Skip to main content
dfbhreg
Ads Block

YPS ကတ်စနစ်တွင် ယာဉ်စီးခအားလုံး တန်းတူသတ်မှတ်ပေးသွားမည်

YPS ကတ်စနစ်တွင် ယာဉ်စီးခအားလုံးကိုတန်းတူသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့၊ ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် အောက်တိုဘာလ ၂ ရက်က ကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

drgtfg

“ယာဉ်စီးခပိုထည့်ရတဲ့ယာဉ်လိုင်းတွေရှိတယ်ဆိုပြီး တိုင်ကြားလာတာတွေရှိတယ်။ အထူးသဖြင့် ၃၇ ယာဉ်လိုင်းက ၁၀၀၀ အထိပေးရတယ်ဆိုပြီး တိုင်ကြားတာတွေရှိတယ်။ ဒါပေမဲ့ ၃၇ ယာဉ်လိုင်းသည် ထောက်ကြန့်ကနေထွက်တဲ့ကားရှိသလို ဥက္ကံကနေထွက်တဲ့ကားတွေရှိပါတယ်။ ဒါကြောင့်အစ/အဆုံးကို ၃၀၀ ထည့်ရတယ်။ တချို့ခရီးသည်တွေက ပတ်စီးကြတယ်။ ပတ်စီးကြတော့ ဟိုကဂိတ်စကနေထွက်တဲ့ ယာဉ်စီးခကို ထည့်ခိုင်းတယ်။ မပေးချင်ရင်မြို့တွင်းပတ်တဲ့ကားတွေရှိတယ်။ အဲဒီကားတွေစီးလို့ရပါတယ်။ အဲဒါမှမဟုတ်ဘဲ ပိုတောင်းရင်တော့ နံပါတ်နဲ့တကွ တိုင်ကြားလို့ရပါတယ်။ ဒီလိုကိစ္စတွေမဖြစ်အောင် YPS ကတ်စနစ်မှာ ယာဉ်စီးခ အားလုံးတန်းတူသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

sgvsgv

အဆိုပါ YPS ကတ်စနစ်ကို ပထမအဆင့်အနေဖြင့် မြို့တွင်းယာဉ်လိုင်းများဖြစ်သည့် YBS 56 ၊ YBS 57၊ YBS 58 ယာဉ်လိုင်းတို့တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်မှသာ လူတိုင်းသုံးနိုင်မည့် ကတ်စနစ်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

YPS ကတ်စနစ်သည် ယာဉ်စီးခပေးချေရာတွင်သာမက စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ Water Bus ၊ ရထား အစရှိသည့် နေရာများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယာဉ်စီးခကို မိုင်နှုန်းအလိုက်ကောက်ခံသွားမည်ဖြစ်ကာ ငွေပေးချေကတ်စနစ်၏ နည်းပညာပိုင်းကို ၆ လတစ်ကြိမ်အဆင့်မြင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

 စုသက်နှင်း(အကုန်သိသတင်းဌာန)

--------- Zawgyi Version --------

 

YPS ကတ္စနစ္တြင္ ယာဥ္စီးခအားလံုး တန္းတူသတ္မွတ္ေပးသြားမည္

YPS ကတ္စနစ္တြင္ ယာဥ္စီးခအားလံုးကိုတန္းတူသတ္မွတ္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕၊ က်ိဳကၠဆံလမ္းေပၚရွိ YRTA ရံုးခ်ဳပ္တြင္ ေအာက္တိုဘာလ ၂ ရက္က က်င္းပသည့္ အပတ္စဥ္သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ယာဥ္စီးခပိုထည့္ရတဲ့ယာဥ္လိုင္းေတြရွိတယ္ဆိုၿပီး တိုင္ၾကားလာတာေတြရွိတယ္။ အထူးသျဖင့္ ၃၇ ယာဥ္လိုင္းက ၁၀၀၀ အထိေပးရတယ္ဆိုၿပီး တိုင္ၾကားတာေတြရွိတယ္။ ဒါေပမဲ့ ၃၇ ယာဥ္လိုင္းသည္ ေထာက္ၾကန္႔ကေနထြက္တဲ့ကားရွိသလို ဥကၠံကေနထြက္တဲ့ကားေတြရွိပါတယ္။ ဒါေၾကာင့္အစ/အဆံုးကို ၃၀၀ ထည့္ရတယ္။ တခ်ိဳ႕ခရီးသည္ေတြက ပတ္စီးၾကတယ္။ ပတ္စီးၾကေတာ့ ဟိုကဂိတ္စကေနထြက္တဲ့ ယာဥ္စီးခကို ထည့္ခိုင္းတယ္။ မေပးခ်င္ရင္ၿမိဳ႕တြင္းပတ္တဲ့ကားေတြရွိတယ္။ အဲဒီကားေတြစီးလို႔ရပါတယ္။ အဲဒါမွမဟုတ္ဘဲ ပိုေတာင္းရင္ေတာ့ နံပါတ္နဲ႔တကြ တိုင္ၾကားလို႔ရပါတယ္။ ဒီလိုကိစၥေတြမျဖစ္ေအာင္ YPS ကတ္စနစ္မွာ ယာဥ္စီးခ အားလံုးတန္းတူသတ္မွတ္ေပးသြားမွာျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

အဆိုပါ YPS ကတ္စနစ္ကို ပထမအဆင့္အေနျဖင့္ ၿမိဳ႕တြင္းယာဥ္လိုင္းမ်ားျဖစ္သည့္ YBS 56 ၊ YBS 57၊ YBS 58 ယာဥ္လိုင္းတို႔တြင္ တပ္ဆင္အသံုးျပဳသြားမည္ျဖစ္ၿပီး လာမည့္ ၂၀၂၀ ခုႏွစ္မွသာ လူတိုင္းသံုးႏိုင္မည့္ ကတ္စနစ္ျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

YPS ကတ္စနစ္သည္ ယာဥ္စီးခေပးေခ်ရာတြင္သာမက စားေသာက္ဆိုင္မ်ား၊ ေစ်းဝယ္စင္တာမ်ား၊ Water Bus ၊ ရထား အစရွိသည့္ ေနရာမ်ားတြင္ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ယာဥ္စီးခကို မိုင္ႏႈန္းအလိုက္ေကာက္ခံသြားမည္ျဖစ္ကာ ေငြေပးေခ်ကတ္စနစ္၏ နည္းပညာပိုင္းကို ၆ လတစ္ႀကိမ္အဆင့္ျမင့္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။