Skip to main content
သရုပ်ဆောင်လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ချုပ်ရမန်ယူ
Ads Block

သရုပ်ဆောင်လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ချုပ်ရမန်ယူ

သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအားကျူးလွန်ရန် အားထုတ်မှုပုဒ်မ-၃၀၇ ဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ချုပ်ရမန်ကို အောက်တိုဘာလ ၃ ရက်မှ ၁၇ ရက်အထိ ရယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်သည် ဟင်္ဂလန်သံပြားချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး မူးယစ်သောင်းကျန်းနေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။

ထို့အပြင် ရဲတပ်ကြပ်တစ်ဦးကိုလည်း ၎င်းကိုင်ဆောင်ထားသည့် ကတ်ကြေးဖြင့် ပြေးထိုးခဲ့သောကြောင့် ရဲတပ်သားတစ်ဦးက ၁၂ ဗို့ပန်အက်ရှင်သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဟင်္ဂလန်သံပြားချောင်းဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဆယ်သိန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးတွင် ဝဲဘက် လက်ကောက်ဝတ်အနီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ၎င်းတွင်လည်း ယာဘက်ပေါင်းရင်း၌ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

သ႐ုပ္ေဆာင္လင္းလက္ဟိန္းကို သဃၤန္းကြ်န္းၿမိဳ႕နယ္တရားရုံးတြင္ ဒုတိယအႀကိမ္ခ်ဳပ္ရမန္ယူ

သ႐ုပ္ေဆာင္လင္းလက္ဟိန္းကို လူသတ္မႈအားက်ဴးလြန္ရန္ အားထုတ္မႈပုဒ္မ-၃၀၇ ျဖင့္ သဃၤန္းကြ်န္းၿမိဳ႕နယ္တရားရုံးတြင္ ဒုတိယအႀကိမ္ခ်ဳပ္ရမန္ကို ေအာက္တိုဘာလ ၃ ရက္မွ ၁၇ ရက္အထိ ရယူခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္တြင္ စက္တင္ဘာလ ၁၉ ရက္၊ နံနက္ ၅ နာရီခြဲခန္႔က သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္သည္ ဟဂၤလန္သံျပားေခ်ာင္းႏွင့္ ကတ္ေၾကးတို႔ကို ကိုင္ေဆာင္ၿပီး မူးယစ္ေသာင္းက်န္းေနေသာေၾကာင့္ သက္ဆိုင္ရာတာဝန္႐ွိသူမ်ားက သြားေရာက္ထိန္းသိမ္းစဥ္ အုပ္ခ်ဳပ္ေရးမွဴးကို ဟဂၤလန္သံျပားေခ်ာင္းျဖင့္ ျပန္လည္႐ိုက္ႏွက္ခ့ဲေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ထို႔အျပင္ ရဲတပ္ၾကပ္တစ္ဦးကိုလည္း ၎ကိုင္ေဆာင္ထားသည့္ ကတ္ေၾကးျဖင့္ ေျပးထိုးခဲ့ေသာေၾကာင့္ ရဲတပ္သားတစ္ဦးက ၁၂ ဗို႔ပန္အက္ရွင္ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ဟဂၤလန္သံျပားေခ်ာင္းျဖင့္ ရိုက္ႏွက္ခဲ့မႈေၾကာင့္ ဆယ္သိန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေဇာ္ဦးတြင္ ဝဲဘက္ လက္ေကာက္ဝတ္အနီး ပြန္းပဲ့ဒဏ္ရာရရွိခဲ့ၿပီး ၎တြင္လည္း ယာဘက္ေပါင္းရင္း၌ ေပါက္ျပဲဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္ (သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတာနာပုံလမ္း၊ ဆယ္သိန္းရပ္ကြက္ေနသူ)ကို သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၀၇ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။