Skip to main content
တရုတ်၊ အိန္ဒိယတို့နှင့် ဈေးကွက် မချိတ်ဆက်ထားပါက ရွှေဈေးကမောက်ကမဖြစ်မှု ကြုံတွေ့နိုင်ဟု ဝန်ကြီးချုပ်ပြော
Ads Block

တရုတ်၊ အိန္ဒိယတို့နှင့် ဈေးကွက် မချိတ်ဆက်ထားပါက ရွှေဈေးကမောက်ကမဖြစ်မှု ကြုံတွေ့နိုင်ဟု ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံအနေဖြင့် ရွှေဈေးကွက်ကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် စနစ်တကျ ချိတ်ဆက်မထားပါက ရွှေဈေးကမောက်ကမဖြစ်မှုများ ကြုံတွေ့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

တရုတ်၊ အိန္ဒိယတို့နှင့် ဈေးကွက် မချိတ်ဆက်ထားပါက ရွှေဈေးကမောက်ကမဖြစ်မှု ကြုံတွေ့နိုင်ဟု ဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့ Times City ၌ အောက်တိုဘာ ၆ရက်က ကျင်းပသော မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ၁၇ကြိမ်မြောက် နှစ်ပတ်လည်ပုံမှန်အစည်းအဝေးအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ ရွှေဈေးကွက်ဟာ ဒီဘက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံရယ်၊ ဒီဘက်က အိန္ဒိယနိုင်ငံရယ်ကြားမှာ ရွှေဈေးကွက်ရဲ့ သွားလာနေမှုအခြေအနေတွေ ရိုက်ခတ်မှု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီအခြေအနေရှိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား စနစ်တကျ ရွှေဈေးကွက်ကို မချိတ်ဆက်ထားနိုင်ဘူးဆိုရင် ကျွန်တော်တို့လို သေးငယ်တဲ့နိုင်ငံ ကျွန်တော်တို့ရဲ့ ရွှေထုတ်လုပ်မှု အနည်းအကျဉ်းလောက်သာ ရှိတဲ့နိုင်ငံမှာ ရွှေဈေးကမောက်ကမဖြစ်မှုတွေကို ကျွန်တော်တို့ ကြုံနိုင်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၉ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရွှေဈေးကွက်မှာ ဆယ်သိန်းကျော်မှ တစ်ဆယ့်ငါးသိန်းနားအထိ နီးကပ်ခဲ့ကြောင်းသိရပြီး အောက်တိုဘာလ ၅ရက်နေ့လယ်ပိုင်း ပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၁၂သိန်း၂သောင်း၉ထောင် ပေါက်ဈေးရှိပြီး ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၅၀၃ ဒေါ်လာ ပေါက်ဈေး ရှိခဲ့သည်။

“မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာရွှေဈေးကွက်ရဲ့ လှုပ်ခတ်မှုဟာ မြန်မာနိုင်ငံကို ကြီးစွာသော ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေကို ရွှေလုပ်ငန်းရှင်များအသင်းက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

တရုတ္၊ အိႏၵိယတို႔ႏွင့္ ေစ်းကြက္ မခ်ိတ္ဆက္ထားပါက ေရႊေစ်းကေမာက္ကမျဖစ္မႈ ႀကံဳေတြ႕ႏိုင္ဟု ၀န္ႀကီးခ်ဳပ္ေျပာ

ျမန္မာႏိုင္ငံအေနျဖင့္ ေရႊေစ်းကြက္ကို တရုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံတို႔ႏွင့္ စနစ္တက် ခ်ိတ္ဆက္မထားပါက ေရႊေစ်းကေမာက္ကမျဖစ္မႈမ်ား ႀကံဳေတြ႕ႏိုင္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာသည္။

ရန္ကုန္ၿမဳိ႕ Times City ေအာက္တုိဘာ ၆ရက္က က်င္းပေသာ ျမန္မာႏုိင္ငံ ေရႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ၁၇ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ပုံမွန္အစည္းအေ၀းအခမ္းအနားတြင္ ၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ကြ်န္ေတာ္တုိ႔ရဲ႕ ေရႊေစ်းကြက္ဟာ ဒီဘက္က တရုတ္ျပည္သူ႔သမၼတႏုိင္ငံရယ္၊ ဒီဘက္က အိႏၵိယႏုိင္ငံရယ္ၾကားမွာ ေရႊေစ်းကြက္ရဲ႕ သြားလာေနမႈအေျခအေနေတြ ရုိက္ခတ္မႈ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာ ဒီအေျခအေနရွိပါတယ္။ တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံၾကား စနစ္တက် ေရႊေစ်းကြက္ကုိ မခ်ိတ္ဆက္ထားႏုိင္ဘူးဆုိရင္ ကြ်န္ေတာ္တုိ႔လုိ ေသးငယ္တဲ့ႏုိင္ငံ ကြ်န္ေတာ္တုိ႔ရဲ႕ ေရႊထုတ္လုပ္မႈ အနည္းအက်ဥ္းေလာက္သာ ရွိတဲ့ႏုိင္ငံမွာ ေရႊေစ်းကေမာက္ကမျဖစ္မႈေတြကုိ ကြ်န္ေတာ္တုိ႔ ႀကဳံႏုိင္ပါတယ္’’ဟု ဦးၿဖဳိးမင္းသိန္းက ေျပာသည္။

၂၀၁၉ခုနွစ္ ၾသဂုတ္လႏွင့္ စက္တင္ဘာလအတြင္း ေရႊေစ်းကြက္မွာ ဆယ္သိန္းေက်ာ္မွ တစ္ဆယ့္ငါးသိန္းနားအထိ နီးကပ္ခဲ့ေၾကာင္းသိရၿပီး ေအာက္တုိဘာလ ၅ရက္ေန႔လယ္ပုိင္း ေပါက္ေစ်းအရ ေရႊတစ္က်ပ္သားလွ်င္ ၁၂သိန္း၂ေသာင္း၉ေထာင္ ေပါက္ေစ်းရွိၿပီး ကမၻာ႔ေရႊတစ္ေအာင္စလွ်င္ ၁၅၀၃ ေဒၚလာ ေပါက္ေစ်း ရွိခဲ့သည္။

“မၾကာေသးခင္က ေပၚေပါက္ခဲ့တဲ့ ကမၻာေရႊေစ်းကြက္ရဲ႕ လႈပ္ခတ္မႈဟာ ျမန္မာႏုိင္ငံကုိ ႀကီးစြာေသာ ရုိက္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ဒီအေျခအေနကုိ ေရႊလုပ္ငန္းရွင္မ်ားအသင္းက ၀ုိင္း၀န္းထိန္းသိမ္းေစာင့္ေရွာက္ေပးတဲ့အတြက္လည္း ကြ်န္ေတာ့္အေနနဲ႔ ေက်းဇူးတင္ပါတယ္’’ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။