Skip to main content
အယောင်ဆောင်အလှူခံဟုယူဆရသူ လူတစ်စုကိုဖမ်းဆီးရမိမှု ဝေါမြို့နယ်တွင်ဖြစ်ပွား 
Ads Block

အယောင်ဆောင်အလှူခံဟုယူဆရသူ လူတစ်စုကိုဖမ်းဆီးရမိမှု ဝေါမြို့နယ်တွင်ဖြစ်ပွား 

အယောင်ဆောင်အလှူခံဟု ယူဆရသူလူတစ်စုကို ဖမ်းဆီးရမိမှု ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နေ့လယ်ပိုင်းက မသင်္ကာဖွယ်ယာဉ်တစ်စီးကို စစ်ဆေးရန်သက်ဆိုင်ရာကတားဆီးသည်ကို မရပ်ပေးဘဲ စည်ပင်မောင်းတံကို တိုက်ကာထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ဝေါမြို့မရဲစခန်းသည် ဘုရားကြီးစုပေါင်းစစ်ဆေးရေးဂိတ်သို့အကြောင်းကြားပြီး ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ suzuki အမျိုးအစားခွေးဘီလူးကားပေါ်တွင် အသက် ၁၃ နှစ်အရွယ် ကလေး ၄ ဦး၊ အသက် ၂၀ နှစ်ခန့် အမျိုးသား ၁ ဦးနှင့် အသက် ၅၀ နှစ်အရွယ်အမျိုးသား ၁ ဦးတို့အား အလှူခံရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူတွေ့ရှိခဲ့ကြောင်း သိရသည်။

“ မသင်္ကာလို့တားတာကိုမရပ်ပေးဘဲ စည်ပင်ခွန်ကောက်ခံတဲ့မောင်းတံကိုက်ပြီးမောင်းပြေးလို့ ဘုရားကြီးဂိတ်ကို အကြောင်းကြားဖမ်းခိုင်းတာ” ဟု ဝေါမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်ပေါ်တွင်ပါရှိသည့်အဖွဲ့ခေါင်းဆောင်ဟုယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး လက်ရှိဖမ်းဆီးခံထားရသူများမှာ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေထိုင်သူများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

အမှုနှင့်ပတ်သက်၍ ဖမ်းဆီးမိသူများအား ဝေါမြို့မစခန်း၌ ဥပဒေနှင့်အညီအမှုဖွင့်နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

ဖြိုးကိုလင်း- ညောင်ဝိုင်း(အကုန်သိသတင်းဌာန)

Zawgyi Version

အေယာင္ေဆာင္အလွဴခံဟုယူဆရသူ လူတစ္စုကိုဖမ္းဆီးရမိမႈ ေ၀ါၿမိဳ႕နယ္တြင္ျဖစ္ပြား

အေယာင္ေဆာင္အလွဴခံဟု ယူဆရသူလူတစ္စုကို ဖမ္းဆီးရမိမႈ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးခရိုင္၊ ေ၀ါၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးခရိုင္၊ ေ၀ါၿမိဳ႕နယ္တြင္ ယေန႔(စက္တင္ဘာလ ၂၁ ရက္)၊ ေန႔လယ္ပိုင္းက မသကၤာဖြယ္ယာဥ္တစ္စီးကို စစ္ေဆးရန္သက္ဆုိင္ရာကတားဆီးသည္ကို မရပ္ေပးဘဲ စည္ပင္ေမာင္းတံကို တိုက္ကာထြက္ေျပးသြားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေ၀ါၿမိဳ႕မရဲစခန္းသည္ ဘုရားႀကီးစုေပါင္းစစ္ေဆးေရးဂိတ္သို႔အေၾကာင္းၾကားၿပီး ဖမ္းဆီးရမိသျဖင့္ စစ္ေဆးရာ suzuki အမ်ဳိးအစားေခြးဘီလူးကားေပၚတြင္ အသက္ ၁၃ ႏွစ္အရြယ္ ကေလး ၄ ဦး၊ အသက္ ၂၀ ႏွစ္ခန္႔ အမ်ိဳးသား ၁ ဦးႏွင့္ အသက္ ၅၀ ႏွစ္အရြယ္အမ်ိဳးသား ၁ ဦးတို႔အား အလွဴခံရာတြင္အသံုးျပဳသည့္ ပစၥည္းမ်ားႏွင့္အတူေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

“ မသကၤာလုိ႔တားတာကုိမရပ္ေပးဘဲ စည္ပင္ခြန္ေကာက္ခံတဲ့ေမာင္းတံကုိက္ၿပီးေမာင္းေျပးလုိ႔ ဘုရားၾကီးဂိတ္ကုိ အေၾကာင္းၾကားဖမ္းခုိင္းတာ” ဟု ေဝါၿမိဳ႕မရဲစခန္းမွတာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါယာဥ္ေပၚတြင္ပါရွိသည့္အဖြဲ႕ေခါင္းေဆာင္ဟုယူဆရသူမွာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး လက္ရွိဖမ္းဆီးခံထားရသူမ်ားမွာ ပဲခူးၿမိဳ႕၊ ကလ်ာဏီရပ္ကြက္ေနထုိင္သူမ်ားျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။

အမႈႏွင့္ပတ္သက္၍ ဖမ္းဆီးမိသူမ်ားအား ေဝါၿမိဳ႕မစခန္း၌ ဥပေဒႏွင့္အညီအမႈဖြင့္ႏုိင္ရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ၿဖိဳးကိုလင္း- ေညာင္ဝိုင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။