Skip to main content
ဓမ္မတာလာချိန်တွင် လိင်ဆက်ဆံခြင်းမှာ ဆိုးကျိုးအန္တရာယ်မရှိကြောင်း သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ပြော
Ads Block

ဓမ္မတာလာချိန်တွင် လိင်ဆက်ဆံခြင်းမှာ ဆိုးကျိုးအန္တရာယ်မရှိကြောင်း သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ပြော

အမျိုးသမီးများ ဓမ္မတာလာချိန်တွင် လိင်ဆက်ဆံခြင်းမှာ ဆိုးကျိုးအန္တရာယ်မရှိကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

အောက်တိုဘာလ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI ) ၌ ပြုလုပ်သော မိန်းမသားတို့၏ ဓမ္မတာနှင့် စိတ်ခံစားမှု ဝေဒနာများနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲအပြီး မေးမြန်းချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရာသီလာချိန်မှာ အဓိကတော့ စိတ်နဲ့လည်း ဆိုင်တယ်။ ဒါကြီးက အညစ်အကြေးပဲ၊ ဘာပဲ၊ ညာပဲ ဆိုပြီး အစွဲအလမ်းတွေ ရှိရင်တော့ နှစ်ဦးသဘောမတူရင်တော့ မနေသင့်ဘူး။ သာယာမှုအစား မပြေလည်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်မာရေးဆေးပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အန္တရာယ်မရှိနိုင်ပါဘူး။ တစ်ခုပါပဲ၊ သန့်ရှင်းရေးကိုတော့ ပိုပြီး ဂရုစိုက်သင့်ပါတယ်”ဟု အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်က ပြောသည်။

ယင်းကဲ့သို့ ဓမ္မတာလာချိန်တွင် လိင်ဆက်ဆံခြင်းမှာ ကြီးမားသည့် ဆိုးကျိုးအန္တရာယ်မရှိကြောင်းနှင့် ထိုအချိန်တွင် လိင်ဆက်ဆံခြင်းမှာ အမျိုးသမီးများအတွက် ကိုယ်ဝန်ရနိုင်ခြေ အလွန်နည်းပါးကြောင်း သိရသည်။

အမျိုးသမီးအများစုမှာ ဓမ္မတာလာပြီး ၁၀ ရက်ကျော်အထိ မျိုးအောင်သော သားဥများ ဆင်းလေ့ရှိခြင်း ကြောင့် ကိုယ်ဝန်ရနိုင်ခြေ အလွန်နည်းပါးခြင်းဖြစ်သလို အချို့အမျိုးသမီးများတွင်မူ သားဥကြွေပြီးနောက် အသက်ရှင်ကျန်ခဲ့သည့် အမျိုးသားများ၏ သုက်ပိုးများကြောင့်လည်း ကိုယ်ဝန်ရရှိနိုင်ကြောင်း သိရ သည်။

အမျိုးသားများ၏ သုက်ပိုးမှာ ၇ ရက်အထိ အမျိုးသမီးများ၏ သားအိမ်အတွင်း အသက်ရှင်နိုင်ပြီး အဆို ပါအချိန်တွင် လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်ရရှိနိုင်သောအမျိုးသမီးများမှာ ဓမ္မတာလာချိန် အလွန် တိုတောင်းသော အမျိုးသမီးများတွင် ဖြစ်လေ့ရှိကြောင်းသိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ဓမၼတာလာခ်ိန္တြင္ လိင္ဆက္ဆံျခင္းမွာ ဆုိးက်ိဳးအႏၱရာယ္မရွိေၾကာင္း သားဖြားမီးယပ္အထူးကု ဆရာ၀န္ႀကီး ေဒါက္တာစုိးလြင္ေျပာ

အမ်ဳိးသမီးမ်ား ဓမၼတာလာခ်ိန္တြင္ လိင္ဆက္ဆံျခင္းမွာ ဆုိးက်ိဳးအႏၱရာယ္မရွိေၾကာင္း သားဖြားမီးယပ္ အထူးကုဆရာ၀န္ႀကီး ေဒါက္တာစုိးလြင္က ေျပာသည္။

