Skip to main content
ဘည်္ဘ
Ads Block

ဒေါက်တာမြတ်ဉာဏစိုးက သရုပ်ဆောင်လင်းလက်ဟိန်းအား အာမခံပေးမည်ဆိုခြင်းမှာ မဟုတ်မှန်

အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက သရုပ်ဆောင်လင်းလက်ဟိန်းကို ခင်မင်မှုအရ အာမခံပေးမည်ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း သိရသည်။

်ါ်ါ်ါ

အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ယနေ့(စက်တင်ဘာလ ၂၀ ရက်) ၌ ဒေါက်တာ မြတ်ဉာဏစိုးအား ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေရှင်းပေးခြင်းဖြစ်သည်။

“အဲဒီပုဂ္ဂိုလ်ကို ကျွန်တော်သိတောင်မသိပါဘူး။  တစ်ခုခုလွဲနေတယ် ထင်တယ်နော်။ ကျွန်တော်မသိပါဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မ-၃၀၇ ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သရုပ်ဆောင် လင်းလက်ဟိန်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ခင်မင်မှုအရအာမခံပေးမည်ဆိုသော သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

ါတမါ်တါ

လက်ရှိတွင် သရုပ်ဆောင်လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ချုပ်ရမန်ရယူထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်သည် ဟင်္ဂလန်သံပြား ချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး မူးယစ်သောင်းကျန်းနေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။

ထို့ပြင် ရဲတပ်ကြပ်တစ်ဦးကိုလည်း ၎င်းကိုင်ဆောင်ထားသည့် ကတ်ကြေးဖြင့် ပြေးထိုးခဲ့သောကြောင့် ရဲတပ်သား တစ်ဦးက ၁၂ ဗို့ပန်အက်ရှင်သေနတ်ဖြင့် တစ်ချက်ပစ်ခတ်၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဟင်္ဂလန်သံပြားချောင်းဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဆယ်သိန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးတွင် ဝဲဘက် လက်ကောက်ဝတ်အနီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ၎င်းတွင်လည်း ယာဘက်ပေါင်းရင်း၌ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါပုဒ်မ-၃၀၇ ဆိုသည်မှာ ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော်(သို့)လူသတ်မှုမြောက် နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှုတခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊ မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြု လျှင်၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သောသူအား နာကျင်စေလျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

-------- Zawgyi Version --------

 

ေဒါက္တာျမတ္ဥာဏစိုးက သ႐ုပ္ေဆာင္လင္းလက္ဟိန္းအား အာမခံေပးမည္ဆိုျခင္းမွာ မဟုတ္မွန္

အမ်ဳိးသားလြတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဥာဏစိုးက သ႐ုပ္ေဆာင္လင္းလက္ဟိန္းကို ခင္မင္မႈအရ အာမခံေပးမည္ဆိုသည့္သတင္းမ်ားမွာ မဟုတ္မွန္ေၾကာင္း သိရသည္။

အဆိုပါအေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ယေန႔(စက္တင္ဘာလ ၂၀ ရက္) ၌ ေဒါက္တာ ျမတ္ဥာဏစိုးအား ဆက္သြယ္ေမးျမန္းရာတြင္ အထက္ပါအတိုင္း ေျဖရွင္းေပးျခင္းျဖစ္သည္။

“အဲဒီပုဂၢိဳလ္ကို ကြ်န္ေတာ္သိေတာင္မသိပါဘူး။  တစ္ခုခုလြဲေနတယ္ ထင္တယ္ေနာ္။ ကြ်န္ေတာ္မသိပါဘူး” ဟု အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဥာဏစိုးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ လူသတ္မႈအား က်ဴးလြန္ရန္ အားထုတ္မႈပုဒ္မ-၃၀၇ ျဖင့္ ဖမ္းဆီးအမႈဖြင့္ခံထားရသည့္ သရုပ္ေဆာင္ လင္းလက္ဟိန္းကို ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ အတြင္းေရးမွဴးျဖစ္သည့္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဥာဏစိုးက ခင္မင္မႈအရအာမခံေပးမည္ဆိုေသာ သတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။

လက္ရွိတြင္ သရုပ္ေဆာင္လင္းလက္ဟိန္းကို သဃၤန္းကြၽန္းၿမိဳ႕နယ္တရားရုံး၌ စက္တင္ဘာလ ၁၉ ရက္မွ ေအာက္တိုဘာလ ၃ ရက္အထိ ခ်ဳပ္ရမန္ရယူထားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္တြင္ စက္တင္ဘာလ ၁၉ ရက္၊ နံနက္ ၅ နာရီခြဲခန္႔က သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္သည္ ဟဂၤလန္သံျပား ေခ်ာင္းႏွင့္ ကတ္ေၾကးတို႔ကို ကိုင္ေဆာင္ၿပီး မူးယစ္ေသာင္းက်န္းေနေသာေၾကာင့္ သက္ဆိုင္ရာတာဝန္႐ွိသူ မ်ားက သြားေရာက္ထိန္းသိမ္းစဥ္ အုပ္ခ်ဳပ္ေရးမွဴးကို ဟဂၤလန္သံျပားေခ်ာင္းျဖင့္ ျပန္လည္႐ိုက္ႏွက္ခ့ဲေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ထို႔ျပင္ ရဲတပ္ၾကပ္တစ္ဦးကိုလည္း ၎ကိုင္ေဆာင္ထားသည့္ ကတ္ေၾကးျဖင့္ ေျပးထိုးခဲ့ေသာေၾကာင့္ ရဲတပ္သား တစ္ဦးက ၁၂ ဗို႔ပန္အက္ရွင္ေသနတ္ျဖင့္ တစ္ခ်က္ပစ္ခတ္၍ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ဟဂၤလန္သံျပားေခ်ာင္းျဖင့္ ရိုက္ႏွက္ခဲ့မႈေၾကာင့္ ဆယ္သိန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေဇာ္ဦးတြင္ ဝဲဘက္ လက္ေကာက္ဝတ္အနီး ပြန္းပဲ့ဒဏ္ရာရရွိခဲ့ၿပီး ၎တြင္လည္း ယာဘက္ေပါင္းရင္း၌ ေပါက္ျပဲဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္ (သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတာနာပုံလမ္း၊ ဆယ္သိန္းရပ္ကြက္ေနသူ)ကို သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၀၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

အဆိုပါပုဒ္မ-၃၀၇ ဆိုသည္မွာ ျပဳလုပ္မႈတစ္ခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္(သို႔)လူသတ္မႈေျမာက္ ႏိုင္မည့္ ႀကံရြယ္ခ်က္ျဖင့္လည္းေကာင္း၊ ထိုကဲ့သို႔ေသာ (ျပဳလုပ္မႈတခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္ လူသတ္မႈေျမာက္ႏိုင္မည့္) ပတ္ဝန္းက်င္ေၾကာင္းျခင္းရာျဖင့္လည္းေကာင္း၊ မည္သူမဆို၊ ျပဳလုပ္မႈတစ္ခုခုကိုျပဳ လွ်င္၊ ထိုသူကို (၁၀)ႏွစ္ထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။

ထို႔ျပင္ ထိုျပဳလုပ္မႈျဖင့္ တစ္ဦးတစ္ေယာက္ေသာသူအား နာက်င္ေစလွ်င္၊ ထိုသူကို တစ္သက္တစ္ကၽြန္းဒဏ္ ျဖစ္ေစ၊ အထက္ကဆိုခဲ့ေသာ ျပစ္ဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္သည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။