Skip to main content
ရန်ကုန်တွင် ရွှေဈေးကွက်ကြီး တစ်ခုဖြစ်လာအောင် လုပ်ဆောင်ကြရန် ရွှေလုပ်ငန်းရှင်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်း 
Ads Block

ရန်ကုန်တွင် ရွှေဈေးကွက်ကြီး တစ်ခုဖြစ်လာအောင် လုပ်ဆောင်ကြရန် ရွှေလုပ်ငန်းရှင်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်း 

ရန်ကုန်တွင် ရွှေဈေးကွက်ကြီး တစ်ခုဖြစ်လာ ပေါက်လာအောင် လုပ်ဆောင်ကြရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေ လုပ်ငန်းရှင်များကို တိုက်တွန်းပြောကြား လိုက်သည်။

ရန်ကုန်တွင် ရွှေဈေးကွက်ကြီး တစ်ခုဖြစ်လာအောင် လုပ်ဆောင်ကြရန် ရွှေလုပ်ငန်းရှင်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်း 

ရန်ကုန်မြို့ Times City တွင် အောက်တိုဘာ ၆ ရက် ကျင်းပသော မြန်မာနိုင်ငံရွှေလုပ်ငန်းများအသင်းချုပ် (၁၇) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးအခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

“ရွှေလုပ်ငန်းကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်လာပြီး ဒီအသင်းကြီးကနေ ပါဝင်ဆောင်ရွက်နေကြတဲ့သူတွေ အားလုံးပိုမို တိုးတက်ဖွံဖြိုး လာဖို့ အသင်းကြီးက နေစောင့်ရှောက်ပေးနိုင်ဖို့၊ ကူညီပေးနိုင်ဖို့၊ စနစ်တကျဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းကြရမှာဖြစ်ပါ တယ်။ ဒါမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ ရွှေဈေးကွက်ဟာ ကမ္ဘာ့အလယ်မှာ အားလုံးက လက်ခံနိုင်တဲ့ ရန်ကုန်ဈေးကွက် မန္တ လေး ဈေးကွက်ဆိုတဲ့ အခြေအနေမျိုးတွေ ကျွန်တော်တို့ဖြစ်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ ရွှေဈေးကွက်ကြီး တစ် ခုဖြစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

အောက်တိုဘာ ၅ ရက် ညနေပိုင်း  အကယ်ဒမီမီးလင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ဆယ့်နှစ်သိန်းနှစ်သောင်းရှစ်ထောင်ရှစ်ရာ ဖြစ်ပြီး ကမာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၅၀၃ ဒေါ်လာ ပေါက်ဈေးရှိကြောင်းသိရပြီး ရန်ကုန်ရွှေဈေးနှင့် မန္တလေးရွှေဈေးမှာ ကျပ်သုံးထောင်ခန့် ကွာဟကြောင်း သိရသည်။

“အဓိကတော့ ရွှေဈေးကွက်မှာ လိုအပ်နေတဲ့ အခြေအနေကတော့ ရွှေအတုံးတွေကို တရားဝင် ရောင်းချနိုင်ဖို့ ဈေးကွက်တစ်ခုပဲ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ ဈေးကွက်ထဲမှာ ရောင်းဝယ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ စနစ်ကျတဲ့ ရောင်းဝယ်မှု တစ်ခုတော့ မဖြစ်လာသေးပါဘူး”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ကပြောသည်။


မင်းသီဟန်(အကုန်သိသတင်းဌာန) 

Zawgyi Version

ရန္ကုန္တြင္ ေရႊေစ်းကြက္ႀကီး တစ္ခုျဖစ္လာေအာင္ လုပ္ေဆာင္ၾကရန္ ေရႊလုပ္ငန္းရွင္မ်ားကုိ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တုိက္တြန္း

ရန္ကုန္တြင္ ေရႊေစ်းကြက္ႀကီး တစ္ခုျဖစ္လာ ေပါက္လာေအာင္ လုပ္ေဆာင္ၾကရန္ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေရႊ လုပ္ငန္းရွင္မ်ားကုိ တုိက္တြန္းေျပာၾကား လုိက္သည္။

