Skip to main content
zsdbvsv
Ads Block

ရန်ကုန်တိုင်းအစိုးရနှင့် တရားစွဲအဖွဲ့အစည်းများကို ကုလသမဂ္ဂထံတိုင်ကြားသွားမည်ဟု ဒေါ်နော်အုန်းလှပြော

ကရင်အာဇာနည်နေ့ကျင်းပခဲ့မှုဖြင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရသော ဒေါ်နော်အုန်းလှက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်တရားစွဲအဖွဲ့အစည်းများကို ကုလသမဂ္ဂထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

qefwefqwe

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပခဲ့သည့်အတွက် ကရင်အမျိုးသမီးအစည်းအရုံး(KWU)ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှ ၊ ကရင်လူငယ်များ ဖြစ်သည့် စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို ငြိမ်းစုစီပုဒ်မ- ၂၀ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးက အောက်တိုဘာလ ၂ ရက်တွင် ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

hbsrghreg

“ ဒီအမှုအပေါ် အန်တီကတော့ပြင်ဆင်မှုတက်သွားမှာပါ။ ပြောချင်တာက အန်တီတို့က ထောင်ထဲမှာနေရတာ ပြဿနာမရှိပါဘူး။ ဒါပေမယ့်လို့ ဒီအမိန့်ချတဲ့အပေါ်လက်မခံတာက တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးတယ်။ တိုင်းရင်းသားလူမျိုးရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကို ထိခိုက်တယ်။ အဲဒီလို တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် ကုလသမဂ္ဂကိုတိုင်မှာပါ။ တိုင်မယ့်အထဲမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါမယ်။ ပြီးတဲ့အခါကျတော့ တရားစွဲတဲ့အုပ်စုတွေပါတိုင်မယ်ပေါ့။ မကြာမီမှာတိုင်မှာပါ။ ပြီးတော့ ဆိုင်ရာဆိုင်ရာတွေဆီလည်း တိုင်ကြားသွားမယ်” ဟု ဒေါ်နော်အုန်းလှက အကုန်သိသတင်းဌာနသို့ ပြောသည်။

၎င်းတို့အား ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့သော်လည်း ချုပ်ရက်များထုတ်နုတ်ခဲ့ရာ ချုပ်ရက် ၇ ရက် ပိုနေခဲ့ရပြီး ကျန် ၂ ဦးမှာ ၄ ရက်ပိုနေရခဲ့ကြောင်း ဒေါ်နော်အုန်းလှထံမှ သိရသည်။

zbdb

“ထောင်ဒဏ်ချတယ်ဆိုတာက အပြစ်ပေးတာပဲ။ အပြစ်ပေးတယ်ဆိုတာက ကရင်အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ချက်တွေအပေါ်မှာ အရေးယူတဲ့သဘောသက်ရောက်နေတယ်။ အမျိုးသားသွေးစည်းညီညွတ်ရေးကို တကယ်တည်ဆောက်မယ်ဆိုရင် ဒီနေ့ဖြစ်နေတဲ့ ကရင်အာဇာနည်နေ့လုပ်တဲ့ကိစ္စမှာ ဘာမှအရေးယူအပြစ်ပေးစရာအကြောင်းဘာမှမရှိဘူး။ ဒါက လုံးဝကွင်းလုံးချွတ် တရားသေလွတ်နိုင်ရမယ့်ကိစ္စ။ တကယ် တော့ နော်အုန်းလှအပါအဝင် သူတို့တွေမှာ အပြစ်မရှိဘူး။ ဒါက တိုင်းရင်းသားတွေရဲ့ တန်းတူညီတူနဲ့ ရပိုင်ခွင့်။ သူတို့ရဲ့ ဓလေ့ထုံးစံပေါ့နော်။ ကရင်အာဇာနည်နေ့လုပ်လို့ ထောင်ကျတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ယုံကြည်မှုပိုင်းတွေမှာ ဝေဖန်စရာ၊ ပြောစရာ၊ ထောက်စရာတွေ အများကြီးဖြစ်လာတာပေါ့။ အန်ကယ်ကတော့ အဲဒီလိုပဲမြင်တယ်” ဟု ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့မှအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည်။

အဆိုပါတရားစွဲခံရမှုနှင့်ပတ်သက်၍ ကရင်နိုင်ငံရေးပါတီများ၊ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စသည့်ပါတီများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများကလည်း သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

------ Zawgyi Version -------

 

 

ရန္ကုန္တိုင္းအစိုးရႏွင့္ တရားစြဲအဖြဲ႔အစည္းမ်ားကို ကုလသမဂၢထံတိုင္ၾကားသြားမည္ဟု ေဒၚေနာ္အုန္းလွေျပာ

