Skip to main content
မႈခင္း
Ads Block

မိန်းမအိမ်ပေါ်ကဆင်းသွားသဖြင့် စိတ်ညစ်နေသည့်ရှေ့နေတစ်ဦးနေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

အသက် ၃၆ နှစ်အရွယ်ရှိ ရှေ့နေတစ်ဦးသည် နေအိမ်တွင်ကြိုးဆွဲချသေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု တောင်ငူမြို့တွင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၁ ရပ်ကွက်၊ စပါယ်ဦးလမ်းတွင် အောက်တိုဘာလ ၆ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးသွားသည့် သတင်းကြောင့် အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အသိသက်သေတာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်ရှိ ကျော်ဇင်ဝင်းဆိုသူဖြစ်ပြီး နေအိမ်အပေါ်ထပ်၊ အနောက်ဘက်အဖီရှိ ထုတ်တန်းပေါ်တွင် နှစ်ပင်လိမ်နိုင်လွန်ကြိုးကိုအသုံးပြု၍ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းကိုရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြသည်။
“ကျွန်တော်တို့ရောက်ရှိချိန်ကတော့ ည ၁၂ ကျော်ပြီထင်တယ်။ သေဆုံးသူကအပြင်ရှေ့နေလို့သိရတယ်။မိသားစုဝင်တွေပြောပြချက်အရ အိမ်ထောင်ရေးအဆင်မပြေတဲ့အတွက် စိတ်ညစ်နေတဲ့သူတစ်ဦးလို့ပြောတယ်။ဇနီးဖြစ်သူကလည်းအိမ်ပေါ်ကဆင်းသွားတယ်လို့ပြောတယ်။ကျန်တာကတော့ စစ်ဆေးနေဆဲပါ။သေမှုသေခင်းအမှတ်စဉ်နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်” ဟု တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ်- ၁၅/၂၀၁၉ ဖြင့် တောင်ငူမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေလင်းအောင်(တောင်ငူ)အကုန်သိသတင်းဌာန 

Zawgyi Version

 

မိန္းမအိမ္ေပၚကဆင္းသြားသျဖင့္ စိတ္ညစ္ေနသည့္ေရွ႕ေနတစ္ဦးေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆုံးမႈ ျဖစ္ပြား
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ေရွ႕ေနတစ္ဦးသည္ ေနအိမ္တြင္ႀကိဳးဆြဲခ်ေသဆုံးသြားသည့္ျဖစ္စဥ္တစ္ခု ေတာင္ငူၿမိဳ႕တြင္ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ၁၁ ရပ္ကြက္၊ စပါယ္ဦးလမ္းတြင္ ေအာက္တိုဘာလ ၆ ရက္၊ ည ၁၁ နာရီခြဲခန႔္တြင္ အမ်ိဳးသားတစ္ဦးႀကိဳးဆြဲခ်ေသဆုံးသြားသည့္ သတင္းေၾကာင့္ အမွတ္(၂)နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ အသိသက္ေသတာဝန္ရွိသူမ်ားကသြားေရာက္စစ္ေဆးခဲ့ၾကသည္။
ေသဆုံးသူမွာ အသက္ ၃၆ ႏွစ္ရွိ ေက်ာ္ဇင္ဝင္းဆိုသူျဖစ္ၿပီး ေနအိမ္အေပၚထပ္၊ အေနာက္ဘက္အဖီရွိ ထုတ္တန္းေပၚတြင္ ႏွစ္ပင္လိမ္ႏိုင္လြန္ႀကိဳးကိုအသုံးျပဳ၍ ႀကိဳးဆြဲခ်ေသဆုံးေနသည္ကို ေတြ႕ရွိရသျဖင့္ အေလာင္းကိုရင္ခြဲ႐ုံသို႔တင္ပို႔ေပးခဲ့ၾကသည္။
“ကြၽန္ေတာ္တို႔ေရာက္ရွိခ်ိန္ကေတာ့ ည ၁၂ ေက်ာ္ၿပီထင္တယ္။ ေသဆုံးသူကအျပင္ေရွ႕ေနလို႔သိရတယ္။မိသားစုဝင္ေတြေျပာျပခ်က္အရ အိမ္ေထာင္ေရးအဆင္မေျပတဲ့အတြက္ စိတ္ညစ္ေနတဲ့သူတစ္ဦးလို႔ေျပာတယ္။ဇနီးျဖစ္သူကလည္းအိမ္ေပၚကဆင္းသြားတယ္လို႔ေျပာတယ္။က်န္တာကေတာ့ စစ္ေဆးေနဆဲပါ။ေသမႈေသခင္းအမွတ္စဥ္နဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္” ဟု ေတာင္ငူအမွတ္(၂)နယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသမႈေသခင္းအမွတ္စဥ္- ၁၅/၂၀၁၉ ျဖင့္ ေတာင္ငူၿမိဳ႕ အမွတ္(၂)နယ္ေျမရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ေနလင္းေအာင္(ေတာင္ငူ)အကုန္သိသတင္းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။