Skip to main content
ပုဇွန်တောင်ဘူတာအဆင့်မြှင့်တင်မှုစီမံကိန်းတွင် ဈေးဝယ်စင်တာများ၊ အထပ်မြင့်အဆောက်အဦများ ပါဝင် 
Ads Block

ပုဇွန်တောင်ဘူတာအဆင့်မြှင့်တင်မှုစီမံကိန်းတွင် ဈေးဝယ်စင်တာများ၊ အထပ်မြင့်အဆောက်အဦများ ပါဝင် 

ပုဇွန်တောင်ဘူတာအဆင့်မြှင့်တင်မှုစီမံကိန်းတွင် ဈေးဝယ်စင်တာများ၊ အထပ်မြင့်အဆောက်အဦများနှင့် မီးရထားဝန်ထမ်းအိမ်ရာများ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းအတွက် JICA မှ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေပြီး ကွင်းဆင်းလေ့လာပြီးပါက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ပုဇွန်တောင်ဘူတာကို ကျွန်တော်တို့ဘက်ကလည်းအဆင့်မြှင့်တင်ဖို့ရှိသလို ဝန်ကြီးချုပ်ကလည်း လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဘာလို့လဲဆိုတော့ သူကအချက်အချာကျတဲ့နေရာမှာရှိတော့အဆင့်မြှင်တင်ဖို့ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဘူတာအချို့ကိုလည်း အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်”ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ယင်းလမ်းပိုင်းနှင့်ဆက်စပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အဆင့်မြှင့်တင်နေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရာတွင် ရန်ကုန်မြို့၏အဓိကဆုံချက်ဘူတာမှာ ပုဇွန်တောင်ဘူတာ ဖြစ်သောကြောင့် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version

ပုဇြန္ေတာင္ဘူတာအဆင့္ျမွင့္တင္မႈစီမံကိန္းတြင္ ေစ်း၀ယ္စင္တာမ်ား၊ အထပ္ျမင့္အေဆာက္အဦမ်ား ပါ၀င္

ပုဇြန္ေတာင္ဘူတာအဆင့္ျမွင့္တင္မႈစီမံကိန္းတြင္ ေစ်းဝယ္စင္တာမ်ား၊ အထပ္ျမင့္အေဆာက္အဦမ်ားႏွင့္ မီးရထားဝန္ထမ္းအိမ္ရာမ်ား ပါ၀င္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား(ေအာက္ျမန္မာျပည္ရံုး)မွ သိရသည္။

လက္ရွိတြင္ အဆိုပါစီမံကိန္းအတြက္ JICA မွ ေလ့လာဆန္းစစ္မႈမ်ား ေဆာင္ရြက္ေနၿပီး ကြင္းဆင္းေလ့လာၿပီးပါက လုပ္ထံုးလုပ္နည္းအရ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ပုဇြန္ေတာင္ဘူတာကို ကြ်န္ေတာ္တို႔ဘက္ကလည္းအဆင့္ျမွင့္တင္ဖို႔ရွိသလို ဝန္ႀကီးခ်ဳပ္ကလည္း လုပ္ခ်င္တဲ့ ဆႏၵရွိတယ္။ ဘာလို႔လဲဆိုေတာ့ သူကအခ်က္အခ်ာက်တဲ့ေနရာမွာရွိေတာ့အဆင့္ျမွင္တင္ဖို႔ေဆာင္ရြက္တာ ျဖစ္ပါတယ္။ ဘူတာအခ်ိဳ႕ကိုလည္း အဆင့္ျမွင့္တင္သြားဖို႔ရွိပါတယ္”ဟု ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္ရံုး)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ယင္းလမ္းပိုင္းႏွင့္ဆက္စပ္ေနသည့္ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းႏွင့္ ရန္ကုန္-မႏၱေလးရထားလမ္းပိုင္းကို အဆင့္ျမွင့္တင္ေနေၾကာင္း သိရသည္။

ရန္ကုန္-မႏၱေလးရထားလမ္းအဆင့္ျမွင့္တင္ရာတြင္ ရန္ကုန္ၿမိဳ႕၏အဓိကဆံုခ်က္ဘူတာမွာ ပုဇြန္ေတာင္ဘူတာ ျဖစ္ေသာေၾကာင့္ အျမန္ဆံုးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားထားသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။