Skip to main content
အိမ်ရှင်၏ ကလေး သောက်သုံးသည့်နို့မှုန့်ဗူးထဲ ဆပ်ပြာမှုန့်ရောထည့်ကာ မြန်မာ အိမ်အကူအား ချောက်ချခဲ့သည့် အင်ဒို အိမ်အကူ ထောင် သုံးနှစ်ကျ 
Ads Block

အိမ်ရှင်၏ ကလေး သောက်သုံးသည့်နို့မှုန့်ဗူးထဲ ဆပ်ပြာမှုန့်ရောထည့်ကာ မြန်မာ အိမ်အကူအား ချောက်ချခဲ့သည့် အင်ဒို အိမ်အကူ ထောင် သုံးနှစ်ကျ 

စင်ကာပူနိုင်ငံတွင် အင်ဒိုနီးရှား အိမ်အကူတစ်ဦးသည် လုပ်ဖော်ကိုင်ဖက် မြန်မာအိမ်အကူထက် သူက အလုပ်ပိုလုပ်နေရသည်ဟု တွေးကာ မနာလိုဖြစ်ပြီး အသက် ၃ လ သာရှိသေးသည့် အိမ်ရှင်၏ ကလေးငယ်အားတိုက်သည့် နို့မှုန့်ဘူးထဲသို့ ဆပ်ပြာမှုန့်များရောထည့်ခဲ့ကာ သူတစ်ပါးအပေါ် ချောက်ချခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်အကူအမျိုးသမီးငယ်အပေါ် ကိုယ်ရေးကိုယ်တာ အငြိုးထားစိတ်ဖြင့် ဒုက္ခရောက်စေရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးကြားနာမှုတွင် သူက ထွက်ဆိုခဲ့သည်။

အဆိပ်သင့်စေရန် ကြိုးပမ်းမှုစွဲချက်တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် အသက် ၂၉ နှစ်အရွယ် ယင်း အိမ်အကူကို စက်တင်ဘာ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့်ချခဲ့သည်။

တရားခံသည် ကလေးငယ်၏ ဦးလေးအတွက် အလုပ်လုပ်ပေးနေခဲ့သည်မှာ ၃ နှစ်ခွဲ ရှိပြီဖြစ်ပြီး တစ်အိမ်တည်းနေ ကလေးငယ်၏ မိခင်များက ငှားရမ်းခဲ့သည့် မြန်မာ အိမ်အကူအပေါ် မနာလိုဖြစ်ကာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဟုဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်နေ့က သူ့ကို မည်သူမျှ စောင့်ကြည့်မနေကြောင်း သေချာချိန်တွင် ယင်း အိမ်အကူက မီးဖိုချောင်ဗီရိုထဲမှ နို့မှုန့်ခပ်ဇွန်းကိုယူကာ ရေခဲသေတ္တာပေါ် ဖွက်ထားခဲ့သည်။ မီးပူတိုက်ပြီးသွားသည့်အခါ ရေခဲသေတ္တာပေါ်မှ နို့မှုန့်ဇွန်းကို ပြန်ယူပြီး အလုပ်ရှင်၏ အိပ်ခန်းထဲရှိ အိမ်သာသို့ သွားကာ ယင်း နို့မှုန့်ဇွန်းထဲသို့ ဆပ်ပြာမှုန့် နှစ်မျိုးကို ခပ်ယူခဲ့သည်။

ယင်းနောက် Karihome ဆိတ်နို့မှုန့်ဘူးထဲသို့ ခပ်ယူလာသည့် ဆပ်ပြာမှုန့်များ လောင်းထည့်ကာ ဇွန်းနှင့် ရောမွှေခဲ့ပြီး ဇွန်းကို အဝေးသို့လွှင့်ပစ်ခဲ့သည်။ ထိုနို့မှုန့်ဘူးသည် အိမ်တွင်ရှိသော  ၃ လ အရွယ် ကလေးငယ်လေးကိုတိုက်ရန်အတွက်သာ အသုံးပြုသည်ကို သူက သိရှိထားသည်။

