Skip to main content
xbdfgb
Ads Block

ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးပို့ဆောင်မည့်အဖွဲ့နှင့် “ဝ” တောင်ပိုင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွား

ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးပို့ဆောင်မည့်အဖွဲ့နှင့် “ဝ” တောင်ပိုင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူအဖွဲ့မှ ဒဏ်ရာရရှိသူ ၁ ဦးအပါအဝင် ၈ ဦး၊ အလောင်း ၂ လောင်း၊ သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ft

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသောအဖွဲ့သည် "ဝ" ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသနယ်မြေကို ဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများပို့ဆောင်မည်ဟု သတင်းရရှိခဲ့သဖြင့် ၁၇၁ စစ်ဒေသ ကွပ်ကဲရေးမှူးနှင့် မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့တို့သည် ထိုင်းနယ်စပ်တစ်လျှောက်၌ စောင့်ဆိုင်းနေစဉ် အောက်တိုဘာလ ၁ ရက်က ဟွေအောမြို့နယ်၊ နမ့်ယွန်းကျေးရွာအနီးတွင် တွေ့ရှိခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

jm;gyjt

“သတင်းရထားလို့ စောင့်ဆိုင်းခဲ့တာ ရက် ၂၀ လောက်စောင့်ခဲ့ရတယ်။ သူတို့ဆီက အားလုံးပေါင်း ၁၀ ယောက်ပေါ့။ ၂ ယောက်ကတော့ အသေဖမ်းဆီးရမိခဲ့တယ်။ ၈ ယောက်ကတော့ အရှင်ပေါ့။ လက်နက်တချို့ ရယ်၊ မူးယစ်ဆေးဝါးရယ် ကျွန်တော်တို့ဖမ်းဆီးရမိခဲ့တယ်။ သူတို့တွေကို သက်ဆိုင်ရာဘက်ကို လွဲပြောင်းပေး ဖို့အတွက် ကျွန်တော်တို့တွေ စိစစ်နေတုန်းပါပဲ” ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

thtde

အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူအဖွဲ့မှ ဒဏ်ရာရရှိသူ ၁ ဦးအပါအဝင်  ၈ ဦး၊ အလောင်း ၂ လောင်း၊ သေနတ်(၁)လက်နှင့်အတူ WY စိတ်ကြွဆေးပြား (၁၈)သိန်းကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“ဖမ်းမိတာကတော့ ခဏခဏပဲ။ ကျွန်တော်တို့ မဖမ်းဘူးဆိုရင်တော့ ဒီမူးယစ်ဆေးဝါးတွေက ယိုးဒယားဘက် ရောက်တယ်ဆိုရင်တော့ ဒါ “ဝ” ဘက်ကနေလာတယ်လို့ မဟုတ်မမှန်စွပ်စွဲပေါင်းလည်း များခဲ့ပြီလေ။ နယ်စပ် တစ်ကြောဆိုတော့ ကျွန်တော်တို့ကလည်း ဘယ်လိုလုပ်ပိတ်နိုင်မတုန်း။ ကျွန်တော်တို့ လက်လှမ်းမမီတဲ့တော၊ တောင်တွေလည်း ရှိနေတာဆိုတော့လေ။ ကျွန်တော်တို့လည်း အထူးစီမံချက်တွေပြုလုပ်ပြီး ဖမ်းဆီးမှုတွေတော့ လုပ်နေပါတယ်” ဟု လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ဆက်လက်ပြောသည်။

gggf

ပြီးခဲ့သည့်သြဂုတ်လ ၂၆ ရက်ကလည်း ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ လွယ်လန်းဒေသတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အတွက် ထိုင်းစစ်တပ်နှင့်ပစ်ခတ်မှုဖြစ်ပွား၍ ထွက်ပြေးလာသောအဖွဲ့ကို UWSA က ဖမ်းဆီးရမိခဲ့ပြီး ေအာက္တိုဘာလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် မိုင်းတုံမြို့နယ်အခြေစိုက် မြန်မာ့တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ညီရန်း              နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

-------- Zawgyi Version --------

 

ထိုင္းႏိုင္ငံသို႔ မူးယစ္ေဆးဝါးပို႔ေဆာင္မည့္အဖြဲ႔ႏွင့္ “ဝ” ေတာင္ပိုင္းတပ္ဖြဲ႔တို႔တိုက္ပြဲျဖစ္ပြား

