Skip to main content
အသတ်ခံရသည့် ကလေးတက္ကသိုလ်ကျောင်းသူအမှုတွင် ပြစ်မှုကျူးလွန်သူမှာ မူးယစ်ဆေးစွဲနေသော ရည်းစားဟောင်းဖြစ်နေ
Ads Block

အသတ်ခံရသည့် ကလေးတက္ကသိုလ်ကျောင်းသူအမှုတွင် ပြစ်မှုကျူးလွန်သူမှာ မူးယစ်ဆေးစွဲနေသော ရည်းစားဟောင်းဖြစ်နေ

ကလေးမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦး စာမေးပွဲဖြေဆိုရန် သွားရောက်ရာမှ အသတ်ခံရမှုတွင် ပြစ်မှုကျူး လွန်သူမှာ မူးယစ်ဆေးသုံးစွဲနေသော ရည်းစားဟောင်းဖြစ်နေကြောင်း သိရသည်။

အသတ်ခံရသည့် ကလေးတက္ကသိုလ်ကျောင်းသူအမှုတွင် ပြစ်မှုကျူးလွန်သူမှာ မူးယစ်ဆေးစွဲနေသော ရည်းစားဟောင်းဖြစ်နေ

ယင်းဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်သစ္စာရပ်ကွက်နေ တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန်(ခ)ချမ်းမွန်၊ (၁၈)နှစ်သည် စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၈ နာရီခွဲခန့်က ကျောင်းသို့ စာမေး ပွဲဖြေဆိုရန် သွားရောက်ရာမှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူ ဦးမောင်မောင်က ကလေးမြို့မရဲစခန်းတွင် လူ ပျောက်အမှတ်စဉ် ၂၂/၂၀၁၉ ဖြင့် ရေးဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် ကလေးတက္ကသိုလ်ကျောင်းသူအမှုတွင် ပြစ်မှုကျူးလွန်သူမှာ မူးယစ်ဆေးစွဲနေသော ရည်းစားဟောင်းဖြစ်နေ

သက်ဆိုင်ရာမှ စုံစမ်းရှာဖွေရာ မအေးချမ်းမွန်(ခ)ချမ်းမွန်သည် ရည်းစားဟောင်းဖြစ်သူ ဈာန်မင်းထက်နှင့် ဆက် သွယ်မှုရှိနေပြီး အောက်တိုဘာလ ၂ ရက်တွင် ဈာန်မင်းထက်သည် ချမ်းအေးသာစံမြို့နယ်ရှိ “မေခ၊မလိခ” တည်းခိုခန်း၌ ရောက်ရှိနေသည်ဟု သတင်းအရ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဆေးချက်အရ ဈာန်မင်းထက်သည်  စက်တင်ဘာလ ၂၅ ရက်တွင် ရည်းစားဟောင်းဖြစ်သူ မအေးချမ်းမွန် (ခ)ချမ်းမွန်အား ကလေးမြို့၊ မြို့အဝင်မုခ်ဦးသို့ လာရောက်ရန် ဖုန်းဖြင့်ဆက်သွယ်ချိန်းဆိုခဲ့ပြီး ကလေးမြို့၊ ကျီ ကုန်းကျေးရွာ၊ ရေဆန်ကျွန်းဘုရားအနီးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲနေသူဖြစ်ပြီး ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် မအေးချမ်းမွန်(ခ)ချမ်းမွန် အား လည်ပင်းညှစ်သတ်၍ အလောင်းအား ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ပြီး ဆိုင်ကယ်အား ယူဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၇ နာရီခွဲခန့်တွင် မအေးချမ်းမွန်(ခ)ချမ်းမွန်၏အလောင်းအား မြစ်သာမြစ်အတွင်းသို့ မျှောချ ဖျောက်ဖျက်ခဲ့ပြီး ဆိုင်ကယ်အား အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ရောင်းချခဲ့ရာ ဝယ်ယူသူ(စိစစ်ဆဲ)အား ၁၀၈၀၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာလ ၅ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မအေးချမ်းမွန်(ခ) ချမ်းမွန်၏ဖခင်ဖြစ်သူ ဦးမောင်မောင်မှ တိုင်တန်း၍ ဈာန်မင်းထက်၊ (၂၀)နှစ်ကို ကလေးမြို့မရဲစခန်း၌ (ပ)၂၁၄၅ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၂၀၁ (လူသတ်မှု၊ သတင်းပေးရန် ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

အသတ္ခံရသည့္ ကေလးတကၠသိုလ္ေက်ာင္းသူအမႈတြင္ ျပစ္မႈက်ဴးလြန္သူမွာ မူးယစ္ေဆးစြဲေနေသာ ရည္းစားေဟာင္းျဖစ္ေန