နောက်တစ်နေ့တွင် ကလေး၏ မိခင်သည် ကလေးငိုနေသဖြင့် နို့ဘူးဖျော်ရန် ယင်း ဆပ်ပြာမှုန့်ရောထားသည့် နို့မှုန့်ကို အသုံးပြုခဲ့သည်။ နို့ဘူးကို လှုပ်နေစဉ် ဘူးအောက်ခြေ၌ ပန်းရောင်နှင့် အနက်ရောင်အမှုန့်များကို မိခင်ဖြစ်သူ သတိထားမိခဲ့သည်။ ယင်းအတွက် ယင်းနို့ရည်ကို မသုံးတော့ဘဲ ဆပ်ပြာရော နို့မှုန့်နှင့်ပင် အသစ်တစ်ဘူးထပ်ဖျော်ခဲ့သည်ဟု ရှေ့နေဖြစ်သူ ကျိုးရန် က ပြောဆိုခဲ့သည်။

ယင်း တစ်ကြိမ်တွင်လည်း အပြာရောင်အမှုန့်များ နို့ဘူးထဲတွင် တွေ့ခဲ့ပြန်သည်။ ထို့ကြောင့် မိခင်သည် နို့မှုန့်သံဗူးကို ဖွင့်ကြည့်လိုက်ရာ ဆပ်ပြာမှုန့်နှင့်တူသော အမွှေးနံ့ကို သတိထားမိခဲ့သည်ဟု တရားရုံးကြားနာ မှုတွင် ထွက်ဆိုခဲ့သည်။ တစ်စုံတစ်ရာ လွဲချော်နေသည်ဟု သံသယရှိသဖြင့် သူ၏ ကလေးအား မိခင်နို့သာ အစားထိုးတိုက်ကျွေးခဲ့သည်။

တရားခံသည် အသက် ၂၅ နှစ်အရွယ် မြန်မာအိမ်အကူအမျိုးသမီးကို မနာလိုဖြစ်ကာ ဆပ်ပြာမှုန့်များ ရောထည့်ပြီး ဒုက္ခရောက်အောင် ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ သူသည် တစ်အိမ်လုံး၏အလုပ်အားလုံး လုပ်နေရချိန်တွင် တစ်ခြားအိမ်အကူမှာ ကလေးထိန်းရုံသာဖြစ်သည့်အတွက် အလုပ်ခွဲဝေမှုကို စိတ်ပျက်ကာ မကျေမနပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ တခြားအိမ်အကူထက် သူက အလုပ်တွေပိုလုပ်နေရသည် ဟု ခံစားခဲ့ရကြောင်းနှင့် သူအလုပ်ရှင်အတွက် အလုပ်မလုပ်ပေးချင်တော့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်း ဆပ်ပြာမှုန့်ရောနေသော နို့မှုန့်ဘူးကို ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့မှ စစ်ဆေးပေးခဲ့ပြီးနောက် အဆိပ်အတောက်ဖြစ်နေကြောင်း အတည်ပြုပေးခဲ့သည်။

မိခင်၏ သတိရှိမှုကြောင့် ကလေးငယ် အသက်အန္တရာယ်မဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေက ပြောဆိုခဲ့သည်။

ခင်မေဖူး(အကုန်သိ သတင်းဌာန)

Zawgyi Version

အိမ္ရွင္၏ ကေလး ေသာက္သုံးသည့္ႏို႔မႈန္႔ဗူးထဲ ဆပ္ျပာမႈန္႔ေရာထည့္ကာ ျမန္မာ အိမ္အကူအား ေခ်ာက္ခ်ခဲ့သည့္ အင္ဒုိ အိမ္အကူ ေထာင္ သုံးႏွစ္က်