ကရင္အာဇာနည္ေန႔က်င္းပခဲ့မႈျဖင့္ ေထာင္ဒဏ္ ၁၅ ရက္ခ်မွတ္ခံရေသာ ေဒၚေနာ္အုန္းလွက ရန္ကုန္တိုင္းအစိုးရအဖြဲ႔ႏွင့္တရားစြဲအဖြဲ႔အစည္းမ်ားကို ကုလသမဂၢထံ တိုင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၂ ရက္က ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းျခံေရွ႕တြင္ ၆၉ ႀကိမ္ေျမာက္ ကရင္အာဇာနည္ေန႔ က်င္းပခဲ့သည့္အတြက္ ကရင္အမ်ဳိးသမီးအစည္းအရုံး(KWU)ဥကၠ႒ ေဒၚေနာ္အုန္းလွ ၊ ကရင္လူငယ္မ်ား ျဖစ္သည့္ ေစာအဲလ္ဘတ္ခ်ဳိႏွင့္ စသိန္းေဇာ္မင္းတို႔ကို ၿငိမ္းစုစီပုဒ္မ- ၂၀ ျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ံုးက ေအာက္တိုဘာလ ၂ ရက္တြင္ ေထာင္ဒဏ္ ၁၅ ရက္ အမိန္႔ခ်မွတ္္ခဲ့ျခင္း ျဖစ္သည္။

“ ဒီအမႈအေပၚ အန္တီကေတာ့ျပင္ဆင္မႈတက္သြားမွာပါ။ ေျပာခ်င္တာက အန္တီတို႔က ေထာင္ထဲမွာေနရတာ ျပႆနာမရွိပါဘူး။ ဒါေပမယ့္လို႔ ဒီအမိန္႔ခ်တဲ့အေပၚလက္မခံတာက တိုင္းရင္းသားအခြင့္အေရးဆုံးရႈံးတယ္။ တိုင္းရင္းသားလူမ်ဳိးရဲ႕ ရိုးရာဓေလ့ယဥ္ေက်းမႈေတြကို ထိခိုက္တယ္။ အဲဒီလို တိုင္းရင္းသားအခြင့္အေရး ခ်ဳိးေဖာက္ခံရတဲ့အတြက္ ကုလသမဂၢကိုတိုင္မွာပါ။ တိုင္မယ့္အထဲမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႔ပါမယ္။ ၿပီးတဲ့အခါက်ေတာ့ တရားစြဲတဲ့အုပ္စုေတြပါတိုင္မယ္ေပါ့။ မၾကာမီမွာတိုင္မွာပါ။ ၿပီးေတာ့ ဆိုင္ရာဆိုင္ရာေတြဆီလည္း တိုင္ၾကားသြားမယ္” ဟု ေဒၚေနာ္အုန္းလွက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

၎တို႔အား ေထာင္ဒဏ္ ၁၅ ရက္ အမိန္႔ခ်မွတ္ခဲ့ေသာ္လည္း ခ်ဳပ္ရက္မ်ားထုတ္ႏုတ္ခဲ့ရာ ခ်ဳပ္ရက္ ၇ ရက္ ပိုေနခဲ့ရၿပီး က်န္ ၂ ဦးမွာ ၄ ရက္ပိုေနရခဲ့ေၾကာင္း ေဒၚေနာ္အုန္းလွထံမွ သိရသည္။

“ေထာင္ဒဏ္ခ်တယ္ဆိုတာက အျပစ္ေပးတာပဲ။ အျပစ္ေပးတယ္ဆိုတာက ကရင္အာဇာနည္ေန႔နဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္ခ်က္ေတြအေပၚမွာ အေရးယူတဲ့သေဘာသက္ေရာက္ေနတယ္။ အမ်ဳိးသားေသြးစည္းညီညြတ္ေရးကို တကယ္တည္ေဆာက္မယ္ဆိုရင္ ဒီေန႔ျဖစ္ေနတဲ့ ကရင္အာဇာနည္ေန႔လုပ္တဲ့ကိစၥမွာ ဘာမွအေရးယူအျပစ္ေပးစရာအေၾကာင္းဘာမွမရွိဘူး။ ဒါက လုံးဝကြင္းလုံးခြ်တ္ တရားေသလြတ္ႏိုင္ရမယ့္ကိစၥ။ တကယ္ ေတာ့ ေနာ္အုန္းလွအပါအဝင္ သူတို႔ေတြမွာ အျပစ္မရွိဘူး။ ဒါက တိုင္းရင္းသားေတြရဲ႕ တန္းတူညီတူနဲ႔ ရပိုင္ခြင့္။ သူတို႔ရဲ႕ ဓေလ့ထုံးစံေပါ့ေနာ္။ ကရင္အာဇာနည္ေန႔လုပ္လို႔ ေထာင္က်တယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ယုံၾကည္မႈပိုင္းေတြမွာ ေဝဖန္စရာ၊ ေျပာစရာ၊ ေထာက္စရာေတြ အမ်ားႀကီးျဖစ္လာတာေပါ့။ အန္ကယ္ကေတာ့ အဲဒီလိုပဲျမင္တယ္” ဟု ၁၉၉၀ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႔မွအတြင္းေရးမွဴး ဦးေဒးဗစ္လွျမင့္က ေျပာသည္။

အဆိုပါတရားစြဲခံရမႈႏွင့္ပတ္သက္၍ ကရင္ႏုိင္ငံေရးပါတီမ်ား၊ ကရင္အမ်ဳိးသား စည္းလံုးေရးႏွင့္ ၿငိမ္းခ်မ္းေရး ေကာ္မတီ(KUPC)၊ ကရင္အမ်ဳိးသားအစည္းအ႐ံုး(KNU) စသည့္ပါတီမ်ားႏွင့္ အရပ္ဖက္လူမႈ အဖြဲ႔အစည္းမ်ားကလည္း သေဘာထားေၾကညာခ်က္မ်ား ထုတ္ျပန္ထားသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။