Skip to main content
မြန်မာပြည်နိုင်ငံရေးစနစ်အား ဘောလုံးပွဲလောက်ပင် စိတ်မဝင်စားကြကြောင်း ပြည်သူ့ပါတီမှ ကိုမြတ်ကျော်ပြော
Ads Block

မြန်မာပြည်နိုင်ငံရေးစနစ်အား ဘောလုံးပွဲလောက်ပင် စိတ်မဝင်စားကြကြောင်း ပြည်သူ့ပါတီမှ ကိုမြတ်ကျော်ပြော

မြန်မာပြည်နိုင်ငံရေးစနစ်အား ဘောလုံးပွဲတစ်ပွဲလောက်ပင် စိတ်မဝင်စားကြကြောင်း  ပြည်သူ့ပါတီမှ အလုပ်သမားရေးနှင့်လယ်သမားရေးရာကော်မတီမှ ကိုမြတ်ကျော်က ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာပြည်နိုင်ငံရေးစနစ်အား ဘောလုံးပွဲလောက်ပင် စိတ်မဝင်စားကြကြောင်း ပြည်သူ့ပါတီမှ ကိုမြတ်ကျော်ပြော

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၅၁ရပ်ကွက်၌ အောက်တိုဘာ ၆ရက်က ကျင်းပသော ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲတွင် ကိုမြတ်ကျော်က ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

“ ကျွန်တော်တို့တိုင်းပြည်မှာ လည်ပတ်နေတဲ့ လူမှုရေးစနစ်သည် ဘောလုံးပွဲလောင်းတယ်။ယောကျ်ားလေးတွေ မန်ယူပွဲဆို ဝုန်းဒိုင်းကျဲ။ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကို ဘယ်သူမှ စိတ်မဝင်စားဘူး။ ဘောလုံးပွဲတစ်ပွဲလောက် စိတ်မဝင်စားဘူး။ အဲဒီပြဿနာက။ အဲဒီပြဿနာက တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးပါတယ်’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မှန်ကန်သည့် ဒီမိုကရေစီ မရရှိသေးသည့်အတွက် ဆက်လက်ပြောင်းလဲရမည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီ ဥပဒေရေးရာမှ ဦးမြင့်အောင်က ပြောသည်။

 “ပြည့်ဝတဲ့ မှန်ကန်တဲ့ ဒီမိုကရေစီ စနစ်ရပြီလားမေးရင် ယနေ့ ကျွန်တော်တို့မရသေးပါဘူး။ ဒီရနေတဲ့ ဒီမိုကရေစီဟာ အုပ်ထိန်းမှုဒီမိုကရေစီပဲ ရနေပါသေးတယ်။ ဒါကို ဆက်လက်ပြောင်းလဲဖို့ ကျွန်တော်တို့ ခံယူတယ်။ ကျွန်တော်တို့နိုင်ငံရေးကို ဖြတ်သန်းလာတာ နှစ်ပေါင်း၃၀ကျော်ပါပြီ။၂၀၂၀အလွန်မှာ နိုင်ငံရေးလေဟာနယ်တစ်ခု ပေါ်လာလိမ့်မယ်လို့ တွက်ဆပါတယ်။ အဲဒီမှာ ကျွန်တော်တို့က မျိုးဆက်သစ်တွေနဲ့ ပေါင်းပြီးတော့ နိုင်ငံရဲ့လိုအပ်ချက်ဖြစ်တဲ့ ပြည်သူလူထုလုံခြုံမှု စိတ်အားတွေ၊ ရုပ်အားတွေ ရရှိနိုင်အောင် ပေါင်းစပ်လုပ်ဆောင်သွားမှာပါ’’ဟု ဦးမြင့်အောင်က ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ျမန္မာျပည္ႏုိင္ငံေရးစနစ္အား ေဘာလုံးပြဲေလာက္ပင္ စိတ္မ၀င္စားၾကေၾကာင္း ျပည္သူ႔ပါတီမွ ကုိျမတ္ေက်ာ္ေျပာ

