Skip to main content
အီကွေဒေါတွင် အစိုးရ၏ လောင်စာဆီထောက်ပံ့မှု ဖျက်သိမ်းလိုက်ပြီးနောက် ကုန်ဈေးနှုန်းတွေ အပြိုင်တက်ခဲ့ကြတဲ့ ဈေးဆိုင်ရှင်များကို ဖမ်းဆီး 
Ads Block

အီကွေဒေါတွင် အစိုးရ၏ လောင်စာဆီထောက်ပံ့မှု ဖျက်သိမ်းလိုက်ပြီးနောက် ကုန်ဈေးနှုန်းတွေ အပြိုင်တက်ခဲ့ကြတဲ့ ဈေးဆိုင်ရှင်များကို ဖမ်းဆီး 

             အီကွေဒေါ သမ္မတ လီနင်မိုရီနိုရဲ့ ခြိုးခြံချွေတာရေး လမ်းစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လေးရက်မြောက်နေ့အဖြစ် တနင်္ဂနွေနေ့က တိုင်းရင်းသားလူမျိုးစုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ကြတဲ့ ဈေးဆိုင်ပိုင်ရှင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြပါတယ်။

အီကွေဒေါတွင် အစိုးရ၏ လောင်စာဆီထောက်ပံ့မှု ဖျက်သိမ်းလိုက်ပြီးနောက် ကုန်ဈေးနှုန်းတွေ အပြိုင်တက်ခဲ့ကြတဲ့ ဈေးဆိုင်ရှင်များကို ဖမ်းဆီး 

                 အလယ်ပိုင်း အဇူယေပြည်နယ်မှာတော့ ကားနဲ့တိုက်ခံရတဲ့ အမျိုးသားတစ်ဦးကို လာခေါ်နေတဲ့ အရေးပေါ်ယာဉ်တစ်စီး လမ်းတွေပိတ်ဆို့ထားမှုကြောင့် အချိန်မီမရောက်နိုင်ခဲ့ဘဲ လူနာသေဆုံးခဲ့ရပါတယ်။ ဒေသခံမီဒီယာတွေကတော့ သေဆုံးသူဟာ ဆန္ဒပြသူတစ်ဦးလို့ဆိုခဲ့ပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အီကွေဒေါတွင် အစိုးရ၏ လောင်စာဆီထောက်ပံ့မှု ဖျက်သိမ်းလိုက်ပြီးနောက် ကုန်ဈေးနှုန်းတွေ အပြိုင်တက်ခဲ့ကြတဲ့ ဈေးဆိုင်ရှင်များကို ဖမ်းဆီး 

                  သမ္မတ မိုရီနိုရဲ့ လောင်စာဆီထောက်ပံ့ပေးမှုအစီအစဉ် ဖျက်သိမ်းလိုက်တဲ့ ဖြစ်စဉ်ရဲ့ သွယ်ဝိုက်ရိုက်ခတ်မှုအဖြစ် စားသောက်ကုန်ဈေးနှုန်းတွေ တရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း အီကွေဒေါလူထုက မကျေမနပ်စောဒကတက်ခဲ့ကြပါတယ်။ သမ္မတရဲ့ လောင်စာဆီ ထောက်ပံ့မှုဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးဝါးဆုံး မငြိမ်သက်မှုတွေလည်း ပေါ်ပေါက်နေတာပါ။

            ဓါတ်ဆီဈေးတွေ မြင့်တက်သွားရတဲ့ အကြောင်းပြချက်နဲ့အတူ လူတိုင်းက ဈေးတွေ လိုက်တက် နေကြောင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကာမီလို ဆာလာဇာ အမည်ရ အသက် ၆၅ နှစ်အရွယ် ပင်စင်စား တစ်ဦးက ပြောဆိုပါတယ်။ ကမ်းရိုးတန်းမြို့ ဂူယာကွီရှိ ဈေးတစ်ဈေးမှာ ရက်အနည်းငယ်အတွင်း ဈေးနှုန်းတွေ သုံးဆလောက်အထိ တက်သွားကြောင်း ၎င်းက ပြောဆိုပါတယ်။

