Skip to main content
bsrfgbrfg
Ads Block

တိုက်လေယာဉ် ပျက်ကျလို့ အရေးပေါ် လေထီးခုန်ထွက်တဲ့ လေသူရဲ မဟာဓါတ်အားလိုင်းပေါ် ချိတ်မိ  

           ပြင်သစ်နိုင်ငံမှာ ဘယ်ဂျီယံရဲ့ F-16 တိုက်လေယာဉ်တစ်စင်း နေအိမ်ပေါ် ပျက်ကျကာ မီးစွဲလောင်ခဲ့ပြီး လေယာဉ်ထဲက အရေးပေါ် လေထီးခုန်ထွက်ခဲ့တဲ့ လေသူရဲတစ်ဦးဟာ ဗို့အားမြင့် ဓါတ်အားလိုင်းတစ်ခုပေါ် နာရီအတော်ကြာအောင် ချိတ်မိကာ တွဲလောင်းဖြစ်နေခဲ့ပါတယ်။

              ဘရစ်တနီပြည်နယ်က ဓါတ်အားလိုင်းပေါ် လေထီးနဲ့အတူ တွဲလောင်းဖြစ်နေတဲ့ လေသူရဲ အသက်ဘေးကင်းဖို့အတွက် အရေးပေါ် လုပ်သားတွေ ကတိုက်ကရိုက် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အားလွှတ်ထားမှုကို ဖြတ်တောက်လိုက်တာကြောင့်သာ ၎င်းကို ဓါတ်မလိုက်ခဲ့တာဖြစ်ပါတယ်။

             ဖြစ်စဉ်အတွင်း ဒဏ်ရာရမှုရှိခဲ့တယ်ဆိုတဲ့ သတင်းတော့မကြားရဘဲ လေသူရဲကို အောက်ချ ပေးနေစဉ်နဲ့ မီးသတ်သမားတွေ မီးတောက်တွေကို ငြိမ်းသတ်နေစဉ်မှာ ပတ်ဝန်းကျင် နေအိမ်တွေက လူတွေကို ရွှေ့ပြောင်းပေးမှုတွေလုပ်ခဲ့ရပါတယ်။

            ဘရစ်တနီပြည်နယ် ပလူဗစ်ဂနာမြို့က နေအိမ်တစ်လုံး ရှေ့ပိုင်းနဲ့ ခေါင်မိုးတို့ လေယာဉ်တောင်ပံ တစ်ခုနဲ့ တိုက်မိခဲ့ကာ အနီးအနားက လယ်ကွင်းထဲ လေယာဉ် ပျက်ကျသွားခဲ့တာဖြစ်ကြောင်း တိုက်မိခဲ့တဲ့ နေအိမ်ပိုင်ရှင်က ပြောဆိုပါတယ်။ လေယာဉ်တိုက်မိခဲ့တာကြောင့် မိခင်နဲ့ ဖခင်ဖြစ်သူတို့ ကြောက်ရွံ့တုန်လှုပ် သွားခဲ့ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။

           လေယာဉ်ဟာ ဘယ်ဂျီယံနိုင်ငံကနေ ပြင်သစ်နိုင်ငံက ရေတပ်စခန်းတစ်ခုဆီ ပျံသန်းလာစဉ် ပျက်ကျသွားခဲ့တာဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

- ကိုလင်း (အကုန်သိ သတင်းဌာန)     The Sun

-------- Zawgyi Version --------

 

တုိက္ေလယာဥ္ ပ်က္က်လုိ႔ အေရးေပၚ ေလထီးခုန္ထြက္တဲ့ ေလသူရဲ မဟာဓါတ္အားလုိင္းေပၚ ခ်ိတ္မိ  

           ျပင္သစ္ႏုိင္ငံမွာ ဘယ္ဂ်ီယံရဲ႕ F-16 တုိက္ေလယာဥ္တစ္စင္း ေနအိမ္ေပၚ ပ်က္က်ကာ မီးစြဲေလာင္ခဲ့ၿပီး ေလယာဥ္ထဲက အေရးေပၚ ေလထီးခုန္ထြက္ခဲ့တဲ့ ေလသူရဲတစ္ဦးဟာ ဗုိ႕အားျမင့္ ဓါတ္အားလုိင္းတစ္ခုေပၚ နာရီအေတာ္ၾကာေအာင္ ခ်ိတ္မိကာ တြဲေလာင္းျဖစ္ေနခဲ့ပါတယ္။

              ဘရစ္တနီျပည္နယ္က ဓါတ္အားလုိင္းေပၚ ေလထီးနဲ႕အတူ တြဲေလာင္းျဖစ္ေနတဲ့ ေလသူရဲ အသက္ေဘးကင္းဖုိ ့အတြက္ အေရးေပၚ လုပ္သားေတြ ကတုိက္ကရုိက္ ကယ္ဆယ္ဖုိ ့ ႀကိဳးစားခဲ့ပါတယ္။ လွ်ပ္စစ္ဓါတ္အားလႊတ္ထားမႈကုိ ျဖတ္ေတာက္လုိက္တာေၾကာင့္သာ ၄င္းကုိ ဓါတ္မလုိက္ခဲ့တာျဖစ္ပါတယ္။

             ျဖစ္စဥ္အတြင္း ဒဏ္ရာရမႈရွိခဲ့တယ္ဆုိတဲ့ သတင္းေတာ့မၾကားရဘဲ ေလသူရဲကုိ ေအာက္ခ် ေပးေနစဥ္နဲ႕ မီးသတ္သမားေတြ မီးေတာက္ေတြကုိ ၿငိမ္းသတ္ေနစဥ္မွာ ပတ္၀န္းက်င္ ေနအိမ္ေတြက လူေတြကုိ ေရႊ႕ေျပာင္းေပးမႈေတြလုပ္ခဲ့ရပါတယ္။

            ဘရစ္တနီျပည္နယ္ ပလူဗစ္ဂနာၿမိဳ႕က ေနအိမ္တစ္လုံး ေရွ႕ပုိင္းနဲ႕ ေခါင္မုိးတုိ ့ ေလယာဥ္ေတာင္ပံ တစ္ခုနဲ႕ တုိက္မိခဲ့ကာ အနီးအနားက လယ္ကြင္းထဲ ေလယာဥ္ ပ်က္က်သြားခဲ့တာျဖစ္ေၾကာင္း တုိက္မိခဲ့တဲ့ ေနအိမ္ပုိင္ရွင္က ေျပာဆုိပါတယ္။ ေလယာဥ္တုိက္မိခဲ့တာေၾကာင့္ မိခင္နဲ႕ ဖခင္ျဖစ္သူတုိ ့ ေၾကာက္ရြံ႕တုန္လႈပ္ သြားခဲ့ေၾကာင္းလည္း ၄င္းက ေျပာဆုိပါတယ္။

           ေလယာဥ္ဟာ ဘယ္ဂ်ီယံႏုိင္ငံကေန ျပင္သစ္ႏုိင္ငံက ေရတပ္စခန္းတစ္ခုဆီ ပ်ံသန္းလာစဥ္ ပ်က္က်သြားခဲ့တာျဖစ္ေၾကာင္း ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန)     The Sun

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။