ျမန္မာျပည္ႏုိင္ငံေရးစနစ္အား ေဘာလုံးပြဲတစ္ပြဲေလာက္ပင္ စိတ္မ၀င္စားၾကေၾကာင္း  ျပည္သူ႔ပါတီမွ အလုပ္သမားေရးႏွင့္လယ္သမားေရးရာေကာ္မတီမွ ကုိျမတ္ေက်ာ္က ထုတ္ေဖာ္ေျပာၾကားလုိက္သည္။

ရန္ကုန္ၿမဳိ႕၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပုိင္းၿမဳိ႕နယ္၊ ၅၁ရပ္ကြက္ ေအာက္တုိဘာ ၆ရက္က က်င္းပေသာ ျပည္သူ႔ပါတီ ရုံးခန္းဖြင့္ပြဲတြင္ ကုိျမတ္ေက်ာ္က ထုတ္ေဖာ္ေျပာၾကားလုိက္ျခင္းျဖစ္သည္။

“ ကြ်န္ေတာ္တုိ႔တုိင္းျပည္မွာ လည္ပတ္ေနတဲ့ လူမႈေရးစနစ္သည္ ေဘာလုံးပြဲေလာင္းတယ္။ေယာက်္ားေလးေတြ မန္ယူပြဲဆုိ ၀ုန္းဒုိင္းက်ဲ။ ဒီတုိင္းျပည္ရဲ႕ ႏုိင္ငံေရးစနစ္ကုိ ဘယ္သူမွ စိတ္မ၀င္စားဘူး။ ေဘာလုံးပြဲတစ္ပြဲေလာက္ စိတ္မ၀င္စားဘူး။ အဲဒီျပႆနာက။ အဲဒီျပႆနာက တုိင္းျပည္အတြက္ အင္မတန္ အႏၱရာယ္ႀကီးပါတယ္’’ဟု ၄င္းက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ မွန္ကန္သည့္ ဒီမိုကေရစီ မရရွိေသးသည့္အတြက္ ဆက္လက္ေျပာင္းလဲရမည္ျဖစ္ေၾကာင္းလည္း ျပည္သူ႔ပါတီ ဥပေဒေရးရာမွ ဦးျမင့္ေအာင္က ေျပာသည္။

 “ျပည့္၀တဲ့ မွန္ကန္တဲ့ ဒီမုိကေရစီ စနစ္ရၿပီလားေမးရင္ ယေန႔ ကြ်န္ေတာ္တုိ႔မရေသးပါဘူး။ ဒီရေနတဲ့ ဒီမုိကေရစီဟာ အုပ္ထိန္းမႈဒီမုိကေရစီပဲ ရေနပါေသးတယ္။ ဒါကုိ ဆက္လက္ေျပာင္းလဲဖုိ႔ ကြ်န္ေတာ္တုိ႔ ခံယူတယ္။ ကြ်န္ေတာ္တုိ႔ႏုိင္ငံေရးကုိ ျဖတ္သန္းလာတာ ႏွစ္ေပါင္း၃၀ေက်ာ္ပါၿပီ။၂၀၂၀အလြန္မွာ ႏုိင္ငံေရးေလဟာနယ္တစ္ခု ေပၚလာလိမ့္မယ္လုိ႔ တြက္ဆပါတယ္။ အဲဒီမွာ ကြ်န္ေတာ္တုိ႔က မ်ိဳးဆက္သစ္ေတြနဲ႔ ေပါင္းၿပီးေတာ့ ႏုိင္ငံရဲ႕လုိအပ္ခ်က္ျဖစ္တဲ့ ျပည္သူလူထုလုံၿခဳံမႈ စိတ္အားေတြ၊ ရုပ္အားေတြ ရရွိႏုိင္ေအာင္ ေပါင္းစပ္လုပ္ေဆာင္သြားမွာပါ’’ဟု ဦးျမင့္ေအာင္က ေျပာသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။