Skip to main content
ကိုယ်ဝန်ဆောင်သည်များ ပက်လက်အနေအထားဖြင့် လုံးဝမအိပ်စက်သင့်ဟု ဆို
Ads Block

ကိုယ်ဝန်ဆောင်သည်များ ပက်လက်အနေအထားဖြင့် လုံးဝမအိပ်စက်သင့်ဟု ဆို

ကိုယ်ဝန်ဆောင်သည်များ ပလက်လက်အနေအထားဖြင့်အိပ်စက်ရန် လုံးဝမသင့်ကြောင်း မီးယပ်နှင့်သားဖွားဆရာဝန်ကြီးပါမောက္ခ ဒေါက်တာမြသီတာကပြောသည်။

ကိုယ်ဝန်ဆောင်များ ဆောင်ရန်၊ရှောင်ရန် အကြောင်းအရာများကိုအောက်တိုဘာလဆန်းတွင်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကိုယ်ဝန်မရှိခင် ခါးရိုးထဲမှာအဆစ်တွေ၊ ဘေးနားမှာအရွတ်တွေရှိတယ်။ အရွတ်တွေကြောင့် ခိုင်မြဲနေပေမဲ့ ကိုယ်ဝန်ရှိလာတဲ့အခါအဲဒီအရွတ်တွေကလျှော့ရဲလာတယ်။ အဲဒီအခါလှုပ်ရှားလိုက်တဲ့အခါ အဲဒီအရွတ်လေးတွေက အခန့်မသင့်ရင်နာသွားတတ်တယ်။ အဲဒါကတစ်ချက်။ နောက်တစ်ခါ ကိုယ်ဝန်က လရင့်လာရင်လည်း  ကိုယ်ဝန်ကရှေ့ကိုစူပြီးထွက်လာတယ်။ အဲဒါကိုဟန်ချက်ညီအောင် ခါးကကော့ထားရတယ်။ အထူးသဖြင့်ထိုင်တဲ့အချိန် မတ်တပ်ရပ်တဲ့အချိန်ဆိုကော့ရတယ်။ အဲဒီတော့ ကြာကြာထိုင်ရင်၊ ကြာကြာရပ်ရင် ခါးဆစ်ရိုးမှာသွားပြီးသက်ရောက်တာပေါ့။ အဲဒီတော့ကြာကြာထိုင်ရင်၊ ကြာကြာရပ်ရင်ခါးနာတတ်ပြန်တယ်။ အဲဒီတော့အိပ်ယာထဲမှာရော ပက်လက်အနေအထား ဘယ်လိုမှမအိပ်သင့်ဘူးပေါ့။ ဒါပေမဲ့တချို့တွေကမသိဘဲပက်လက်ကြီးတွေ ဆန့်ဆန့်အိပ်တယ်။ ဆန့်ဆန့်ကြီးအိပ်ရင် ခါးကြီးကကော့နေတယ်။ ခါးနောက်ကိုလက်ထည့်လိုက်ရင် လက်သီးစာတစ်ခု လွတ်နေတယ်။ အဲဒီလိုအိပ်ပြီးကော့နေရင် အိပ်ရာကနိုးရင်ခါးနာတတ်ပြန်တယ်” ဟု မီးယပ်နှင့်သားဖွားဆရာဝန်ကြီးပါမောက္ခ ဒေါက်တာမြသီတာကပြောသည်။

ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကိုယ်ဝန် ၃ လကျော်ပါကခါးနာတတ်ပြီး  ဘယ်ဘက်ကိုဘေးတစ်စောင်း အိပ်စက်ပါက အကောင်းမွန်ဆုံးအနေအထားဖြစ်ကြောင်း ကျန်းမာရေးသုတေသနရလဒ်များအရ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာရေးဝန်ထမ်းနှင့် အနည်းဆုံး ၄ ကြိမ်ပြသသင့်ကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ကုိယ္၀န္ေဆာင္သည္မ်ား ပက္လက္အေနအထားျဖင့္ လံုး၀မအိပ္စက္သင့္ဟု ဆို