စင္ကာပူႏုိင္ငံတြင္ အင္ဒုိနီးရွား အိမ္အကူတစ္ဦးသည္ လုပ္ေဖာ္ကုိင္ဖက္ ျမန္မာအိမ္အကူထက္ သူက အလုပ္ပုိလုပ္ေနရသည္ဟု ေတြးကာ မနာလိုျဖစ္ၿပီး အသက္ ၃ လ သာရွိေသးသည့္ အိမ္ရွင္၏ ကေလးငယ္အားတိုက္သည့္ နို႔မႈန္႔ဘူးထဲသုိ ့ ဆပ္ျပာမႈန္႕မ်ားေရာထည့္ခဲ့ကာ သူတစ္ပါးအေပၚ ေခ်ာက္ခ်ခဲ့သည္။

ျမန္မာႏိုင္ငံမွ အိမ္အကူအမ်ိဳးသမီးငယ္အေပၚ ကိုယ္ေရးကိုယ္တာ အၿငိဳးထားစိတ္ျဖင့္ ဒုကၡေရာက္ေစရန္္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု တရားရံုးၾကားနာမႈတြင္ သူက ထြက္ဆုိခဲ့သည္။

အဆိပ္သင့္ေစရန္ ႀကိဳးပမ္းမႈစြဲခ်က္တြင္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ အသက္ ၂၉ ႏွစ္အရြယ္ ယင္း အိမ္အကူကုိ စက္တင္ဘာ ၂၀ ရက္တြင္ တရားရုံးက ေထာင္ဒဏ္ ၃ ႏွစ္ က်ခံေစရန္ အမိန္႔ခ်ခဲ့သည္။

တရားခံသည္ ကေလးငယ္၏ ဦးေလးအတြက္ အလုပ္လုပ္ေပးေနခဲ့သည္မွာ ၃ ႏွစ္ခြဲ ရွိၿပီျဖစ္ၿပီး တစ္အိမ္တည္းေန ကေလးငယ္၏ မိခင္မ်ားက ငွားရမ္းခဲ့သည့္ ျမန္မာ အိမ္အကူအေပၚ မနာလုိျဖစ္ကာ ယခုကဲ့သုိ ့ လုပ္ေဆာင္ခဲ့ျခင္းဟုဆုိသည္။

ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာ ၆ ရက္ေန႔က သူ႔ကုိ မည္သူမွ် ေစာင့္ၾကည့္မေနေၾကာင္း ေသခ်ာခ်ိန္တြင္ ယင္း အိမ္အကူက မီးဖိုေခ်ာင္ဗီရိုထဲမွ နို႔မႈန္႔ခပ္ဇြန္းကုိယူကာ ေရခဲေသတၱာေပၚ ဖြက္ထားခဲ့သည္။ မီးပူတိုက္ၿပီးသြားသည့္အခါ ေရခဲေသတၱာေပၚမွ ႏို႕မႈန္႔ဇြန္းကို ျပန္ယူၿပီး အလုပ္ရွင္၏ အိပ္ခန္းထဲရွိ အိမ္သာသို႔ သြားကာ ယင္း နို႔မႈန္႔ဇြန္းထဲသို႔ ဆပ္ျပာမႈန္႔ ႏွစ္မ်ိဳးကို ခပ္ယူခဲ့သည္။

ယင္းေနာက္ Karihome ဆိတ္ႏို႔မႈန္႕ဘူးထဲသို႔ ခပ္ယူလာသည့္ ဆပ္ျပာမႈန္႕မ်ား ေလာင္းထည့္ကာ ဇြန္းႏွင့္ ေရာေမႊခဲ့ၿပီး ဇြန္းကို အေဝးသို႔လႊင့္ပစ္ခဲ့သည္။ ထိုႏို႔မႈန္႔ဘူးသည္ အိမ္တြင္ရွိေသာ  ၃ လ အရြယ္ ကေလးငယ္ေလးကိုတိုက္ရန္အတြက္သာ အသံုးျပဳသည္ကုိ သူက သိရွိထားသည္။

