Skip to main content
သေဆုံးခဲ့တဲ့ နာမည်ကြီး ထိုင်းမော်ဒယ် မုဒိမ်းကျင့်ခံခဲ့ရဖွယ်ရှိဟု ကျွမ်းကျင်သူတွေ ပြော  
Ads Block

သေဆုံးခဲ့တဲ့ နာမည်ကြီး ထိုင်းမော်ဒယ် မုဒိမ်းကျင့်ခံခဲ့ရဖွယ်ရှိဟု ကျွမ်းကျင်သူတွေ ပြော  

           အမျိုးသား အဖော်တစ်ယောက်ရဲ့ ကွန်ဒိုတိုက်မှာ ပဟေဋိဆန်ဆန် သေဆုံးခဲ့တဲ့ နာမည်ကြီး ထိုင်းမော်ဒယ်ရဲ့ အလောင်းကို မူခင်းဆေးစစ်ချက်တွေလုပ်ခဲ့မှုအရ မုဒိမ်းကျင့်ခံခဲ့ရဖွယ်ရှိတဲ့ အထောက်အထားတွေ တွေ့ရကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ နာမည်ကြီး ထိုင်းမော်ဒယ် မုဒိမ်းကျင့်ခံခဲ့ရဖွယ်ရှိဟု ကျွမ်းကျင်သူတွေ ပြော  

             သစ်တီမာ နော်ရာဖန်ပီဖတ် အမည်ရ မော်ဒယ်ကို အင်္ဂါနေ့မနက်အစောပိုင်းက ဘန်ကောက်မြို့ သောင်ဘူရီအရပ်ရှိ ကွန်ဒိုတိုက် ဧည့်စောင့်ခန်းက ဆိုဖာပေါ်မှာ သေဆုံးလျက်တွေ့ခဲ့တာဖြစ်ပါတယ်။ လုံခြုံရေး ကင်မရာမှတ်တမ်းတွေအရ ယင်း မတိုင်ခင် တစ်ရက်က သတိလစ်နေတဲ့ အသက် ၂၅ နှစ်အရွယ် သူမကို အမျိုးသားတစ်ဦးက ကွန်ဒိုတိုက်ထဲ တွဲခေါ်လာတာတွေ့ရပြီး နောက်ပိုင်းမှာ ဆိုဖာပေါ် လာထားသွားခဲ့တာ တွေ့ရပါတယ်။ အမျိုးသားဖြစ်သူကို စစ်မေးမြန်းခဲ့မှုအရ ၎င်းဟာလည်း အလွတ်တန်းမော်ဒယ်တစ်ဦးဖြစ်ပြီး ရာချာဒက် ဝေါင်တာဘတ် အမည်ရကာ မော်ဒယ်သေဆုံးမှုမှာ အဓိက သံသယရှိခံရသူဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ နာမည်ကြီး ထိုင်းမော်ဒယ် မုဒိမ်းကျင့်ခံခဲ့ရဖွယ်ရှိဟု ကျွမ်းကျင်သူတွေ ပြော  

                ကနဦးစစ်ဆေးချက်တွေအရ သစ်တီမာဟာ နှလုံးရပ်သေဆုံးခဲ့တာလို့ ဆရာဝန်တစ်ဦးက မှတ်ချက်ပေးခဲ့ကာ သူမ သေဆုံးမှုဟာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့ အမှတ် ၈ မြိုတော် ရဲဌာနမှ စခန်းမှူး ဆမ်မရစ် တွန်တာအိုက ကောက်ချက်ချခဲ့ပါတယ်။ ရဲ စစ်ဆေးရေးမှူးတွေရဲ့ ကနဦးစစ်ဆေးမှုအရတော့ ပဟေဋိဖြစ်စရာအချက်တွေ ရှိနေသေးကာ သူမဟာ ဆေးသုံးထားတဲ့ လက္ခဏာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။ သံသယရှိသူတွေကို စွဲချက်မတင်မီ ဆေးစစ်ချက်တွေ ပြည့်ပြည့်စုံစုံလုပ်ဖို့ လိုသေးကြောင်း စခန်းမှူးက ပြောဆိုပါတယ်။

               သီရိရိုင်ဆေးရုံရဲ့  ဆေးစစ်ချက်အဖြေ တစ်စိတ်တစ်ပိုင်းအရ သူမရဲ့ အမျိုးသမီး အင်္ဂါမှာ အရည်တစ်ချို့နဲ့ ဒဏ်ရာအနာတရ ရထားတဲ့ လက္ခဏာမျိုး ကျွမ်းကျင်သူတွေ တွေ့ရှိထားကြတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း သူမ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ သုံးသပ်ချက်ပေးခြင်းမရှိဘဲ စစ်ဆေးမှုတွေ ထပ်လုပ်နေကာ သူမခန္ဓာကိုယ်မှာ ဓါတုပစ္စည်း တစ်မျိုးမျိုး ဒါမှမဟုတ် အဆိပ်အတောက်ပစ္စည်းတစ်မျိုးမျိုး ရှိ မရှိ၊ မ အင်္ဂါမှာတွေ့ခဲ့တဲ့ အရည်ဟာ ဘယ်သူ့ထံကလာတယ်ဆိုတာတို့ကို စစ်ဆေးနေကြောင်း သိရပါတယ်။

