Skip to main content
ကလေးမြို့နေ အမျိုးသမီးတစ်ဦး ကျောင်းမှအပြန်၌ ဆိုင်ကယ်နှင့်အတူပျောက်ဆုံးသွားမှုကို စုံစမ်းစစ်ဆေးနေ
Ads Block

ကလေးမြို့နေ အမျိုးသမီးတစ်ဦး ကျောင်းမှအပြန်၌ ဆိုင်ကယ်နှင့်အတူပျောက်ဆုံးသွားမှုကို စုံစမ်းစစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး ကျောင်းမှအိမ်သို့အပြန်၌ ဆိုင်ကယ်နှင့်အတူပျောက်ဆုံးနေမှုကို သက်ဆိုင်ရာက စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ကလေးမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

ကလေးမြို့နေ အမျိုးသမီးတစ်ဦး ကျောင်းမှအပြန်၌ ဆိုင်ကယ်နှင့်အတူပျောက်ဆုံးသွားမှုကို စုံစမ်းစစ်ဆေးနေ

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နေတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သော မအေးချမ်းမွန်၊ (၁၈)နှစ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်တွင် ကျောင်းမှအိမ်သို့အပြန်၌ ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဦးမောင်မောင်ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရဲစခန်းသို့လူပျောက်တိုင်ကြားထားပြီးလက်ရှိအထိစုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“ ရေဆန်ကျွန်းဘုရားအောက်ခြေနားမှာအဓမ္မပြုကျင့်ခံရပြီးရေထဲပစ်ချလိုက်တယ်ဆိုပြီး ပတ်ဝန်းကျင်က ပြောနေကြတာကို ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလောက်အထိ လုပ်လိမ့်မယ်လို့ ရာနှုန်းပြည့်မယုံဘူးဗျာ။ မယုံ ၅၀% ၊ ယုံ ၅၀% ပေါ့။အဲဒီသတင်းကြောင့် လက်ရှိမှာ သက်ဆိုင်ရာကလည်း မြစ်သာမြစ်ထဲကိုသမီးရဲ့အလောင်းဆိုတာကိုလိုက်ရှာနေကြတယ်။ အခုထိတော့ ဘာမှမတွေ့သေးဘူး ” ဟုပျောက်ဆုံးနေသည့် မအေးချမ်းမွန်၏ ဖခင်ဦးမောင်မောင်က အကုန်သိသတင်းဌာနသို့ အောက်တိုဘာလ ၄ ရက်၊ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

ပျောက်ဆုံးနေသည့်မအေးချမ်းမွန်၏ဆိုင်ကယ်ကိုအောက်တိုဘာလ ၃ ရက်မနက်ပိုင်း၌ မန္တလေးမြို့တွင် မူးယစ်ဆေးရောင်းဝယ်လုပ်နေသည့် အမျိုးသားတစ်ဦးထံမှ တွေ့ရှိဖမ်းမိခဲ့ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်သူလို့ယူဆထားတဲ့သူတစ်ဦးကို မနေ့ကမန္တလေးမြို့ပေါ်မှာ ဆေးရောင်းဝယ်ပြုလုပ်နေစဉ်မှာ မထင်မှတ်ဘဲဖမ်းမိသွားတယ်။အဲဒါကြောင့် စစ်ဆေးမေးမြန်းတဲ့အခါမှာမအေးချမ်းမွန်ကိုသတ်ဖြတ်ပြီး အလောင်းကိုမြစ်ထဲပစ်ချတယ်၊ ဘာညာထွက်ဆိုတာပေါ့။ ဒါပေမဲ့အဲဒီကောင်က ဆေးသမားပုံစံလိုလည်း ဖြစ်နေတဲ့အတွက် အမှန်လို့ယူဆလို့မရဘူး။ ရဲတပ်ဖွဲ့ဘက်ကလည်း သူ့ထွက်ဆိုချက်ကိုအတည်ပြုဖို့ သက်သေလည်း အခုချိန်ထိမရသေးဘူးဖြစ်နေတယ်။ဒါပေမဲ့ မြစ်သာမြစ်ထဲကိုပစ်ချတယ်ဆိုတဲ့ မအေးချမ်းမွန်ကို လိုက်ရှာနေဆဲပါ။ သေသွားပြီလားဆိုတာလည်းအတည်ပြုလို့မရနိုင်သေးဘူး။ ဘာလို့လဲဆိုရင် မတော်လို့တစ်ယောက်ယောက်ကလည်းကယ်တင်ထားနိုင်တာတွေလည်းရှိတတ်တယ်လေ” ဟု ကလေးမြို့တွင်ပရဟိတအရေးဆောင်ရွက်နေသည့် ကိုဖိုးတင်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Facebook ပေါ်၌ ပြန့်နှံ့နေသည့်အကြောင်းအရာများမှာ ကောလာဟလများသာ ဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ကလေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

ကေလးၿမိဳ႕ေန အမ်ိဳးသမီးတစ္ဦး ေက်ာင္းမွအျပန္၌ ဆိုင္ကယ္ႏွင့္အတူေပ်ာက္ဆံုးသြားမႈကို စံုစမ္းစစ္ေဆးေန

