Skip to main content
၁၃ နှစ်အရွယ်မိန်းကလေးအား ကားတင်ခိုးယူထွက်ပြေးသွားသောဆရာတော်ကို ဖမ်းဆီးရမိ
Ads Block

၁၃ နှစ်အရွယ်မိန်းကလေးအား ကားတင်ခိုးယူထွက်ပြေးသွားသောဆရာတော်ကို ဖမ်းဆီးရမိ

၁၃ နှစ်အရွယ်မိန်းကလေးအား ကားတင်ခိုးယူထွက်ပြေးသွားသော ဆရာတော်ကို ဖမ်းဆီးရမိသဖြင့် တရားစွဲဆိုနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

၁၃ နှစ်အရွယ်မိန်းကလေးအား ကားတင်ခိုးယူထွက်ပြေးသွားသောဆရာတော်ကို ဖမ်းဆီးရမိ

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ အထက်တန်းကျောင်းသို့ အဋ္ဌမတန်းကျောင်းသူ မ--------၊ ၁၃ နှစ်သည် စက်တင်ဘာလ ၃၀ ရက်၌ စာသင်ရန်သွားရောက်စဉ် ဆရာတော် ဦးစိုင်းအောင်မိုးကျော်(ဘွဲ့) ဦးအဂ္ဂဓမ္မ၊ သက်တော် ၄၀ နှစ်က ကားဖြင့်တင်ခေါ်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။

၁၃ နှစ်အရွယ်မိန်းကလေးအား ကားတင်ခိုးယူထွက်ပြေးသွားသောဆရာတော်ကို ဖမ်းဆီးရမိ

ထို့ကြောင့် ပေါင်းတလည်နယ်မြေရဲစခန်း၌ (ပ)၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ပြီး လိုက်လံရှာဖွေခဲ့ရာမှ ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မကို ဥသျှင်ပင်နယ်မြေရဲစခန်းအပိုင်ဖြစ်သော ကျောက်ဖူးကျေးရွှာအုပ်စု၊ ဆင်လူးကျေးရွာတွင် အောက်တိုဘာလ ၂ ရက်၌ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွ့ဲထံမှ သိရသည်။

“ကျွန်တော်တို့ ဥသျှစ်ပင်နယ်မြေရဲတပ်ဖွဲ့ဝင်တွေက မနေ့က(အောက်တိုဘာလ ၂ ရက်)၊ ည ၇ နာရီလောက်မှာ သတင်းရရှိပြီးတော့ သွားဖမ်းပေးနိုင်ခဲ့ပါတယ်။ အဲဒီဘုန်းကြီးနဲ့အတူ ၁၃ နှစ်အရွယ်ကောင်မလေးကိုလည်း တွေ့ရတယ်။ သူတို့ကပေါင်းတလည်မြို့ကနေ ဒီဥသျှစ်ပင်မြို့နယ်၊ ဆင်လူးကျေးရွာကအသိနေအိမ်မှာ လာတည်းခိုနေတာပေါ့။ အခုတော့ ပေါင်းတလည်နယ်မြေရဲစခန်းကိုလွှဲပေးပြီးသွားပါပြီ။ ကျန်တာကို အဲဒီရဲစခန်းကပဲ သူတို့ဆက်လုပ်ပါလိမ့်မယ်” ဟု ဥသျှစ်ပင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဦးစိုင်းအောင်မိုးကျော်(ဘွဲ့)ဦးအဂ္ဂဓမ္မသည် ပြည်မြို့နယ်၊ ရှမ်းကန်တော်ရကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်၌လည်းနှစ်အတန်ကြာနေထိုင်ဖူးသူဖြစ်ပြီး နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွှာ၊ ဉာဏ်တော်ရပ်နေထိုင်သူဖြစ်ကြောင်းရဲမှတ်တမ်းအရ သိရသည်။

“လူဝတ်လဲစေပြီးတော့ ဒီနေ့မှာပဲရုံးထုတ်ရမန်ရယူထားပြီးပါပြီ။ ဆက်လက်ပြီးတော့ တရားစွဲတင်ဖို့အတွက် ဆောင်ရွက်လျက်ရှိနေပါတယ်”ဟု ပေါင်းတလည်နယ်မြေရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတလည်နယ်မြေရဲစခန်းက ဦးအဂ္ဂဓမ္မ(လူအမည်)ဦးစိုင်းအောင်မိုးကျော်၊ ၄၀ နှစ်ကို တရားရုံးသို့ တရားစွဲတင်ရန်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - လှဌေး(အမိမြေ)ဥသျှစ်ပင်

