Skip to main content
ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းရှိ ပါတီရုံးခန်းဖွင့်ထားသော မြို့နယ်တိုင်း ပြည်သူ့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်
Ads Block

ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းရှိ ပါတီရုံးခန်းဖွင့်ထားသော မြို့နယ်တိုင်း ပြည်သူ့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်း ၎င်းတို့ပါတီရုံးခန်းဖွင့်ထားသော မြို့နယ်တိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ဗဟိုမှ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီမှ ကိုမြတ်ကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၅၁ရပ်ကွက်၌ အောက်တိုဘာ ၆ရက်က ကျင်းပသော ပါတီရုံးခန်းဖွင့်ပွဲတွင် ပြည်သူ့ပါတီ ဗဟိုမှ ကိုမြတ်ကျော်က အကုန်သိသတင်းဌာနသို့ ပြောခြင်းဖြစ်သည်။

“ ၂၀၂၀ရွေးကောက်ပွဲမှာ ကျွန်တော်တို့ စိတ်ကူးစိတ်ဆန္ဒကတော့ ကျွန်တော်တို့ရန်ကုန်တိုင်းအနေနဲ့ကတော့ ဖွင့်ပြီးသား မြို့နယ်တိုင်းမှာ အားလုံး ပြိုင်ချင်တယ်ပေါ့။ ပြိုင်ဖို့ စိတ်ကူးရှိတယ်။ ဗဟိုကလည်း ဘာပြောလဲဆိုတော့ ဒေသက ရွေးချယ်ပေးတဲ့ဒေသခံတွေကို လွှတ်တော်အမတ်အဖြစ် ရွေးချယ်ဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာ ပြည်သူ့ပါတီရုံးခန်းဖွင့်ပြီးတဲ့ မြို့နယ်တိုင်းမှာ ပြည်သူ့လွှတ်တော်၊ တိုင်း၁၊ တိုင်း၂  အနည်းဆုံး ဝင်ပြိုင်ဖို့ စိတ်ကူးတယ်ပေါ့။ ပြင်ဆင်တယ်ပေါ့’’ဟု ကိုမြတ်ကျော်ကပြောသည်။

ပြည်သူ့ပါတီသည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးကိုကိုကြီး၊ ဦးမင်းဇေယျတို့ ခေါင်းဆောင်ကာ တည်ထောင်ထားခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ် သြဂုတ်လ ၂၃ရက်တွင် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရမယ့် ပါတီတွေဆိုတာကတော့ လက်ရှိ အာဏရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ညွန့်ပေါင်းမလိုချင်ဘူးလို့ အမှုဆောင်အစည်းအဝေးက ထွက်လာတယ်။ သူကတော့ အင်တိုက်အားတိုက် လက်ရှိ အာဏာရပါတီလည်း ဖြစ်တယ်။ အင်တိုက်အားတိုက် အင်အား အဘက်ဘက်ကလည်း ရှိတယ်။ နှစ်ပေါင်း၃၀ရှိတယ်ဆိုတော့ သူတို့ကတော့ အဘက်ဘက်က ဝင်ပြိုင်မယ်။နောက် ကြံ့ခိုင်ရေးပါတီ ဒီပါတီကလည်း အစိုးရတစ်ရပ် တစ်စုံတစ်ရာ ဖြစ်ခဲ့ဖူးတယ်။ ငွေကြေးအင်အား၊ လူအင်အားတောင့်တင်းတော့ သူတို့လည်း အင်နဲ့အားနဲ့ ဝင်ပြိုင်မယ်။ နောက် သိပ်မကြာခင်က ထွက်လာတဲ့ ဦးရွှေမန်းခေါင်းဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဆိုတော့  ဒီ၂၀၂၀ကြီးကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်လာကြလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်’’ဟု ကိုမြတ်ကျော်က ထပ်မံပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိကာ အစိုးရဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆန္ဒမဲထက်ဝက်ကျော်ဖြင့် တစ်နိုင်ငံလုံးတွင် အနိုင်ရရှိကာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။


မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

ေရြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းရွိ ပါတီရုံးခန္းဖြင့္ထားေသာ ၿမဳိ႕နယ္တုိင္း ျပည္သူ႔ပါတီ ၀င္ေရာက္ယွဥ္ၿပဳိင္မည္

၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပည္သူ႔ပါတီအေနျဖင့္ ရန္ကုန္တိုင္းအတြင္း ၄င္းတို႔ပါတီရုံးခန္းဖြင့္ထားေသာ ၿမဳိ႕နယ္တုိင္းတြင္ ၀င္ေရာက္ယွဥ္ၿပဳိင္မည္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီ ဗဟုိမွ ေတာင္သူလယ္သမားႏွင့္ အလုပ္သမားေရးရာေကာ္မတီမွ ကုိျမတ္ေက်ာ္က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမဳိ႕နယ္၊ ၅၁ရပ္ကြက္ ေအာက္တုိဘာ ၆ရက္က က်င္းပေသာ ပါတီရုံးခန္းဖြင့္ပြဲတြင္ ျပည္သူ႔ပါတီ ဗဟုိမွ ကုိျမတ္ေက်ာ္က အကုန္သိသတင္းဌာနသုိ႔ ေျပာျခင္းျဖစ္သည္။

