Skip to main content
ထထ်ါ်ထါထ်ါ
Ads Block

ပန်ဆယ်လိုအား ၆၆(ဃ)ဖြင့်တရားစွဲထားသည့် အမျိုးသားရေးလှုပ်ရှားသူ နိုင်/လွတ်/လုံပုဒ်မဖြင့် ဖမ်းဆီးခံရ

Facebook ပေါ်တွင် လူသိများသူတစ်ဦးဖြစ်သော ပန်ဆယ်လို(ခ)အိမ့်ပိုးဥအား ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့် အမျိုးသားရေးလှုပ်ရှားသူ ဦးမောင်မောင်တာအား နိုင်လွတ်လုံပုဒ်မ-၁၀ ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ(၂)စားသောက်ဆိုင်တွင် ရဟန်းတစ်ပါးရိုက်နှက်ခံရမှုနှင့်ပတ်သက်၍ ပန်ဆယ်လို(ခ)အိမ့်ပိုးဥက ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ အမျိုးသားရေးလှုပ်ရှားသူ ဦးမောင်မောင်တာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက တာမွေမြို့မရဲစခန်းတွင် ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထ်ဘိ်ါိ်

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဦးမောင်မောင်တာက သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုခြင်းများ၊ ရေးသားခြင်းများပြုလုပ်ခဲ့သည်ဟုဆိုကာ ပန်ဆယ်လိုက ပြီးခဲ့သော ၂ လခန့်က နိုင်လွတ်လုံပုဒ်မ-၁၀ ဖြင့် ပြန်လည်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မကို ၆၆(ဃ)နဲ့ တရားစွဲထားတဲ့ကိစ္စကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်။ အဲဒီမှာ တရားရုံးက အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကို မဆုံးဖြတ်သေးခင်၊ တရားရုံးကိုတောင် မရောက်သေးတဲ့အချိန်မှာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ ပန်ဆယ်လို(ခ)အိမ့်ပိုးဥဆိုတဲ့ ဗွီနိုင်းနဲ့ပေါ့နော်။ အဲဒီလိုမျိုး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့အပေါ်မှာ ကျွန်မရဲ့ဂုဏ်သိက္ခာကိုထိခိုက်လို့ တရားစွဲခဲ့တာပါ။ မနေ့(စက်တင်ဘာလ ၁၉ ရက်)က တာမွေမြို့နယ်မှာ သူ့(ဦးမောင်မောင်တာ)ဘက်က စွဲထားတဲ့ရုံးချိန်းမှာပဲ သူ့ကိုလာပြီးတော့ ဖမ်းသွားတာပါပဲ” ဟု ပန်ဆယ်လို(ခ)အိမ့်ပိုးဥက အကုန်သိသတင်းဌာနသို့ ပြောသည်။

တ်ပနနမထမိ

ထို့ကြောင့် နိုင်လွတ်လုံပုဒ်မ-၁၀ ဖြင့် အမှုဖွင့်ခံရသော အမျိုးသားရေးလှုပ်ရှားသူ ဦးမောင်မောင်တာကို စက်တင်ဘာလ ၁၉ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိသတင်းဌာန) 

-------- Zawgyi Version --------

 

ပန္ဆယ္လိုအား ၆၆(ဃ)ျဖင့္တရားစြဲထားသည့္ အမ်ိဳးသားေရးလႈပ္ရွားသူ ႏုိင္/လြတ္/လံုပုဒ္မျဖင့္ ဖမ္းဆီးခံရ

Facebook ေပၚတြင္ လူသိမ်ားသူတစ္ဦးျဖစ္ေသာ ပန္ဆယ္လို(ခ)အိမ့္ပိုးဥအား ၆၆(ဃ)ျဖင့္ တရားစြဲဆိုထားသည့္ အမ်ိဳးသားေရးလႈပ္ရွားသူ ဦးေမာင္ေမာင္တာအား ႏိုင္လြတ္လုံပုဒ္မ-၁၀ ျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔လမ္းဆုံ၊ လမင္းသာ(၂)စားေသာက္ဆိုင္တြင္ ရဟန္းတစ္ပါးရိုက္ႏွက္ခံရမႈႏွင့္ပတ္သက္၍ ပန္ဆယ္လို(ခ)အိမ့္ပိုးဥက ၎၏ Facebook စာမ်က္ႏွာေပၚတြင္ ေဝဖန္ေရးသားခဲ့သည္ဟုဆိုကာ အမ်ိဳးသားေရးလႈပ္ရွားသူ ဦးေမာင္ေမာင္တာသည္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလက တာေမြၿမိဳ႕မရဲစခန္းတြင္ ၆၆(ဃ) ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ ဦးေမာင္ေမာင္တာက သတင္းစာရွင္းလင္းပြဲက်င္းပစဥ္ ပုဂၢိဳလ္ေရးတိုက္ခိုက္ေျပာဆိုျခင္းမ်ား၊ ေရးသားျခင္းမ်ားျပဳလုပ္ခဲ့သည္ဟုဆိုကာ ပန္ဆယ္လိုက ၿပီးခဲ့ေသာ ၂ လခန္႔က ႏိုင္လြတ္လုံပုဒ္မ-၁၀ ျဖင့္ ျပန္လည္အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္မကို ၆၆(ဃ)နဲ႔ တရားစြဲထားတဲ့ကိစၥကို သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တယ္။ အဲဒီမွာ တရားရုံးက အျပစ္ရွိတယ္၊ မရွိဘူးဆိုတာကို မဆုံးျဖတ္ေသးခင္၊ တရားရုံးကိုေတာင္ မေရာက္ေသးတဲ့အခ်ိန္မွာ ဗုဒၶဘာသာကို ေစာ္ကားတဲ့ ပန္ဆယ္လို(ခ)အိမ့္ပိုးဥဆိုတဲ့ ဗြီႏိုင္းနဲ႔ေပါ့ေနာ္။ အဲဒီလိုမ်ဳိး သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့တဲ့အေပၚမွာ ကြ်န္မရဲ႕ဂုဏ္သိကၡာကိုထိခိုက္လို႔ တရားစြဲခဲ့တာပါ။ မေန႔(စက္တင္ဘာလ ၁၉ ရက္)က တာေမြၿမိဳ႕နယ္မွာ သူ႔(ဦးေမာင္ေမာင္တာ)ဘက္က စြဲထားတဲ့ရုံးခ်ိန္းမွာပဲ သူ႔ကိုလာၿပီးေတာ့ ဖမ္းသြားတာပါပဲ” ဟု ပန္ဆယ္လို(ခ)အိမ့္ပိုးဥက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ထို႔ေၾကာင့္ ႏိုင္လြတ္လုံပုဒ္မ-၁၀ ျဖင့္ အမႈဖြင့္ခံရေသာ အမ်ဳိးသားေရးလႈပ္ရွားသူ ဦးေမာင္ေမာင္တာကို စက္တင္ဘာလ ၁၉ ရက္တြင္ ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 - 

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။