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕တြင္ အသက္ ၁၈ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦး ေက်ာင္းမွအိမ္သို႔အျပန္၌ ဆိုင္ကယ္ႏွင့္အတူေပ်ာက္ဆံုးေနမႈကို သက္ဆိုင္ရာက စံုစမ္းရွာေဖြေနဆဲျဖစ္ေၾကာင္း ကေလးၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ေနတကၠသိုလ္ေက်ာင္းသူတစ္ဦးျဖစ္ေသာ မေအးခ်မ္းမြန္၊ (၁၈)ႏွစ္သည္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၅ ရက္တြင္ ေက်ာင္းမွအိမ္သို႔အျပန္၌ ဆိုင္ကယ္ႏွင့္အတူ ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ၄င္း၏ဖခင္ဦးေမာင္ေမာင္ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ရဲစခန္းသို႔လူေပ်ာက္တိုင္ၾကားထားၿပီးလက္ရွိအထိစံုစမ္းရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

“ ေရဆန္ကြ်န္းဘုရားေအာက္ေျခနားမွာအဓမၼျပဳက်င့္ခံရၿပီးေရထဲပစ္ခ်လိုက္တယ္ဆိုၿပီး ပတ္၀န္းက်င္က ေျပာေနၾကတာကို ကြ်န္ေတာ္ကိုယ္တိုင္ၾကားခဲ့ရတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ကေတာ့ အဲဒီေလာက္အထိ လုပ္လိမ့္မယ္လို႔ ရာႏႈန္းျပည့္မယံုဘူးဗ်ာ။ မယံု ၅၀% ၊ ယံု ၅၀% ေပါ့။အဲဒီသတင္းေၾကာင့္ လက္ရွိမွာ သက္ဆုိင္ရာကလည္း ျမစ္သာျမစ္ထဲကိုသမီးရဲ႕အေလာင္းဆိုတာကိုလုိက္ရွာေနၾကတယ္။ အခုထိေတာ့ ဘာမွမေတြ႔ေသးဘူး ” ဟုေပ်ာက္ဆံုးေနသည့္ မေအးခ်မ္းမြန္၏ ဖခင္ဦးေမာင္ေမာင္က အကုန္သိသတင္းဌာနသို႔ ေအာက္တိုဘာလ ၄ ရက္၊ ေန႔လယ္ ၁၂ နာရီတြင္ ေျပာသည္။

ေပ်ာက္ဆံုးေနသည့္မေအးခ်မ္းမြန္၏ဆိုင္ကယ္ကိုေအာက္တိုဘာလ ၃ ရက္မနက္ပိုင္း၌ မႏၱေလးၿမိဳ႕တြင္ မူးယစ္ေဆးေရာင္း၀ယ္လုပ္ေနသည့္ အမ်ိဳးသားတစ္ဦးထံမွ ေတြ႔ရွိဖမ္းမိခဲ့ေၾကာင္း သိရသည္။

“ျပစ္မႈက်ဴးလြန္သူလို႔ယူဆထားတဲ့သူတစ္ဦးကို မေန႔ကမႏၱေလးၿမိဳ႕ေပၚမွာ ေဆးေရာင္း၀ယ္ျပဳလုပ္ေနစဥ္မွာ မထင္မွတ္ဘဲဖမ္းမိသြားတယ္။အဲဒါေၾကာင့္ စစ္ေဆးေမးျမန္းတဲ့အခါမွာမေအးခ်မ္းမြန္ကိုသတ္ျဖတ္ၿပီး အေလာင္းကိုျမစ္ထဲပစ္ခ်တယ္၊ ဘာညာထြက္ဆိုတာေပါ့။ ဒါေပမဲ့အဲဒီေကာင္က ေဆးသမားပံုစံလိုလည္း ျဖစ္ေနတဲ့အတြက္ အမွန္လို႔ယူဆလို႔မရဘူး။ ရဲတပ္ဖြဲ႔ဘက္ကလည္း သူ႔ထြက္ဆိုခ်က္ကိုအတည္ျပဳဖို႔ သက္ေသလည္း အခုခ်ိန္ထိမရေသးဘူးျဖစ္ေနတယ္။ဒါေပမဲ့ ျမစ္သာျမစ္ထဲကုိပစ္ခ်တယ္ဆိုတဲ့ မေအးခ်မ္းမြန္ကို လိုက္ရွာေနဆဲပါ။ ေသသြားၿပီလားဆိုတာလည္းအတည္ျပဳလို႔မရႏုိင္ေသးဘူး။ ဘာလို႔လဲဆိုရင္ မေတာ္လို႔တစ္ေယာက္ေယာက္ကလည္းကယ္တင္ထားႏုိင္တာေတြလည္းရွိတတ္တယ္ေလ” ဟု ကေလးၿမိဳ႕တြင္ပရဟိတအေရးေဆာင္ရြက္ေနသည့္ ကိုဖိုးတင္ကေျပာသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ Facebook ေပၚ၌ ျပန္႔ႏွံ႔ေနသည့္အေၾကာင္းအရာမ်ားမွာ ေကာလာဟလမ်ားသာ ျဖစ္ၿပီး ရဲတပ္ဖြဲ႔အေနျဖင့္စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ကေလးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။