ရန္ကုန္ၿမဳိ႕ Times City တြင္ ေအာက္တုိဘာ ၆ ရက္ က်င္းပေသာ ျမန္မာႏုိင္ငံေရႊလုပ္ငန္းမ်ားအသင္းခ်ဳပ္ (၁၇) ႀကိမ္ေျမာက္ နွစ္ပတ္လည္ အသင္းသားစုံညီ အစည္းအေ၀းအခမ္းအနားတြင္ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာၾကားခဲ့ျခင္း ျဖစ္ သည္။

“ေရႊလုပ္ငန္းက႑ ပုိမုိဖြံၿဖဳိးတုိးတက္လာၿပီး ဒီအသင္းႀကီးကေန ပါ၀င္ေဆာင္ရြက္ေနၾကတဲ့သူေတြ အားလုံးပုိမုိ တိုးတက္ဖြံၿဖဳိး လာဖုိ႔ အသင္းႀကီးက ေနေစာင့္ေရွာက္ေပးႏုိင္ဖုိ႔၊ ကူညီေပးႏုိင္ဖုိ႔၊ စနစ္တက်ျဖစ္လာႏုိင္ဖုိ႔ ကြ်န္ေတာ္တုိ႔ ႀကဳိးပမ္းၾကရမွာျဖစ္ပါ တယ္။ ဒါမွသာလွ်င္ ကြ်န္ေတာ္တုိ႔ႏုိင္ငံရဲ႕ ေရႊေစ်းကြက္ဟာ ကမၻာ့အလယ္မွာ အားလုံးက လက္ခံႏုိင္တဲ့ ရန္ကုန္ေစ်းကြက္ မႏၱ ေလး ေစ်းကြက္ဆုိတဲ့ အေျခအေနမ်ိဳးေတြ ကြ်န္ေတာ္တုိ႔ျဖစ္လာမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ ရန္ကုန္မွာ ေရႊေစ်းကြက္ႀကီး တစ္ ခုျဖစ္ဖုိ႔ ၀ုိင္း၀န္းႀကဳိးပမ္းေဆာင္ရြက္ဖုိ႔ ကြ်န္ေတာ့္အေနနဲ႔ တုိက္တြန္းေျပာၾကားလုိပါတယ္”ဟု ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းက ေျပာသည္။

ေအာက္တုိဘာ ၅ ရက္ ညေနပုိင္း  အကယ္ဒမီမီးလင္းေရႊေစ်းမွာ တစ္က်ပ္သားလွ်င္ ဆယ့္ႏွစ္သိန္းႏွစ္ေသာင္းရွစ္ေထာင္ရွစ္ရာ ျဖစ္ၿပီး ကမာ့ေရႊေစ်းမွာ တစ္ေအာင္စလွ်င္ ၁၅၀၃ ေဒၚလာ ေပါက္ေစ်းရွိေၾကာင္းသိရၿပီး ရန္ကုန္ေရႊေစ်းနွင့္ မႏၱေလးေရႊေစ်းမွာ က်ပ္သုံးေထာင္ခန္႔ ကြာဟေၾကာင္း သိရသည္။

“အဓိကေတာ့ ေရႊေစ်းကြက္မွာ လုိအပ္ေနတဲ့ အေျခအေနကေတာ့ ေရႊအတုံးေတြကုိ တရား၀င္ ေရာင္းခ်ႏုိင္ဖုိ႔ ေစ်းကြက္တစ္ခုပဲ ျဖစ္ပါတယ္။ အခုကြ်န္ေတာ္တုိ႔ ေစ်းကြက္ထဲမွာ ေရာင္း၀ယ္မႈေတြ ရွိေနပါတယ္။ ဒါေပမဲ့ စနစ္က်တဲ့ ေရာင္း၀ယ္မႈ တစ္ခုေတာ့ မျဖစ္လာေသးပါဘူး”ဟု ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ကေျပာသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။