Skip to main content
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBAအသင်းချုပ်မှ မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်
Ads Block

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBAအသင်းချုပ်မှ မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်အား YMBAအသင်းချုပ်က မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့အား ယနေ့ ပေးအပ်ခဲ့ကြောင်း YMBA ထံမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား YMBAအသင်းချုပ်မှ မင်္ဂလဓမ္မ ဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာခန်းမတွင် အောက်တိုဘာ ၇ရက်က ကျင်းပသော ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းအခမ်းအနားနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနက မေးမြန်းရာ YMBAအသင်းချုပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ ကုန်းမြင့်သာခန်းမမှာ ပေးပါတယ်။ မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ပါ’’ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင်သည် မကြာသေးမီ ရက်ပိုင်းအတွင်းက ဟိန္ဒူဘုရားကျောင်းနှင့် အစ္စလာမ် ဝတ်ပြုကျောင်းများသို့ သွားရောက်ကာ ဆန်၊ဆီ၊ဆားနှင့် လှူဖွယ်ငွေကြေးများ လှူဒါန်းခဲ့သည့်ဖြစ်စဉ်တို့ ရှိခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အငြိမ်းစားယူပြီးပါက နိုင်ငံအတွက် တစ်နေရာရာတွင် တာဝန်ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူများက ပြောကြားထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား YMBAအသင္းခ်ဳပ္မွ မဂၤလဓမၼ ေဇာတိကဓဇ ဂုဏ္ထူးေဆာင္ဘြဲ႔ ေပးအပ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး သေရစည္သူမင္းေအာင္လႈိင္အား YMBAအသင္းခ်ဳပ္က မဂၤလဓမၼ ေဇာတိကဓဇ ဂုဏ္ထူးေဆာင္ဘြဲ႔အား ယေန႔ ေပးအပ္ခဲ့ေၾကာင္း YMBA ထံမွ သိရသည္။

ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ ကုန္းျမင့္သာခန္းမတြင္ ေအာက္တုိဘာ ၇ရက္က က်င္းပေသာ ဂုဏ္ထူးေဆာင္ဘြဲ႔႕ေပးအပ္ျခင္းအခမ္းအနားႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနက ေမးျမန္းရာ YMBAအသင္းခ်ဳပ္ တာ၀န္ရွိသူတစ္ဦးက အတည္ျပဳေျပာၾကားျခင္း ျဖစ္သည္။

“ဟုတ္ပါတယ္။ ကုန္းျမင့္သာခန္းမမွာ ေပးပါတယ္။ မဟာမဂၤလဓမၼ ေဇာတိကဓဇဘြဲ႔ပါ’’ဟု ၄င္းက ေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး သေရစည္သူမင္းေအာင္လႈိင္သည္ မၾကာေသးမီ ရက္ပုိင္းအတြင္းက ဟိႏၵဴဘုရားေက်ာင္းႏွင့္ အစၥလာမ္ ၀တ္ျပဳေက်ာင္းမ်ားသုိ႔ သြားေရာက္ကာ ဆန္၊ဆီ၊ဆားႏွင့္ လွဴဖြယ္ေငြေၾကးမ်ား လွဴဒါန္းခဲ့သည့္ျဖစ္စဥ္တုိ႔ ရွိခဲ့ေၾကာင္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အၿငိမ္းစားယူၿပီးပါက ႏုိင္ငံအတြက္ တစ္ေနရာရာတြင္ တာ၀န္ထမ္းေဆာင္မည္ဟု ယုံၾကည္ေၾကာင္းလည္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီ တာ၀န္ရွိသူမ်ားက ေျပာၾကားထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။