Skip to main content
ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ထိုင်းနယ်စပ်တစ်လျှောက် နှစ်လမ်းသွားကားလမ်းဖောက်မည်
Ads Block

ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ထိုင်းနယ်စပ်တစ်လျှောက် နှစ်လမ်းသွားကားလမ်းဖောက်မည်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်လမ်းကြောင်းတစ်လျှောက်တွင် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် အောက်တိုဘာ ၃ ရက်က ကျင်းပသည့် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ၉ ကြိမ်မြောက်ပြုလုပ်သည့် ပူးတွဲကော်မတီအစည်းအဝေးအပြီးတွင် သတင်းမီဒီယာများထံ ပြောခဲ့ခြင်းဖြစ်သည်။

 “ ဒီနှစ်လမ်းသွားလမ်းဖောက်လုပ်ရေးအတွက်က စနေပြီလို့ပြောလို့ရပါတယ်။ စက်ယန္တရားတွေနဲ့ ဆောင်ရွက်ဖို့ အတွက်ကတော့ ၂၀၂၀ ခုနှစ်မှာ ဆေက်လုပ်ရေးတင်ဒါတွေစခေါ်သွားမှာဖြစ်ပါတယ်။ လွှတ်တော်မှာ အတည်ပြုထားတဲ့ချေးငွေရဲ့ပမာဏကတော့ ထိုင်းဘတ်ငွေ ၄.၅ ဘီလျံဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောသည်။

အဆိုလမ်းစီမံကိန်းအတွက် လာမည့် ၂၀၂၀ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းတင်ဒါများ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် စီမံကိန်းတည်နေရာ၊ အခြေခံအဆောက်အဦးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကာ ထိုင်းနိုင်ငံနှင့်စီမံကိန်းတည်နေရာအကြား ရာသီမရွေး သွားလာနိုင်သည့် လမ်းမရှိခြင်းများကြောင့် စီမံကိန်းတွင်အခက်အခဲများရှိနေကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်လမ်းကြောင်းတစ်လျှောက်တွင် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ပြီးစီးပါက ထိုင်းနိုင်ငံအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အံ့ညီညီ- နေပြည်တော်(အကုန်သိသတင်းဌာန)

Zawgyi Version

ထား၀ယ္အထူးစီးပြားေရးဇုန္ႏွင့္ထိုင္းနယ္စပ္တစ္ေလွ်ာက္ ႏွစ္လမ္းသြားကားလမ္းေဖာက္မည္

ထား၀ယ္အထူးစီးပြားေရးဇုန္ႏွင့္ ထိုင္းနယ္စပ္လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ႏွစ္လမ္းသြားကားလမ္း ေဖာက္လုပ္သြားမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ သိရသည္။

ေနျပည္ေတာ္ရွိ Park Royal ဟိုတယ္တြင္ ေအာက္တိုဘာ ၃ ရက္က က်င္းပသည့္ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္းဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ၉ ႀကိမ္ေျမာက္ျပဳလုပ္သည့္ ပူးတြဲေကာ္မတီအစည္းအေဝးအၿပီးတြင္ သတင္းမီဒီယာမ်ားထံ ေျပာခဲ့ျခင္းျဖစ္သည္။

 “ ဒီႏွစ္လမ္းသြားလမ္းေဖာက္လုပ္ေရးအတြက္က စေနၿပီလို႔ေျပာလို႔ရပါတယ္။ စက္ယႏၱရားေတြနဲ႔ ေဆာင္ရြက္ဖို႔ အတြက္ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ေဆက္လုပ္ေရးတင္ဒါေတြစေခၚသြားမွာျဖစ္ပါတယ္။ လႊတ္ေတာ္မွာ အတည္ျပဳထားတဲ့ေခ်းေငြရဲ႕ပမာဏကေတာ့ ထိုင္းဘတ္ေငြ ၄.၅ ဘီလ်ံျဖစ္ပါတယ္” ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး၊ ထား၀ယ္အထူးစီးပြားေရးဇုန္ စီမံခန္႔ခဲြမႈေကာ္မတီမွဥကၠ႒ ေဒါက္တာထြန္းႏိုင္က ေျပာသည္။

အဆိုလမ္းစီမံကိန္းအတြက္ လာမည့္ ၂၀၂၀ ခုႏွစ္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းတင္ဒါမ်ား ေခၚယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထား၀ယ္အထူးစီးပြားေရးဇုန္စီမံကိန္းသည္ စီမံကိန္းတည္ေနရာ၊ အေျခခံအေဆာက္အဦးမ်ား၏ ဖြံ႔ၿဖိဳးတိုးတက္မႈမ်ားေၾကာင့္ ၾကန္႔ၾကာေနျခင္းျဖစ္ကာ ထိုင္းႏိုင္ငံႏွင့္စီမံကိန္းတည္ေနရာအၾကား ရာသီမေရြး သြားလာႏိုင္သည့္ လမ္းမ႐ွိျခင္းမ်ားေၾကာင့္ စီမံကိန္းတြင္အခက္အခဲမ်ား႐ွိေနေၾကာင္း သိရသည္။

ထား၀ယ္အထူးစီးပြားေရးဇုန္ႏွင့္ ထိုင္းနယ္စပ္လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ႏွစ္လမ္းသြားကားလမ္း ေဖာက္လုပ္ၿပီးစီးပါက ထိုင္းႏိုင္ငံအေနျဖင့္ ထား၀ယ္အထူးစီးပြားေရးဇုန္ဖြံ႔ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အံ့ညီညီ- ေနျပည္ေတာ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။