         ပြောင်းဖူး၊ ကြက်သွန်၊ မုန်လာဥ၊ အာလူးတို့အပါအဝင် စားသောက်ကုန်ပစ္စည်းတွေကို ဈေးမြှင့် ရောင်းခဲ့မှုအတွက် လူ ၂၀ ဦးကို ဖမ်းဆီးထားကြောင်း အစိုးရက ပြောဆိုပါတယ်။ ဈေးနှုန်းတွေ မြှင့်ရောင်း နေတာဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး မာရီယာရိုမို က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

            သယ်ယူပို့ဆောင်ရေး သမဂ္ဂတွေရဲ့ နှစ်ရက်ကြာ ဆန္ဒပြမှုသပိတ်မှောက်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် တိုင်းရင်းသားမျိုးနွယ်စုတွေက သမ္မတ မိုရီနိုရဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းတွေအပေါ် ဦးဆောင် ဆန့်ကျင် ကန့်ကွက်မှုတွေလုပ်ခဲ့ကြပါတယ်။ ၎င်းတို့တွေဟာ တနင်္ဂနွေနေ့က ကားတာယာတွေ မီးရှို့ခြင်း၊ သစ်ကိုင်းတွေ၊ ကျောက်တုံးတွေချခြင်းဖြင့် နေရာအနှံ့အပြားက လမ်းတွေကို ပိတ်ဆို့မှုတွေလုပ်ခဲ့ကြပါတယ်။ အချို့ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်ခဲတွေနဲ့ ပစ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေက မီးခိုးဗုံး တွေ ပြန်ပစ်ခဲ့ပါတယ်။

              ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ မိုရီနိုဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လောင်စာဆီထောက်ပံ့မှုဟာ တိုင်းပြည်စီးပွားရေးကို ပုံပျက်စေကြောင်း ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)   

Zawgyi Version

အီေကြေဒါတြင္ အစုိးရ၏ ေလာင္စာဆီေထာက္ပံ့မႈ ဖ်က္သိမ္းလုိက္ၿပီးေနာက္ ကုန္ေစ်းႏႈန္းေတြ အၿပိဳင္တက္ခဲ့ၾကတဲ့ ေစ်းဆုိင္ရွင္မ်ားကုိ ဖမ္းဆီး

             အီေကြေဒါ သမၼတ လီနင္မုိရီႏုိရဲ႕ ၿခဳိးၿခံေခၽြတာေရး လမ္းစဥ္ေတြကုိ ဆန္ ့က်င္တဲ့ ဆႏၵျပမႈေတြ ေလးရက္ေျမာက္ေန႕အျဖစ္ တနဂၤေႏြေန ့က တုိင္းရင္းသားလူမ်ဳိးစုေတြနဲ႕ လုံၿခဳံေရးတပ္ဖြဲ႕ေတြ တုိက္ခုိက္မႈျဖစ္ပြားခဲ့သလုိ စားေသာက္ကုန္ေစ်းႏႈန္းေတြ ျမင့္တက္ခဲ့ၾကတဲ့ ေစ်းဆုိင္ပုိင္ရွင္ေတြကုိ အာဏာပုိင္ေတြက ဖမ္းဆီးခဲ့ၾကပါတယ္။

                 အလယ္ပုိင္း အဇူေယျပည္နယ္မွာေတာ့ ကားနဲ႕တုိက္ခံရတဲ့ အမ်ဳိးသားတစ္ဦးကုိ လာေခၚေနတဲ့ အေရးေပၚယာဥ္တစ္စီး လမ္းေတြပိတ္ဆုိ႕ထားမႈေၾကာင့္ အခ်ိန္မီမေရာက္ႏုိင္ခဲ့ဘဲ လူနာေသဆုံးခဲ့ရပါတယ္။ ေဒသခံမီဒီယာေတြကေတာ့ ေသဆုံးသူဟာ ဆႏၵျပသူတစ္ဦးလုိ ့ဆုိခဲ့ေပမယ့္ အတည္ျပဳႏုိင္ျခင္း မရွိေသးပါဘူး။