ကုိယ္၀န္ေဆာင္သည္မ်ား ပလက္လက္အေနအထားျဖင့္အိပ္စက္ရန္ လံုး၀မသင့္ေၾကာင္း မီးယပ္ႏွင့္သားဖြားဆရာ၀န္ႀကီးပါေမာကၡ ေဒါက္တာျမသီတာကေျပာသည္။

ကုိယ္၀န္ေဆာင္မ်ား ေဆာင္ရန္၊ေရွာင္ရန္ အေၾကာင္းအရာမ်ားကုိေအာက္တုိဘာလဆန္းတြင္ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ကုိယ္၀န္မရွိခင္ ခါးရုိးထဲမွာအဆစ္ေတြ၊ ေဘးနားမွာအရြတ္ေတြရွိတယ္။ အရြတ္ေတြေၾကာင့္ ခုိင္ၿမဲေနေပမဲ့ ကုိယ္၀န္ရွိလာတဲ့အခါအဲဒီအရြတ္ေတြကေလွ်ာ့ရဲလာတယ္။ အဲဒီအခါလႈပ္ရွားလုိက္တဲ့အခါ အဲဒီအရြတ္ေလးေတြက အခန္႔မသင့္ရင္နာသြားတတ္တယ္။ အဲဒါကတစ္ခ်က္။ ေနာက္တစ္ခါ ကုိယ္၀န္က လရင့္လာရင္လည္း  ကုိယ္၀န္ကေရွ႕ကုိစူၿပီးထြက္လာတယ္။ အဲဒါကုိဟန္ခ်က္ညီေအာင္ ခါးကေကာ့ထားရတယ္။ အထူးသျဖင့္ထုိင္တဲ့အခ်ိန္ မတ္တပ္ရပ္တဲ့အခ်ိန္ဆုိေကာ့ရတယ္။ အဲဒီေတာ့ ၾကာၾကာထုိင္ရင္၊ ၾကာၾကာရပ္ရင္ ခါးဆစ္ရုိးမွာသြားၿပီးသက္ေရာက္တာေပါ့။ အဲဒီေတာ့ၾကာၾကာထုိင္ရင္၊ ၾကာၾကာရပ္ရင္ခါးနာတတ္ျပန္တယ္။ အဲဒီေတာ့အိပ္ယာထဲမွာေရာ ပက္လက္အေနအထား ဘယ္လုိမွမအိပ္သင့္ဘူးေပါ့။ ဒါေပမဲ့တခ်ိဳ႕ေတြကမသိဘဲပက္လက္ႀကီးေတြ ဆန္႔ဆန္႔အိပ္တယ္။ ဆန္႔ဆန္႔ႀကီးအိပ္ရင္ ခါးႀကီးကေကာ့ေနတယ္။ ခါးေနာက္ကုိလက္ထည့္လုိက္ရင္ လက္သီးစာတစ္ခု လြတ္ေနတယ္။ အဲဒီလုိအိပ္ၿပီးေကာ့ေနရင္ အိပ္ရာကႏုိးရင္ခါးနာတတ္ျပန္တယ္” ဟု မီးယပ္ႏွင့္သားဖြားဆရာ၀န္ႀကီးပါေမာကၡ ေဒါက္တာျမသီတာကေျပာသည္။

ကိုယ္၀န္ေဆာင္စဥ္ကာလတြင္ ကုိယ္၀န္ ၃ လေက်ာ္ပါကခါးနာတတ္ၿပီး  ဘယ္ဘက္ကုိေဘးတစ္ေစာင္း အိပ္စက္ပါက အေကာင္းမြန္ဆုံးအေနအထားျဖစ္ေၾကာင္း က်န္းမာေရးသုေတသနရလဒ္မ်ားအရ သိရသည္။

ကုိယ္၀န္ေဆာင္မိခင္မ်ားအေနျဖင့္ က်န္းမာေရး၀န္ထမ္းႏွင့္ အနည္းဆုံး ၄ ႀကိမ္ျပသသင့္ေၾကာင္း သိရသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။