Skip to main content
1MDB ငွေကြေးအရှုပ်တော်ပုံနဲ့ ဆက်နွယ်ကာ နာဂျစ်ညီအပါအဝင် အခြား လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီများစွာကို ဒဏ်ငွေချမှတ် 
Ads Block

1MDB ငွေကြေးအရှုပ်တော်ပုံနဲ့ ဆက်နွယ်ကာ နာဂျစ်ညီအပါအဝင် အခြား လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီများစွာကို ဒဏ်ငွေချမှတ် 

               နိုင်ငံတော် ရန်ပုံငွေအဖွဲ့အစည်း 1MDB ကနေ ငွေကြေးတွေ လက်ခံရယူခဲ့ကြတယ်လို့ စွပ်စွဲခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ညီဖြစ်သူ အပါအဝင် အခြား လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ အသီးသီးကို ဒဏ်ကြေးတွေချမှတ်လိုက်ကြောင်း မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် အကြီးအကဲက တနင်္လာနေ့(အောက်တိုဘာ ၇) မှာ ပြောဆိုပါတယ်။

            ၂၀၀၉ ခုနှစ်မှာ နာဂျစ်ကိုယ်တိုင် ထူထောင်ခဲ့တဲ့ 1Malaysia Development Berhad(1MDB) ရန်ပုံငွေတွေထဲကနေ အလွဲသုံးစားပြုခံခဲ့ရတဲ့ ပမာဏ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံလောက်အထိရှိကြောင်း မလေးရှားနဲ့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ပြောထားပါတယ်။

             ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ နာဂျစ်ဟာ 1MDB ကနေ ဒေါ်လာ ၁ ဘီလီယံ လောက် ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု၊ ငွေကြေးခဝါချမှု စွဲချက်ဒါဇင်ချီနဲ့ ရင်ဆိုင်နေရပါတယ်။ ၎င်းကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

             မလေးရှားနိုင်ငံ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်(MACC) အကြီးအကဲ လတ်ဟီဖာကိုယာက ကော်မရှင်အနေနဲ့ နာဂျစ်နဲ့ ဆက်နွယ်တဲ့ ဘဏ်အကောင့်တွေကတဆင့် ရန်ပုံငွေတွေလက်ခံရယူ ခဝါချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ လက်ခွဲကုမ္ပဏီတွေထံကနေ ရင်းဂစ် ၄၂၀ သန်း(ကန်ဒေါ်လာ ၁၀၀ သန်း) ပြန်လည်ရရှိနိုင်ဖို့ ရည်မှန်းထားကြောင်း ပြောဆိုပါတယ်။ ချမှတ်ထားတဲ့ ဒဏ်ကြေးတွေ ပေးဆောင်ကြဖို့ ပါဝင်ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးကို အကြောင်းကြားစာပို့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုကာ လက်ခံရယူခဲ့တဲ့ ငွေကြေးရဲ့ နှစ်ဆခွဲကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

             ဒဏ်ကြေးပေးဆောင်ရမယ့် လူပုဂ္ဂိုလ်တွေထဲမှာ မလေးရှားရဲ့ ဒုတိယအကြီးဆုံးဘဏ် CIMB ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး နာဂျစ်ရဲ့ ညီလည်းဖြစ်သူ နာဇီယာရာဇတ်၊ နိုင်ငံပိုင် စာအုန်းဆီအေဂျင်စီ Felda ရဲ့ ဥက္ကဋ္ဌဟောင်း ရှာ့ဟရီရာ အဗ္ဗဒူ ဆာမတ်လည်း ပါဝင်ကြောင်း သိရပါတယ်။ နာဇီယာဟာ 1MDB ကနေ ရင်းဂစ် ၂၅.၇ သန်းလက်ခံရရှိထားခဲ့ကြောင်း လတ်ဟီဖာက ပြောဆိုပါတယ်။

           ယခုကိစ္စနဲ့ ပတ်သက်ပြီး နာဇီယာရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြန်လည် မှတ်ချက်ပေးစရာမရှိသေးကြောင်း ပြောဆိုခဲ့ပြီး ရှာ့ဟရီယာကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ 

CNA

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

1MDB ေငြေၾကးအရႈပ္ေတာ္ပုံနဲ႕ ဆက္ႏြယ္ကာ နာဂ်စ္ညီအပါအ၀င္ အျခား လူပုဂၢဳိလ္နဲ႕ ကုမၸဏီမ်ားစြာကုိ ဒဏ္ေငြခ်မွတ္

               ႏုိင္ငံေတာ္ ရန္ပုံေငြအဖြဲ႕အစည္း 1MDB ကေန ေငြေၾကးေတြ လက္ခံရယူခဲ့ၾကတယ္လုိ ့ စြပ္စြဲခံထားရတဲ့ မေလးရွား၀န္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ရဲ႕ ညီျဖစ္သူ အပါအ၀င္ အျခား လူပုဂၢဳိလ္နဲ႕ ကုမၸဏီ အသီးသီးကုိ ဒဏ္ေၾကးေတြခ်မွတ္လုိက္ေၾကာင္း မေလးရွား ျခစားမႈတုိက္ဖ်က္ေရးေကာ္မရွင္ အႀကီးအကဲက တနလၤာေန ့(ေအာက္တုိဘာ ၇) မွာ ေျပာဆုိပါတယ္။