                  သမၼတ မုိရီႏုိရဲ႕ ေလာင္စာဆီေထာက္ပံ့ေပးမႈအစီအစဥ္ ဖ်က္သိမ္းလုိက္တဲ့ ျဖစ္စဥ္ရဲ႕ သြယ္၀ုိက္ရုိက္ခတ္မႈအျဖစ္ စားေသာက္ကုန္ေစ်းႏႈန္းေတြ တရွိန္ထုိးျမင့္တက္လာခဲ့ေၾကာင္း အီေကြေဒါလူထုက မေက်မနပ္ေစာဒကတက္ခဲ့ၾကပါတယ္။ သမၼတရဲ႕ ေလာင္စာဆီ ေထာက္ပံ့မႈဖ်က္သိမ္းလုိက္တာေၾကာင့္ ႏုိင္ငံမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း အဆုိး၀ါးဆုံး မၿငိမ္သက္မႈေတြလည္း ေပၚေပါက္ေနတာပါ။

            ဓါတ္ဆီေစ်းေတြ ျမင့္တက္သြားရတဲ့ အေၾကာင္းျပခ်က္နဲ႕အတူ လူတုိင္းက ေစ်းေတြ လုိက္တက္ ေနေၾကာင္း စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ကာမီလုိ ဆာလာဇာ အမည္ရ အသက္ ၆၅ ႏွစ္အရြယ္ ပင္စင္စား တစ္ဦးက ေျပာဆုိပါတယ္။ ကမ္းရုိးတန္းၿမိဳ႕ ဂူယာကြီရွိ ေစ်းတစ္ေစ်းမွာ ရက္အနည္းငယ္အတြင္း ေစ်းႏႈန္းေတြ သုံးဆေလာက္အထိ တက္သြားေၾကာင္း ၄င္းက ေျပာဆုိပါတယ္။

         ေျပာင္းဖူး၊ ၾကက္သြန္၊ မုန္လာဥ၊ အာလူးတုိ ့အပါအ၀င္ စားေသာက္ကုန္ပစၥည္းေတြကုိ ေစ်းျမွင့္ ေရာင္းခဲ့မႈအတြက္ လူ ၂၀ ဦးကုိ ဖမ္းဆီးထားေၾကာင္း အစုိးရက ေျပာဆုိပါတယ္။ ေစ်းႏႈန္းေတြ ျမွင့္ေရာင္း ေနတာဟာ လက္ခံႏုိင္စရာအေၾကာင္းမရွိဘူးလုိ ့ ျပည္ထဲေရး၀န္ႀကီး မာရီယာရုိမုိ က ထုတ္ျပန္ခ်က္မွာ ေျပာဆုိခဲ့ပါတယ္။

            သယ္ယူပုိ ့ေဆာင္ေရး သမဂၢေတြရဲ႕ ႏွစ္ရက္ၾကာ ဆႏၵျပမႈသပိတ္ေမွာက္မႈေတြ ထြက္ေပၚခဲ့ၿပီးေနာက္ တုိင္းရင္းသားမ်ဳိးႏြယ္စုေတြက သမၼတ မုိရီႏုိရဲ႕ စီးပြားေရး လုပ္ထုံးလုပ္နည္းေတြအေပၚ ဦးေဆာင္ ဆန္ ့က်င္ ကန္ ့ကြက္မႈေတြလုပ္ခဲ့ၾကပါတယ္။ ၄င္းတုိ ့ေတြဟာ တနဂၤေႏြေန ့က ကားတာယာေတြ မီးရႈိ႕ျခင္း၊ သစ္ကုိင္းေတြ၊ ေက်ာက္တုံးေတြခ်ျခင္းျဖင့္ ေနရာအႏွံ႕အျပားက လမ္းေတြကုိ ပိတ္ဆုိ ့မႈေတြလုပ္ခဲ့ၾကပါတယ္။ အခ်ဳိ ့ဆႏၵျပသူေတြက လုံၿခဳံေရးတပ္ဖြဲ႕ေတြကုိ ေက်ာက္ခဲေတြနဲ႕ ပစ္ခဲ့ၾကၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြက မီးခုိးဗုံး ေတြ ျပန္ပစ္ခဲ့ပါတယ္။

              ၂၀၁၇ ခုႏွစ္ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ သမၼတ မုိရီႏုိဟာ ႏုိင္ငံရဲ႕ စီးပြားေရးနဲ႕ အခြန္စနစ္ကုိ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖုိ ့ ႀကိဳးစားေနတာျဖစ္ၿပီး ေလာင္စာဆီေထာက္ပံ့မႈဟာ တုိင္းျပည္စီးပြားေရးကုိ ပုံပ်က္ေစေၾကာင္း ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)   

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။