Skip to main content
Ads Block

သရေခေတ္တရာမြို့ရိုးဟောင်းပေါ်တွင် ကျူးကျော်သူများကို ရှင်းလင်းရန် ဝန်ကြီးချုပ်ညွှန်ကြား

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှာရှိတဲ့ Unisco ဝင် သရေခေတ္တရာမြို့ဟောင်းမြို့ရိုးပေါ်မှာ ကျူးကျော်နေထိုင်သူတွေကို မြေနေရာအစားထိုးပေးပြီး ဖယ်ရှားရှင်းလင်းဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ညွှန်ကြားလိုက်ပါတယ်။

ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စုနဲ့လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် ရှေးဟောင်းသုတေသနက တာဝန်ရှိသူတစ်ဦးက အဆိုပါကိစ္စကိုတင်ပြခဲ့ရာကနေ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အခုလိုညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမြို့ရိုးပေါ်မှာကျူးကျော်နေထိုင်သူတွေဟာ လူဦးရေ ၄၀၀ လောက်ရှိနေပါတယ်။

 

ရိုက်ကူး - မောင်ကောင်း(ပြည်)   တည်းဖြတ်/တင်ဆက် - သူရိန် ၊ အိဖြူသိမ့်

Zawgyi Version

 





 


အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။