ထိုင္းႏိုင္ငံသို႔ မူးယစ္ေဆးဝါးပို႔ေဆာင္မည့္အဖြဲ႔ႏွင့္ “ဝ” ေတာင္ပိုင္းတပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး မူးယစ္ေဆးဝါး သယ္ေဆာင္လာသူအဖြဲ႔မွ ဒဏ္ရာရရွိသူ ၁ ဦးအပါအဝင္ ၈ ဦး၊ အေလာင္း ၂ ေလာင္း၊ ေသနတ္ႏွင့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာေသာအဖြဲ႔သည္ "ဝ" ျပည္ေတာင္ပိုင္း ၁၇၁ စစ္ေဒသနယ္ေျမကို ျဖတ္သန္း၍ ထိုင္းႏိုင္ငံသို႔ မူးယစ္ေဆးဝါးမ်ားပို႔ေဆာင္မည္ဟု သတင္းရရွိခဲ့သျဖင့္ ၁၇၁ စစ္ေဒသ ကြပ္ကဲေရးမွဴးႏွင့္ မူးယစ္အထူးႏွိမ္နင္းေရးတပ္ဖြဲ႔တို႔သည္ ထိုင္းနယ္စပ္တစ္ေလွ်ာက္၌ ေစာင့္ဆိုင္းေနစဥ္ ေအာက္တိုဘာလ ၁ ရက္က ေဟြေအာၿမိဳ႕နယ္၊ နမ့္ယြန္းေက်းရြာအနီးတြင္ ေတြ႔ရွိခဲ့ၿပီးေနာက္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“သတင္းရထားလို႔ ေစာင့္ဆိုင္းခဲ့တာ ရက္ ၂၀ ေလာက္ေစာင့္ခဲ့ရတယ္။ သူတို႔ဆီက အားလုံးေပါင္း ၁၀ ေယာက္ေပါ့။ ၂ ေယာက္ကေတာ့ အေသဖမ္းဆီးရမိခဲ့တယ္။ ၈ ေယာက္ကေတာ့ အရွင္ေပါ့။ လက္နက္တခ်ဳိ႕ ရယ္၊ မူးယစ္ေဆးဝါးရယ္ ကြ်န္ေတာ္တို႔ဖမ္းဆီးရမိခဲ့တယ္။ သူတို႔ေတြကို သက္ဆိုင္ရာဘက္ကို လြဲေျပာင္းေပး ဖို႔အတြက္ ကြ်န္ေတာ္တို႔ေတြ စိစစ္ေနတုန္းပါပဲ” ဟု “ဝ” ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္(UWSA)မွ လားရႈိးဆက္ဆံေရးရုံးတာဝန္ခံ ဦးညီရန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ မူးယစ္ေဆးဝါးသယ္ေဆာင္လာသူအဖြဲ႔မွ ဒဏ္ရာရရွိသူ ၁ ဦးအပါအဝင္  ၈ ဦး၊ အေလာင္း ၂ ေလာင္း၊ ေသနတ္(၁)လက္ႏွင့္အတူ WY စိတ္ႂကြေဆးျပား (၁၈)သိန္းကို ဖမ္းဆီးရမိခဲ့ၿပီး က်န္သူမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

“ဖမ္းမိတာကေတာ့ ခဏခဏပဲ။ ကြ်န္ေတာ္တို႔ မဖမ္းဘူးဆိုရင္ေတာ့ ဒီမူးယစ္ေဆးဝါးေတြက ယိုးဒယားဘက္ ေရာက္တယ္ဆိုရင္ေတာ့ ဒါ “ဝ” ဘက္ကေနလာတယ္လို႔ မဟုတ္မမွန္စြပ္စြဲေပါင္းလည္း မ်ားခဲ့ၿပီေလ။ နယ္စပ္ တစ္ေၾကာဆိုေတာ့ ကြ်န္ေတာ္တို႔ကလည္း ဘယ္လိုလုပ္ပိတ္ႏိုင္မတုန္း။ ကြ်န္ေတာ္တို႔ လက္လွမ္းမမီတဲ့ေတာ၊ ေတာင္ေတြလည္း ရွိေနတာဆိုေတာ့ေလ။ ကြ်န္ေတာ္တို႔လည္း အထူးစီမံခ်က္ေတြျပဳလုပ္ၿပီး ဖမ္းဆီးမႈေတြေတာ့ လုပ္ေနပါတယ္” ဟု လားရႈိးဆက္ဆံေရးရုံးတာဝန္ခံ ဦးညီရန္းက ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ၾသဂုတ္လ ၂၆ ရက္ကလည္း ရွမ္းျပည္နယ္၊ မိုင္းဆတ္ခ႐ိုင္၊ လြယ္လန္းေဒသတြင္ မူးယစ္ေဆးဝါး သယ္ေဆာင္လာသည့္အတြက္ ထိုင္းစစ္တပ္ႏွင့္ပစ္ခတ္မႈျဖစ္ပြား၍ ထြက္ေျပးလာေသာအဖြဲ႔ကို UWSA က ဖမ္းဆီးရမိခဲ့ၿပီး ေအာက္တိုဘာလ ၃ ရက္၊ ေန႔လယ္ပိုင္းတြင္ မိုင္းတုံၿမိဳ႕နယ္အေျခစိုက္ ျမန္မာ့တပ္မေတာ္ထံ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။

ဓာတ္ပုံ-ညီရန္း              ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။