Skip to main content
လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်ပြန်လည်ရုပ်သိမ်းနိုင်သောအာဏာကို ပြည်သူများထံ မဖြစ်မနေ အပ်နှင်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော 
Ads Block

လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်ပြန်လည်ရုပ်သိမ်းနိုင်သောအာဏာကို ပြည်သူများထံ မဖြစ်မနေ အပ်နှင်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော 

လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်သောအာဏာကို မဲဆန္ဒရှင်ပြည်သူများထံ မဖြစ်မနေအပ်နှင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။

နေပြည်တော်တွင် စက်တင်ဘာလဒုတိယပတ်အတွင်းကျင်းပသော ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူရွေးချယ်တဲ့ကိုယ်စားလှယ်တွေနဲ့ အစိုးရဖွဲ့ပြီး ပြည်သူ့အရေးအရာတွေကိုစီမံခန့်ခွဲနေတဲ့ ဒီမိုကရေစီခေတ်ထဲမှာ အရည်အချင်းမပြည့်မီတဲ့၊ နိုင်ငံနဲ့လူမျိုးကိုသစ္စာမစောင့်တဲ့၊ ပြည်သူကိုလှည့်မကြည့်တဲ့ ကိုယ်စားလှယ်ဆိုသူများကိုမဲဆန္ဒရှင်များက တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်တဲ့အခွင့်အာဏာကိုလည်း ပြည်သူများကိုမဖြစ်မနေအပ်နှင်းရပါမယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲအစဉ်အဆက်အသုံးပြုခဲ့သော နိုင်သူအကုန်ယူစနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို မျှတစွာပေါင်းစပ်ကျင့်သုံးနိုင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သော ၂၀၁၀ ခုနှစ်၌ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးအစိုးရဖွဲ့စည်းနိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၌ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုရှုံးနိမ့်ခဲ့သည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား တာ၀န္ျပန္လည္ရုပ္သိမ္းႏိုင္ေသာအာဏာကို ျပည္သူမ်ားထံ မျဖစ္မေန အပ္ႏွင္းရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား တာ၀န္မွျပန္လည္ရုပ္သိမ္းႏိုင္ေသာအာဏာကို မဲဆႏၵရွင္ျပည္သူမ်ားထံ မျဖစ္မေနအပ္ႏွင္းရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးကေျပာသည္။

ေနျပည္ေတာ္တြင္ စက္တင္ဘာလဒုတိယပတ္အတြင္းက်င္းပေသာ ျပည္ခုိင္ၿဖဳိးပါတီဗဟုိေကာ္မတီ ပဥၥမအႀကိမ္အစည္းအေ၀း၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္သူေရြးခ်ယ္တဲ့ကိုယ္စားလွယ္ေတြနဲ႔ အစိုးရဖြဲ႔ၿပီး ျပည္သူ႔အေရးအရာေတြကိုစီမံခန္႔ခြဲေနတဲ့ ဒီမိုကေရစီေခတ္ထဲမွာ အရည္အခ်င္းမျပည့္မီတဲ့၊ ႏိုင္ငံနဲ႔လူမ်ိဳးကိုသစၥာမေစာင့္တဲ့၊ ျပည္သူကိုလွည့္မၾကည့္တဲ့ ကိုယ္စားလွယ္ဆိုသူမ်ားကိုမဲဆႏၵရွင္မ်ားက တာ၀န္မွျပန္လည္႐ုပ္သိမ္းႏိုင္တဲ့အခြင့္အာဏာကိုလည္း ျပည္သူမ်ားကိုမျဖစ္မေနအပ္ႏွင္းရပါမယ္”ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။

ထို႔အျပင္ ေရြးေကာက္ပြဲအစဥ္အဆက္အသံုးျပဳခဲ့ေသာ ႏုိင္သူအကုန္ယူစနစ္အစား အခ်ိဳးက်ကိုယ္စားျပဳစနစ္ကို မွ်တစြာေပါင္းစပ္က်င့္သံုးႏိုင္ရန္လိုအပ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားခဲ့သည္။

ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသည္ ၿပီးခဲ့ေသာ ၂၀၁၀ ခုႏွစ္၌ က်င္းပခဲ့ေသာ အေထြေထြေရြးေကာက္ပြဲတြင္ အႏိုင္ရရွိၿပီးအစိုးရဖြဲ႕စည္းႏုိင္ခဲ့ေသာ္လည္း ၂၀၁၅ ခုႏွစ္၌က်င္းပခဲ့ေသာ ေရြးေကာက္ပြဲတြင္မူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကိုရံႈးနိမ့္ခဲ့သည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။