“ ၂၀၂၀ေရြးေကာက္ပြဲမွာ ကြ်န္ေတာ္တုိ႔ စိတ္ကူးစိတ္ဆႏၵကေတာ့ ကြ်န္ေတာ္တုိ႔ရန္ကုန္တုိင္းအေနနဲ႔ကေတာ့ ဖြင့္ၿပီးသား ၿမဳိ႕နယ္တုိင္းမွာ အားလုံး ၿပဳိင္ခ်င္တယ္ေပါ့။ ၿပဳိင္ဖုိ႔ စိတ္ကူးရွိတယ္။ ဗဟုိကလည္း ဘာေျပာလဲဆုိေတာ့ ေဒသက ေရြးခ်ယ္ေပးတဲ့ေဒသခံေတြကုိ လႊတ္ေတာ္အမတ္အျဖစ္ ေရြးခ်ယ္ဖုိ႔ တုိက္တြန္းေျပာဆုိမႈေတြလည္း ရွိပါတယ္။ ရန္ကုန္တုိင္းထဲမွာ ျပည္သူ႔ပါတီရုံးခန္းဖြင့္ၿပီးတဲ့ ၿမဳိ႕နယ္တုိင္းမွာ ျပည္သူ႔လႊတ္ေတာ္၊ တုိင္း၁၊ တုိင္း၂  အနည္းဆုံး ၀င္ၿပဳိင္ဖုိ႔ စိတ္ကူးတယ္ေပါ့။ ျပင္ဆင္တယ္ေပါ့’’ဟု ကုိျမတ္ေက်ာ္ကေျပာသည္။

ျပည္သူ႔ပါတီသည္ ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္မ်ားျဖစ္ၾကေသာ ဦးကုိကုိႀကီး၊ ဦးမင္းေဇယ်တုိ႔ ေခါင္းေဆာင္ကာ တည္ေထာင္ထားျခင္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ၾသဂုတ္လ ၂၃ရက္တြင္ ႏုိင္ငံေရးပါတီတစ္ရပ္အျဖစ္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က တည္ေထာင္ခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

“ ကြ်န္ေတာ္တုိ႔ပါတီအေနနဲ႔ ေရြးေကာက္ပြဲမွာ အဓိကယွဥ္ၿပဳိင္ရမယ့္ ပါတီေတြဆုိတာကေတာ့ လက္ရွိ အာဏရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ကေတာ့ ညြန္႔ေပါင္းမလုိခ်င္ဘူးလုိ႔ အမႈေဆာင္အစည္းအေ၀းက ထြက္လာတယ္။ သူကေတာ့ အင္တုိက္အားတုိက္ လက္ရွိ အာဏာရပါတီလည္း ျဖစ္တယ္။ အင္တုိက္အားတုိက္ အင္အား အဘက္ဘက္ကလည္း ရွိတယ္။ ႏွစ္ေပါင္း၃၀ရွိတယ္ဆုိေတာ့ သူတုိ႔ကေတာ့ အဘက္ဘက္က ၀င္ၿပဳိင္မယ္။ေနာက္ ႀကံ႕ခုိင္ေရးပါတီ ဒီပါတီကလည္း အစုိးရတစ္ရပ္ တစ္စုံတစ္ရာ ျဖစ္ခဲ့ဖူးတယ္။ ေငြေၾကးအင္အား၊ လူအင္အားေတာင့္တင္းေတာ့ သူတုိ႔လည္း အင္နဲ႔အားနဲ႔ ၀င္ၿပဳိင္မယ္။ ေနာက္ သိပ္မၾကာခင္က ထြက္လာတဲ့ ဦးေရႊမန္းေခါင္းေဆာင္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဆုိေတာ့  ဒီ၂၀၂၀ႀကီးကေတာ့ ၿမဳိင္ၿမဳိင္ဆုိင္ဆုိင္ႀကီး ျဖစ္လာၾကလိမ့္မယ္လုိ႔ ကြ်န္ေတာ္ကေတာ့ ျမင္တယ္’’ဟု ကုိျမတ္ေက်ာ္က ထပ္မံေျပာသည္။

၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ခုိင္ၿဖဳိးပါတီမွ အႏုိင္ရရွိကာ အစုိးရဖြဲ႔စည္းႏုိင္ခဲ့ၿပီး ၂၀၁၅ခုႏွစ္ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ တစ္ႏုိင္ငံလုံးတြင္ အႏုိင္ရရွိကာ အစုိးရသစ္တစ္ရပ္ ဖြဲ႔စည္းႏုိင္ခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။