Skip to main content
ဒေါ်နော်အုန်းလှအား ဝန်းရံခဲ့သူ ၃ ဦးကို ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲဆို 
Ads Block

ဒေါ်နော်အုန်းလှအား ဝန်းရံခဲ့သူ ၃ ဦးကို ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲဆို 

ကရင်အာဇာနည်နေ့ကျင်းပခဲ့သည့်အတွက် ဖမ်းဆီးအရေးယူခံရသော ကရင်အမျိုးသမီးအစည်းအရုံး(KWU) ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှအား ဝန်းရံခဲ့သူ ၃ ဦးကို ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ဦးမှာ မစိန်ထွေး၊ နော်လာရှီးထူးနှင့် မဇာခြည်လင်းတို့ဖြစ်ပြီး ၎င်းတို့ကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် ကျောက်တံတားမြို့မရဲစခန်း၌ တရားစွဲထားခြင်းဖြစ်ကြောင်း မစိန်ထွေးထံမှသိရသည်။

“ဒီနေ့ပဲ ကျွန်မတို့ဆီ ကျောက်တံတားရဲစခန်းကဖုန်းဆက်လာတယ်။ ကျွန်မအပါအဝင် ၃ ဦးကိုပေါ့။ ငြိမ်းစုစီပုဒ်မ- ၁၉ နဲ့ တရားစွဲထားတယ်လို့ပဲ ပြောတယ်။ ဘာအကြောင်းကြောင့်ဆိုတာတော့ မပြောဘူး” ဟု မစိန်ထွေးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် ကရင်အမျိုးသမီးအစည်းအရုံး(KWU)ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ငြိမ်းစုစီပုဒ်မ- ၂၀ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးက အောက်တိုဘာလ ၂ ရက်တွင် ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့အား ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့သော်လည်း ချုပ်ရက်များအား ထုတ်နုတ်လိုက်သည့်အခါ ၎င်းသည် အချုပ်ဖြင့် ၇ ရက်ပိုနေခဲ့ရပြီး ကျန် ၂ ဦးမှာ ၄ ရက်ပိုနေရခဲ့ကြောင်း ဒေါ်နော်အုန်းလှထံမှ သိရသည်။

ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် တရားစွဲအဖွဲ့အစည်းများကို ကုလသမဂ္ဂနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း ဒေါ်နော်အုန်းလှက ပြောကြားထားသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

ေဒၚေနာ္အုန္းလွအား ဝန္းရံခဲ့သူ ၃ ဦးကို ၿငိမ္းစုစီပုဒ္မျဖင့္တရားစြဲဆို

ကရင္အာဇာနည္ေန႔က်င္းပခဲ့သည့္အတြက္ ဖမ္းဆီးအေရးယူခံရေသာ ကရင္အမ်ဳိးသမီးအစည္းအရုံး(KWU) ဥကၠ႒ ေဒၚေနာ္အုန္းလွအား ဝန္းရံခဲ့သူ ၃ ဦးကို ၿငိမ္းစုစီပုဒ္မျဖင့္ တရားစြဲခဲ့ေၾကာင္း သိရသည္။

အဆိုပါ ၃ ဦးမွာ မစိန္ေထြး၊ ေနာ္လာရွီးထူးႏွင့္ မဇာျခည္လင္းတို႔ျဖစ္ၿပီး ၎တို႔ကို ၿငိမ္းစုစီပုဒ္မ-၁၉ ျဖင့္ ေက်ာက္တံတားၿမိဳ႕မရဲစခန္း၌ တရားစြဲထားျခင္းျဖစ္ေၾကာင္း မစိန္ေထြးထံမွသိရသည္။

“ဒီေန႔ပဲ ကြ်န္မတို႔ဆီ ေက်ာက္တံတားရဲစခန္းကဖုန္းဆက္လာတယ္။ ကြ်န္မအပါအဝင္ ၃ ဦးကိုေပါ့။ ၿငိမ္းစုစီပုဒ္မ- ၁၉ နဲ႔ တရားစြဲထားတယ္လို႔ပဲ ေျပာတယ္။ ဘာအေၾကာင္းေၾကာင့္ဆိုတာေတာ့ မေျပာဘူး” ဟု မစိန္ေထြးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၂ ရက္က ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းျခံေရွ႕တြင္ ၆၉ ႀကိမ္ေျမာက္ ကရင္အာဇာနည္ေန႔ က်င္းပခဲ့သည့္အတြက္ ကရင္အမ်ဳိးသမီးအစည္းအရုံး(KWU)ဥကၠ႒ ေဒၚေနာ္အုန္းလွႏွင့္ ကရင္လူငယ္ ၂ ဦးကို ၿငိမ္းစုစီပုဒ္မ- ၂၀ ျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ံုးက ေအာက္တိုဘာလ ၂ ရက္တြင္ ေထာင္ဒဏ္ ၁၅ ရက္ အမိန္႔ခ်မွတ္္ခဲ့သည္။

၎တို႔အား ေထာင္ဒဏ္ ၁၅ ရက္ အမိန္႔ခ်မွတ္ခဲ့ေသာ္လည္း ခ်ဳပ္ရက္မ်ားအား ထုတ္ႏုတ္လိုက္သည့္အခါ ၎သည္ အခ်ဳပ္ျဖင့္ ၇ ရက္ပိုေနခဲ့ရၿပီး က်န္ ၂ ဦးမွာ ၄ ရက္ပိုေနရခဲ့ေၾကာင္း ေဒၚေနာ္အုန္းလွထံမွ သိရသည္။

ေထာင္ဒဏ္ ၁၅ ရက္ခ်မွတ္ခဲ့မႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းအစိုးရအဖြဲ႔ႏွင့္ တရားစြဲအဖြဲ႔အစည္းမ်ားကို ကုလသမဂၢႏွင့္ သက္ဆိုင္ရာအစိုးရအဖြဲ႔အစည္းမ်ားထံ တိုင္ၾကားသြားမည္ျဖစ္ေၾကာင္းလည္း ေဒၚေနာ္အုန္းလွက ေျပာၾကားထားသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။