ခဲ့ဘူးလုိ႕ ဆုိပါတယ္။ စုံစမ္းစစ္ေဆးသူေတြက မာဟာရာ ပစၥည္းေတြလုိ ့ဆုိတဲ့ မ်က္မွန္က်ဳိး၊ ၀ီစကီပုလင္းတုိ ့ကုိ အေထာက္အထားအျဖစ္ သိမ္းဆည္းခဲ့ပါတယ္။

      ဒါေပမဲ့လည္း ၿခိမ္းေျခာက္ ဖိအားေပးမႈေတြ ႀကဳံလာရၿပီးေနာက္မွာ အမ်ဳိးသမီးက အမႈဖြင့္ထားတာကုိ ျပန္ရုပ္သိမ္းသြားခဲ့တယ္လုိ ့ မီဒီယာသတင္းေတြက ေရးပါတယ္။ ယင္းေနာက္ ေသာၾကာေန ့မွသာ ယခင္ တုိင္ခ်က္အတုိင္း အမႈ ျပန္ဖြင့္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

          ယခု ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အမ်ဳိးသမီးရဲ႕ စြပ္စြဲခ်က္ေတြ မွန္ မမွန္ ေဖာ္ထုတ္ေပးဖုိ႕ လူထုရဲ႕ ျပင္းတန္တဲ့ ဖိအားေပးေတာင္းဆုိမႈနဲ႕ နီေပါအစုိးရ ရင္ဆုိင္ေနရပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။