ေနာက္တစ္ေန႔တြင္ ကေလး၏ မိခင္သည္ ကေလးငိုေနသျဖင့္ ႏို႔ဘူးေဖ်ာ္ရန္ ယင္း ဆပ္ျပာမႈန္႕ေရာထားသည့္ ႏို႔မႈန္႔ကို အသံုးျပဳခဲ့သည္။ နို႔ဘူးကို လႈပ္ေနစဥ္ ဘူးေအာက္ေျခ၌ ပန္းေရာင္ႏွင့္ အနက္ေရာင္အမႈန္႔မ်ားကို မိခင္ျဖစ္သူ သတိထားမိခဲ့သည္။ ယင္းအတြက္ ယင္းႏို႔ရည္ကုိ မသုံးေတာ့ဘဲ ဆပ္ျပာေရာ ႏုိ႔မႈန္႕ႏွင့္ပင္ အသစ္တစ္ဘူးထပ္ေဖ်ာ္ခဲ့သည္ဟု ေရွ႕ေနျဖစ္သူ က်ဳိးရန္ က ေျပာဆုိခဲ့သည္။

ယင္း တစ္ႀကိမ္တြင္လည္း အျပာေရာင္အမႈန္႔မ်ား ႏို႔ဘူးထဲတြင္ ေတြ႔ခဲ့ျပန္သည္။ ထို႔ေၾကာင့္ မိခင္သည္ ႏို႔မႈန္႔သံဗူးကို ဖြင့္ၾကည့္လိုက္ရာ ဆပ္ျပာမႈန္႔ႏွင့္တူေသာ အေမႊးနံ႔ကို သတိထားမိခဲ့သည္ဟု တရားရံုးၾကားနာ မႈတြင္ ထြက္ဆုိခဲ့သည္။ တစ္စံုတစ္ရာ လြဲေခ်ာ္ေနသည္ဟု သံသယရွိသျဖင့္ သူ၏ ကေလးအား မိခင္ႏို႔သာ အစားထိုးတိုက္ေကၽြးခဲ့သည္။

တရားခံသည္ အသက္ ၂၅ ႏွစ္အရြယ္ ျမန္မာအိမ္အကူအမ်ိဳးသမီးကို မနာလိုျဖစ္ကာ ဆပ္ျပာမႈန္႔မ်ား ေရာထည့္ၿပီး ဒုကၡေရာက္ေအာင္ ျပဳလုပ္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္။ သူသည္ တစ္အိမ္လံုး၏အလုပ္အားလံုး လုပ္ေနရခ်ိန္တြင္ တစ္ျခားအိမ္အကူမွာ ကေလးထိန္းရံုသာျဖစ္သည့္အတြက္ အလုပ္ခြဲေဝမႈကို စိတ္ပ်က္ကာ မေက်မနပ္ျဖစ္ခဲ့သည္ဟု ဆိုသည္။ တျခားအိမ္အကူထက္ သူက အလုပ္ေတြပိုလုပ္ေနရသည္ ဟု ခံစားခဲ့ရေၾကာင္းႏွင့္ သူအလုပ္ရွင္အတြက္ အလုပ္မလုပ္ေပးခ်င္ေတာ့ေၾကာင္း ထြက္ဆုိခဲ့သည္။

ယင္း ဆပ္ျပာမႈန္႕ေရာေနေသာ နို႔မႈန္႔ဘူးကိုု က်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႔မွ စစ္ေဆးေပးခဲ့ၿပီးေနာက္ အဆိပ္အေတာက္ျဖစ္ေနေၾကာင္း အတည္ျပဳေပးခဲ့သည္။

မိခင္၏ သတိရွိမႈေၾကာင့္ ကေလးငယ္ အသက္အႏၱရာယ္မျဖစ္ခဲ့ရျခင္းျဖစ္ေၾကာင္း ေရွ႕ေနက ေျပာဆုိခဲ့သည္။

ခင္ေမဖူး(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။