ေအာက္တုိဘာလ ၆ ရက္၊ နံနက္ ၁၀ နာရီတြင္ ရန္ကုန္ၿမဳိ႕ရွိ ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္စက္မႈ လက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI ) ၌ ျပဳလုပ္ေသာ မိန္းမသားတုိ႔၏ ဓမၼတာႏွင့္ စိတ္ခံစားမႈ ေ၀ဒနာမ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးပြဲအၿပီး ေမးျမန္းခ်ိန္တြင္ ယင္းကဲ့သုိ႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ရာသီလာခ်ိန္မွာ အဓိကေတာ့ စိတ္နဲ႔လည္း ဆုိင္တယ္။ ဒါႀကီးက အညစ္အေၾကးပဲ၊ ဘာပဲ၊ ညာပဲ ဆုိၿပီး အစြဲအလမ္းေတြ ရွိရင္ေတာ့ ႏွစ္ဦးသေဘာမတူရင္ေတာ့ မေနသင့္ဘူး။ သာယာမႈအစား မေျပလည္မႈေတြ ျဖစ္လာႏုိင္ပါတယ္။ က်န္မာေရးေဆးပညာရႈေထာင့္က ၾကည့္မယ္ဆုိရင္ေတာ့ အႏၱရာယ္မရွိႏုိင္ပါဘူး။ တစ္ခုပါပဲ၊ သန္႔ရွင္းေရးကုိေတာ့ ပုိၿပီး ဂရုစုိက္သင့္ပါတယ္”ဟု အထူးကုဆရာ၀န္ႀကီး ေဒါက္တာ စုိးလြင္က ေျပာသည္။

ယင္းကဲ့သုိ႔ ဓမၼတာလာခ်ိန္တြင္ လိင္ဆက္ဆံျခင္းမွာ ႀကီးမားသည့္ ဆုိးက်ိဳးအႏၱရာယ္မရွိေၾကာင္းႏွင့္ ထုိအခ်ိန္တြင္ လိင္ဆက္ဆံျခင္းမွာ အမ်ဳိးသမီးမ်ားအတြက္ ကုိယ္၀န္ရႏုိင္ေျခ အလြန္နည္းပါးေၾကာင္း သိရသည္။

အမ်ဳိးသမီးအမ်ားစုမွာ ဓမၼတာလာၿပီး ၁၀ ရက္ေက်ာ္အထိ မ်ဳိးေအာင္ေသာ သားဥမ်ား ဆင္းေလ့ရွိျခင္း ေၾကာင့္ ကုိယ္၀န္ရႏုိင္ေျခ အလြန္နည္းပါးျခင္းျဖစ္သလုိ အခ်ဳိ႕အမ်ဳိးသမီးမ်ားတြင္မူ သားဥေၾကြၿပီးေနာက္ အသက္ရွင္က်န္ခဲ့သည့္ အမ်ဳိးသားမ်ား၏ သုက္ပုိးမ်ားေၾကာင့္လည္း ကုိယ္၀န္ရရွိႏုိင္ေၾကာင္း သိရ သည္။

အမ်ဳိးသားမ်ား၏ သုက္ပုိးမွာ ၇ ရက္အထိ အမ်ဳိးသမီးမ်ား၏ သားအိမ္အတြင္း အသက္ရွင္ႏုိင္ၿပီး အဆုိ ပါအခ်ိန္တြင္ လိင္ဆက္ဆံျခင္းေၾကာင့္ ကုိယ္၀န္ရရွိႏုိင္ေသာအမ်ဳိးသမီးမ်ားမွာ ဓမၼတာလာခ်ိန္ အလြန္ တုိေတာင္းေသာ အမ်ဳိးသမီးမ်ားတြင္ ျဖစ္ေလ့ရွိေၾကာင္းသိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။