            ၂၀၀၉ ခုႏွစ္မွာ နာဂ်စ္ကုိယ္တုိင္ ထူေထာင္ခဲ့တဲ့ 1Malaysia Development Berhad(1MDB) ရန္ပုံေငြေတြထဲကေန အလြဲသုံးစားျပဳခံခဲ့ရတဲ့ ပမာဏ အေမရိကန္ေဒၚလာ ၄.၅ ဘီလီယံေလာက္အထိရွိေၾကာင္း မေလးရွားနဲ႕ အေမရိကန္ စုံစမ္းစစ္ေဆးသူေတြက ေျပာထားပါတယ္။

             ၿပီးခဲ့တဲ့ႏွစ္က အေထြေထြေရြးေကာက္ပြဲမွာ ရႈံးနိမ့္သြားခဲ့တဲ့ နာဂ်စ္ဟာ 1MDB ကေန ေဒၚလာ ၁ ဘီလီယံ ေလာက္ ရယူခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႕ ပတ္သက္ၿပီး လာဘ္စားမႈ၊ ေငြေၾကးခ၀ါခ်မႈ စြဲခ်က္ဒါဇင္ခ်ီနဲ႕ ရင္ဆုိင္ေနရပါတယ္။ ၄င္းကေတာ့ သူ႕မွာ အျပစ္မရွိေၾကာင္း ျငင္းဆုိထားပါတယ္။

             မေလးရွားႏုိင္ငံ ျခစားမႈတုိက္ဖ်က္ေရး ေကာ္မရွင္(MACC) အႀကီးအကဲ လတ္ဟီဖာကုိယာက ေကာ္မရွင္အေနနဲ႕ နာဂ်စ္နဲ႕ ဆက္ႏြယ္တဲ့ ဘဏ္အေကာင့္ေတြကတဆင့္ ရန္ပုံေငြေတြလက္ခံရယူ ခ၀ါခ်ခဲ့တယ္လုိ ့ စြပ္စြဲခံထားရတဲ့ လူပုဂၢဳိလ္ေတြနဲ႕ လက္ခြဲကုမၸဏီေတြထံကေန ရင္းဂစ္ ၄၂၀ သန္း(ကန္ေဒၚလာ ၁၀၀ သန္း) ျပန္လည္ရရွိႏုိင္ဖုိ ့ ရည္မွန္းထားေၾကာင္း ေျပာဆုိပါတယ္။ ခ်မွတ္ထားတဲ့ ဒဏ္ေၾကးေတြ ေပးေဆာင္ၾကဖုိ ့ ပါ၀င္ပတ္သက္တဲ့ လူပုဂၢဳိလ္ေတြနဲ႕ အဖြဲ႕အစည္းအသီးသီးကုိ အေၾကာင္းၾကားစာပုိ ့ထားၿပီးျဖစ္ေၾကာင္း ၄င္းက ေျပာဆုိကာ လက္ခံရယူခဲ့တဲ့ ေငြေၾကးရဲ႕ ႏွစ္ဆခြဲကုိ ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ရမွာျဖစ္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။

             ဒဏ္ေၾကးေပးေဆာင္ရမယ့္ လူပုဂၢဳိလ္ေတြထဲမွာ မေလးရွားရဲ႕ ဒုတိယအႀကီးဆုံးဘဏ္ CIMB ရဲ႕ ဥကၠ႒ေဟာင္းျဖစ္ၿပီး နာဂ်စ္ရဲ႕ ညီလည္းျဖစ္သူ နာဇီယာရာဇတ္၊ ႏုိင္ငံပုိင္ စာအုန္းဆီေအဂ်င္စီ Felda ရဲ႕ ဥကၠ႒ေဟာင္း ရွာ့ဟရီရာ အဗၺဒူ ဆာမတ္လည္း ပါ၀င္ေၾကာင္း သိရပါတယ္။ နာဇီယာဟာ 1MDB ကေန ရင္းဂစ္ ၂၅.၇ သန္းလက္ခံရရွိထားခဲ့ေၾကာင္း လတ္ဟီဖာက ေျပာဆုိပါတယ္။

           ယခုကိစၥနဲ႕ ပတ္သက္ၿပီး နာဇီယာရဲ႕ ေျပာေရးဆုိခြင့္ရွိသူက ျပန္လည္ မွတ္ခ်က္ေပးစရာမရွိေသးေၾကာင္း ေျပာဆုိခဲ့ၿပီး ရွာ့ဟရီယာကေတာ့ မွတ္ခ်က္ေပးဖုိ ့ ျငင္းဆန္ခဲ့ပါတယ္။

CNA

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။