Skip to main content
ရွှေကဏ္ဍသည် နိုင်ငံ့စီးပွားရေးကိုကူညီပံ့ပိုးပေးလာနိုင်ကြောင်း စီး/ကူး ဒုဝန်ကြီး ပြော 
Ads Block

ရွှေကဏ္ဍသည် နိုင်ငံ့စီးပွားရေးကိုကူညီပံ့ပိုးပေးလာနိုင်ကြောင်း စီး/ကူး ဒုဝန်ကြီး ပြော 

ရွှေသည် နိုင်ငံ့စီးပွားရေးကိုကူညီပံ့ပိုးပေးနိုင်သောကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအောင်ထူးကပြောသည်။

ရန်ကုန်မြို့၊ times city ၌ အောက်တိုဘာလ ၆ ရက်က ကျင်းပသော မြန်မာနိုင်ငံ ရွှေလုပ်ငန်းများအသင်းချုပ် ၁၇ ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွှေရဲ့အခန်းကဏ္ဍဟာလည်း နိုင်ငံတော်ရဲ့စီးပွားရေးကိုကူညီပံ့ပိုးပေးနိုင်တဲ့ကဏ္ဍတစ်ခုဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ရွှေမြန်မာ့အနုပညာရတနာများ ပြည်တွင်းသာမက ပြည်ပဈေးကွက်များတိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းများရရှိရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ တက်ကြွစွာကြိုးပမ်းကျပါလို့ တိုက်တွန်းလိုပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ပြည်တွင်း ရွှေဈေးမှာ သြဂုတ်လအတွင်း တဖြည်းဖြည်းမြင့်တက်ခဲ့ကာ စက်တင်ဘာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းလ ၅ ရက်တွင် ၁၃၀၇၀၀၀ ကျပ်အထိမြင့်တက်ခဲ့ပြီးနောက် ရွှေဈေးများ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ေရႊက႑သည္ ႏုိင္ငံ့စီးပြားေရးကုိကူညီပံ့ပုိးေပးလာႏုိင္ေၾကာင္း စီး/ကူး ဒု၀န္ႀကီး ေျပာ

ေရႊသည္ ႏုိင္ငံ့စီးပြားေရးကုိကူညီပံ့ပုိးေပးႏုိင္ေသာက႑တစ္ခုျဖစ္လာႏုိင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီးဦးေအာင္ထူးကေျပာသည္။

ရန္ကုန္ၿမိဳ႕၊ times city ၌ ေအာက္တုိဘာလ ၆ ရက္က က်င္းပေသာ ျမန္မာႏုိင္ငံ ေရႊလုပ္ငန္းမ်ားအသင္းခ်ဳပ္ ၁၇ ႀကိမ္ေျမာက္နွစ္ပတ္လည္ အသင္းသားစုံညီအစည္းအေ၀းတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေရႊရဲ႕အခန္းက႑ဟာလည္း ႏုိင္ငံေတာ္ရဲ႕စီးပြားေရးကုိကူညီပံ့ပုိးေပးႏုိင္တဲ့က႑တစ္ခုျဖစ္လာႏုိင္မွာ ျဖစ္ပါတယ္။ ေရႊျမန္မာ့အႏုပညာရတနာမ်ား ျပည္တြင္းသာမက ျပည္ပေစ်းကြက္မ်ားတုိးခ်ဲ႕လုပ္ကုိင္ ေဆာင္ရြက္ႏုိင္တဲ့အခြင့္အလမ္းမ်ားရရွိေရးအတြက္ စည္းလုံးညီညြတ္စြာနဲ႔ တက္ၾကြစြာႀကဳိးပမ္းက်ပါလုိ႔ တုိက္တြန္းလုိပါတယ္”ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦးေအာင္ထူးက ေျပာသည္။

ျပည္တြင္း ေရႊေစ်းမွာ ၾသဂုတ္လအတြင္း တျဖည္းျဖည္းျမင့္တက္ခဲ့ကာ စက္တင္ဘာလတြင္ အျမင့္ဆုံးျဖစ္ခဲ့ၿပီး ယင္းလ ၅ ရက္တြင္ ၁၃၀၇၀၀၀ က်ပ္အထိျမင့္တက္ခဲ့ၿပီးေနာက္ ေရႊေစ်းမ်ား ျပန္လည္က်ဆင္းခဲ့ေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။