Skip to main content
Ads Block

အထွက်နှုန်းကောင်းဖို့ရှိပေမယ့် ဈေးကွက်ကျဆင်းမှုနဲ့ ကြုံနေရတဲ့ လျှော်ဖြူတောင်သူများ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ ရာသီဥတုကောင်းမွန်မှုကြောင့် ဒီနှစ်လျှော်ဖြူအထွက်နှုန်းတိုးတက်လာခဲ့ပေမဲ့ ဈေးကွက်ကျဆင်းမှုတွေကြုံနေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်စတဲ့အခြားနေရာတွေက ထွက်ရှိတဲ့ လျှော်ဖြူ တွေဟာ စိုက်ပျိုးမှုမှာ  နည်းစနစ်ပိုင်းလိုအပ်ချက်တွေကြောင့်လည်း ဈေးနှိမ်ခံနေရတာဖြစ်ပါတယ်။

မကွေးတိုင်းမှာအများဆုံးထွက်ရှိတဲ့ကြာဆံမျှင်လျှော်ဖြူကိုတော့ ၁ပိသာကို ၁၆၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိပြီး မင်းဘူးမြို့နယ်ဘက်ကထွက်ရှိတဲ့အသန့်ဆုံးလျှော်ဖြူ ၁ ပိဿာကို ၁၆,၀၀၀ ကျပ်ကနေ အနည်းဆုံး ၈၀၀၀ ကျပ်အထိအဆင့်ဆင့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိရောင်းဝယ်နေမှုဈေးကွက်မှာ ရောင်းသူ၊ဝယ် သူနှစ်ဘက်လုံးအကြိုက်နည်းတဲ့အနေအထားဖြစ်ပြီး ယခင်၂၀၁၇ ခုနှစ်ကနဲ့ယှဉ်ရင် သုံးပုံးတစ်ပုံခန့် သာရှိတယ်လို့မင်းဘူးမြို့နယ်ကျွဲသုံးမြောင်ကျေးရွာမှ လျှော်ဖြူအဝယ်ဒိုင် ကိုရန်လင်းအောင်ကပြောပါတယ်။

ရိုက်ကူး - သက်မှူးအိမ်(မင်းဘူး)    တည်းဖြတ် - သူရိန်

--------- Zawgyi Version ---------

 


 






အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။