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

၁၃ ႏွစ္အရြယ္မိန္းကေလးအား ကားတင္ခိုးယူထြက္ေျပးသြားေသာဆရာေတာ္ကို ဖမ္းဆီးရမိ

၁၃ ႏွစ္အရြယ္မိန္းကေလးအား ကားတင္ခိုးယူထြက္ေျပးသြားေသာ ဆရာေတာ္ကို ဖမ္းဆီးရမိသျဖင့္ တရားစြဲဆိုႏိုင္ရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ ေပါင္းတလည္ၿမိဳ႕၊ အထက္တန္းေက်ာင္းသို႔ အ႒မတန္းေက်ာင္းသူ မ--------၊ ၁၃ ႏွစ္သည္ စက္တင္ဘာလ ၃၀ ရက္၌ စာသင္ရန္သြားေရာက္စဥ္ ဆရာေတာ္ ဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕) ဦးအဂၢဓမၼ၊ သက္ေတာ္ ၄၀ ႏွစ္က ကားျဖင့္တင္ေခၚထြက္ေျပးသြားခဲ့ျခင္း ျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ေပါင္းတလည္နယ္ေျမရဲစခန္း၌ (ပ)၃၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၃ ျဖင့္ အမႈဖြင့္ၿပီး လိုက္လံရွာေဖြခဲ့ရာမွ ဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕)ဦးအဂၢဓမၼကို ဥသွ်င္ပင္နယ္ေျမရဲစခန္းအပိုင္ျဖစ္ေသာ ေက်ာက္ဖူးေက်းရႊာအုပ္စု၊ ဆင္လူးေက်းရြာတြင္ ေအာက္တိုဘာလ ၂ ရက္၌ ျပန္လည္ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း နယ္ေျမခံရဲတပ္ဖြ႔ဲထံမွ သိရသည္။

“ကြ်န္ေတာ္တို႔ ဥသွ်စ္ပင္နယ္ေျမရဲတပ္ဖြဲ႔၀င္ေတြက မေန႔က(ေအာက္တိုဘာလ ၂ ရက္)၊ ည ၇ နာရီေလာက္မွာ သတင္းရရွိၿပီးေတာ့ သြားဖမ္းေပးႏုိင္ခဲ့ပါတယ္။ အဲဒီဘုန္းႀကီးနဲ႔အတူ ၁၃ ႏွစ္အရြယ္ေကာင္မေလးကိုလည္း ေတြ႔ရတယ္။ သူတုိ႔ကေပါင္းတလည္ၿမိဳ႕ကေန ဒီဥသွ်စ္ပင္ၿမိဳ႕နယ္၊ ဆင္လူးေက်းရြာကအသိေနအိမ္မွာ လာတည္းခိုေနတာေပါ့။ အခုေတာ့ ေပါင္းတလည္နယ္ေျမရဲစခန္းကိုလႊဲေပးၿပီးသြားပါၿပီ။ က်န္တာကို အဲဒီရဲစခန္းကပဲ သူတို႔ဆက္လုပ္ပါလိမ့္မယ္” ဟု ဥသွ်စ္ပင္နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ဦးစိုင္းေအာင္မိုးေက်ာ္(ဘြဲ႕)ဦးအဂၢဓမၼသည္ ျပည္ၿမိဳ႕နယ္၊ ရွမ္းကန္ေတာ္ရေက်ာင္းတိုက္၏ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္ၿပီး ထိုင္းႏုိင္ငံဘက္၌လည္းႏွစ္အတန္ၾကာေနထုိင္ဖူးသူျဖစ္ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေနာင္ခ်ိဳႀကီးေက်းရႊာ၊ ဥာဏ္ေတာ္ရပ္ေနထိုင္သူျဖစ္ေၾကာင္းရဲမွတ္တမ္းအရ သိရသည္။

“လူ၀တ္လဲေစၿပီးေတာ့ ဒီေန႔မွာပဲရံုးထုတ္ရမန္ရယူထားၿပီးပါၿပီ။ ဆက္လက္ၿပီးေတာ့ တရားစြဲတင္ဖို႔အတြက္ ေဆာင္ရြက္လ်က္ရွိေနပါတယ္”ဟု ေပါင္းတလည္နယ္ေျမရဲစခန္းမွ တာ၀န္က်အရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေပါင္းတလည္နယ္ေျမရဲစခန္းက ဦးအဂၢဓမၼ(လူအမည္)ဦးစိုင္းေအာင္မိုးေက်ာ္၊ ၄၀ ႏွစ္ကို တရားရံုးသို႔ တရားစြဲတင္ရန္ေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။

ဓာတ္ပံု - လွေဌး(အမိေျမ)ဥသၽွစ္ပင္

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။