ကေလးၿမိဳ႕မွ တကၠသိုလ္ေက်ာင္းသူတစ္ဦး စာေမးပြဲေျဖဆိုရန္ သြားေရာက္ရာမွ အသတ္ခံရမႈတြင္ ျပစ္မႈက်ဴး လြန္သူမွာ မူးယစ္ေဆးသုံးစြဲေနေသာ ရည္းစားေဟာင္းျဖစ္ေနေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ ေအာင္သစၥာရပ္ကြက္ေန တကၠသိုလ္ေက်ာင္းသူ မေအးခ်မ္းမြန္(ခ)ခ်မ္းမြန္၊ (၁၈)ႏွစ္သည္ စက္တင္ဘာလ ၂၆ ရက္၊ နံနက္ ၈ နာရီခြဲခန္႔က ေက်ာင္းသို႔ စာေမး ပြဲေျဖဆိုရန္ သြားေရာက္ရာမွ ေပ်ာက္ဆုံးသြားသျဖင့္ ဖခင္ျဖစ္သူ ဦးေမာင္ေမာင္က ကေလးၿမိဳ႕မရဲစခန္းတြင္ လူ ေပ်ာက္အမွတ္စဥ္ ၂၂/၂၀၁၉ ျဖင့္ ေရးဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ စုံစမ္းရွာေဖြရာ မေအးခ်မ္းမြန္(ခ)ခ်မ္းမြန္သည္ ရည္းစားေဟာင္းျဖစ္သူ ဈာန္မင္းထက္ႏွင့္ ဆက္ သြယ္မႈရွိေနၿပီး ေအာက္တိုဘာလ ၂ ရက္တြင္ ဈာန္မင္းထက္သည္ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ “ေမခ၊မလိခ” တည္းခိုခန္း၌ ေရာက္ရွိေနသည္ဟု သတင္းအရ ေခၚေဆာင္စစ္ေဆးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

စစ္ေဆးခ်က္အရ ဈာန္မင္းထက္သည္  စက္တင္ဘာလ ၂၅ ရက္တြင္ ရည္းစားေဟာင္းျဖစ္သူ မေအးခ်မ္းမြန္ (ခ)ခ်မ္းမြန္အား ကေလးၿမိဳ႕၊ ၿမိဳ႕အဝင္မုခ္ဦးသို႔ လာေရာက္ရန္ ဖုန္းျဖင့္ဆက္သြယ္ခ်ိန္းဆိုခဲ့ၿပီး ကေလးၿမိဳ႕၊ က်ီ ကုန္းေက်း႐ြာ၊ ေရဆန္ကြၽန္းဘုရားအနီးသို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

၎သည္ မူးယစ္ေဆးဝါး သုံးစြဲေနသူျဖစ္ၿပီး ေငြေၾကးအခက္အခဲျဖစ္ေပၚေနသျဖင့္ မေအးခ်မ္းမြန္(ခ)ခ်မ္းမြန္ အား လည္ပင္းညႇစ္သတ္၍ အေလာင္းအား ခ်ဳံပုတ္အတြင္း၌ ဝွက္ထားခဲ့ၿပီး ဆိုင္ကယ္အား ယူေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ည ၇ နာရီခြဲခန္႔တြင္ မေအးခ်မ္းမြန္(ခ)ခ်မ္းမြန္၏အေလာင္းအား ျမစ္သာျမစ္အတြင္းသို႔ ေမွ်ာခ် ေဖ်ာက္ဖ်က္ခဲ့ၿပီး ဆိုင္ကယ္အား အြန္လိုင္းမွတစ္ဆင့္ ခ်ိတ္ဆက္ေရာင္းခ်ခဲ့ရာ ဝယ္ယူသူ(စိစစ္ဆဲ)အား ၁၀၈၀၀၀၀ က်ပ္ျဖင့္ ေရာင္းခ်ခဲ့သည္ဟု ဝန္ခံထြက္ဆိုခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာက္တိုဘာလ ၅ ရက္၊ ေန႔လယ္ ၁၂ နာရီ ၁၀ မိနစ္ခန္႔တြင္ မေအးခ်မ္းမြန္(ခ) ခ်မ္းမြန္၏ဖခင္ျဖစ္သူ ဦးေမာင္ေမာင္မွ တိုင္တန္း၍ ဈာန္မင္းထက္၊ (၂၀)ႏွစ္ကို ကေလးၿမိဳ႕မရဲစခန္း၌ (ပ)၂၁၄၅ /၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၂၀၁ (လူသတ္မႈ၊ သတင္းေပးရန္ ပ်က္ကြက္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေန ေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။