Skip to main content
တစ်နိုင်ငံလုံးမဲစာရင်းများ အောက်တိုဘာလ ဒုတိယပတ်အတွင်း အကြမ်းဖျင်း ပြုစုပြီးစီးမည်
Ads Block

တစ်နိုင်ငံလုံးမဲစာရင်းများ အောက်တိုဘာလ ဒုတိယပတ်အတွင်း အကြမ်းဖျင်း ပြုစုပြီးစီးမည်

တစ်နိုင်ငံလုံးမဲစာရင်းများ အောက်တိုဘာလ ဒုတိယပတ်အတွင်း အကြမ်းဖျင်း ပြုစုပြီးစီးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

မဲစာရင်းများပြုစုနေမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၆ရက်တွင် အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယင်းသို့ ပြောခြင်းဖြစ်သည်။

“မဲစာရင်းတွေက ပြီးသလောက်ဖြစ်နေပြီ။ ရှေ့တစ်ပတ်ဆိုရင်တော့ အားလုံးပြီးပြီ။ အကြမ်းဖျင်းပေါ့။ အဲဒီတော့ ဒီ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစပေးမယ့်လူငယ်တွေလည်း မဲစာရင်းမှာ မပါမှာ စိုးရိမ်စိတ်တွေ မရှိဖို့ ပြောချင်တယ်။ မဲစာရင်းက နှစ်ခါကြေညာမှာဆိုတော့ အဲဒီအချိန်မှာ သူတို့သွားကြည့်ပေါ့။ကပ်ထားတုန်းလေ။ အဲဒီတော့ အဲဒီအချိန်မှာ ကြည့်တယ်ဆိုရင် မပါမှာ မပူရပါဘူး။ မဲစာရင်းမှာ မဲပေးခွင့်ရှိတဲ့ ပြည်သူလူထုအားလုံး မဲပေးနိုင်အောင် ရွေးကောက်ပွဲကော်မရှင်က ကြိုးစားနေပါတယ်’’ဟု ဦးမြင့်နိုင်က ပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူ သန်း၃၀ကျော်ရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲတွင်  မဲပေးခွင့်ရှိသူ ၅သန်းကျော်ခန့် တိုးလာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်မည့် လူငယ်ဦးရေမှာ ငါးသန်းကျော်ရှိကြောင်း သိရသည်။

“အခုမှ မဲစပေးမယ့် လူတွေကို အခုကတည်းက ဘယ်လိုမဲပေးရမယ်ဆိုတာ အသိပညာပေးလှုပ်ရှားမှုတွေလည်း လုပ်နေပြီ။ ရန်ကုန်၊မန္တလေး၊ ကချင်ပြည်နယ် ဒါတွေ အခု လုပ်နေတယ်။ ရွေးကောက်ပွဲနီးရင်လည်း အားလုံး ဆောင်ရွက်မှာပါ’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

တစ္ႏုိင္ငံလုံးမဲစာရင္းမ်ား ေအာက္တုိဘာလ ဒုတိယပတ္အတြင္း အၾကမ္းဖ်င္း ျပဳစုၿပီးစီးမည္

တစ္ႏုိင္ငံလုံးမဲစာရင္းမ်ား ေအာက္တုိဘာလ ဒုတိယပတ္အတြင္း အၾကမ္းဖ်င္း ျပဳစုၿပီးစီးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေျပာေရးဆုိခြင့္ရွိသူ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။

မဲစာရင္းမ်ားျပဳစုေနမႈႏွင့္ပတ္သက္၍ ေအာက္တုိဘာ ၆ရက္တြင္ အကုန္သိသတင္းဌာနက ဆက္သြယ္ေမးျမန္းရာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ယင္းသို႔ ေျပာျခင္းျဖစ္သည္။

“မဲစာရင္းေတြက ၿပီးသေလာက္ျဖစ္ေနၿပီ။ ေရွ႕တစ္ပတ္ဆုိရင္ေတာ့ အားလုံးၿပီးၿပီ။ အၾကမ္းဖ်င္းေပါ့။ အဲဒီေတာ့ ဒီ ၂၀၂၀ျပည့္ႏွစ္ေရြးေကာက္ပြဲမွာ မဲစေပးမယ့္လူငယ္ေတြလည္း မဲစာရင္းမွာ မပါမွာ စုိးရိမ္စိတ္ေတြ မရွိဖုိ႔ ေျပာခ်င္တယ္။ မဲစာရင္းက ႏွစ္ခါေၾကညာမွာဆုိေတာ့ အဲဒီအခ်ိန္မွာ သူတုိ႔သြားၾကည့္ေပါ့။ကပ္ထားတုန္းေလ။ အဲဒီေတာ့ အဲဒီအခ်ိန္မွာ ၾကည့္တယ္ဆုိရင္ မပါမွာ မပူရပါဘူး။ မဲစာရင္းမွာ မဲေပးခြင့္ရွိတဲ့ ျပည္သူလူထုအားလုံး မဲေပးႏုိင္ေအာင္ ေရြးေကာက္ပြဲေကာ္မရွင္က ႀကဳိးစားေနပါတယ္’’ဟု ဦးျမင့္ႏုိင္က ေျပာသည္။

၂၀၁၅ေရြးေကာက္ပြဲတြင္ တစ္ႏုိင္ငံလုံး ဆႏၵမဲေပးခြင့္ရွိသူ သန္း၃၀ေက်ာ္ရွိခဲ့ၿပီး ၂၀၂၀ေရြးေကာက္ပြဲတြင္  မဲေပးခြင့္ရွိသူ ၅သန္းေက်ာ္ခန္႔ တုိးလာႏုိင္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားထားသည္။ လာမည့္ ၂၀၂၀ေရြးေကာက္ပြဲတြင္ အသက္ ၁၈ႏွစ္ျပည့္မည့္ လူငယ္ဦးေရမွာ ငါးသန္းေက်ာ္ရွိေၾကာင္း သိရသည္။

“အခုမွ မဲစေပးမယ့္ လူေတြကုိ အခုကတည္းက ဘယ္လုိမဲေပးရမယ္ဆုိတာ အသိပညာေပးလႈပ္ရွားမႈေတြလည္း လုပ္ေနၿပီ။ ရန္ကုန္၊မႏၱေလး၊ ကခ်င္ျပည္နယ္ ဒါေတြ အခု လုပ္ေနတယ္။ ေရြးေကာက္ပြဲနီးရင္လည္း အားလုံး ေဆာင္ရြက္မွာပါ’’ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။