             သံသယရှိသူ မစ္စတာ ရာချာဒက်ထံက DNA တောင်းယူထားကာ ၎င်းရဲ့ ကွန်ဒို အခန်းတွင်းကို ရှာဖွေခဲ့မှုအရ သံသယဖြစ်ဖွယ် တစ်စုံတရာ မတွေ့ရပါဘူး။ ဒါပေမဲ့ သံသယရှိသူဟာ အမျိုးသမီးကို ဘာကြောင့် အကူအညီမပေးခဲ့တာလည်း ဆိုတာကို ရဲမှူးချုပ် ဆမ်မာရစ်က မေးခွန်းထုတ်ခဲ့သလို ၎င်းရဲ့ အခန်းကို ရှာဖွေဖို့ လုပ်စဉ် ကနဦးမှာ အရှာမခံခဲ့ဘဲ ရဲတပ်ဖွဲ့ဝင်တွေက အတင်းအကြပ်တံခါးဖွင့်ဝင်ရှာခဲ့ရတာကြောင့်လည်း ရဲမှူးချုပ်က သံသယဝင်နေပါတယ်။

             မစ္စတာ ရာချာဒက်ကို စစ်မေးခဲ့ရာမှာ ၎င်းနဲ့ သစ်တီမာတို့ ဘန်ဘူသောင်ခရိုင် နွန်သန်ဘူရီအရပ်ရှိ နေအိမ်တစ်ခုက ပါတီပွဲမှာ ဆုံတွေ့ခဲ့တာလို့ဆိုပါတယ်။ ပါတီပွဲမှာ သူတို့နှစ်ဦး အရက်သောက်ခဲ့ကြကြောင်း ဒါပေမဲ့ သူမကတော့ အတော်မူးသွားခဲ့တာကြောင့် သူ့ ကွန်ဒိုအခန်းကို ခေါ်သွားတာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ခေါ်သွားခဲ့ကြောင်း သိရပါတယ်။ အိမ်ရှင် ချိုင်ယာဖွန် ပန်နာရဲ့ အပြောအရ အမည်ပြောင် ဘဲလ်လို့လည်းခေါ်တဲ့ သစ်တီမာကို ဧည့်သည်တွေကို ဖျော်ဖြေဖို့နဲ့ အတူ သောက်စားကြဖို့ တနင်္လာနေ့မှာ ဘတ် ၃၀၀၀ နဲ့ သူ ငှားရမ်းခဲ့တာလို့ဆိုပါတယ်။ ပါတီမှာ မစ္စတာ ရာချာဒက်နဲ့ သူမတို့ ရင်းနှီးသွားကြတာကို သူ သတိပြုမိခဲ့ကြောင်းလည်း အိမ်ရှင်က ပြောပါတယ်။

               မစ္စတာ ရာချာဒက်က သူ့အခန်းကို ရောက်ချိန်မှာ သူမရဲ့ အဝတ်အစားတွေကို လဲပေးခဲ့တယ်လို့ လည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူလည်း မူးနေတာကြောင့် လိင်ဆက်ဆံတာတော့ မလုပ်ခဲ့ဘူးလို့ ငြင်းခဲ့ပါတယ်။ စစ်ဆေးရေးမှူးတွေရဲ့ အပြောအရ သစ်တီမာရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ရည်းစားဖြစ်သူတို့ အခန်းကို လိုက်လာပြီလို့ သူငယ်ချင်းဖြစ်သူက ဖုန်းလှမ်းဆက်ချိန်မှာ သံသယရှိသူဟာ သူမကို အခန်းထဲက ထုတ်လာပြီး ကွန်ဒို ဧည့်ခန်းက ဆိုဖာပေါ် ထားပစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

             ဒါ့အပြင် မစ္စတာ ရာချာဒက်ဟာ သတိလစ်နေတဲ့ အမျိုးသမီးနဲ့ ဓါတ်ပုံတွဲရိုက်ကာ ၎င်းရဲ့ ဖေ့စ်ဘုတ်မှာ တင်ခဲ့ပြီး သူရဲ့ “နံပါတ် ၁၀၀ မြောက် ဇနီး” ဆိုတဲ့ စာသားရေးထားခဲ့သေးကာ နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။ 

ဘန်ကောက်ပို့စ်

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ေသဆုံးခဲ့တဲ့ နာမည္ႀကီး ထုိင္းေမာ္ဒယ္ မုဒိမ္းက်င့္ခံခဲ့ရဖြယ္ရွိဟု ကၽြမ္းက်င္သူေတြ ေျပာ  

           အမ်ဳိးသား အေဖာ္တစ္ေယာက္ရဲ႕ ကြန္ဒုိတုိက္မွာ ပေဟဋိဆန္ဆန္ ေသဆုံးခဲ့တဲ့ နာမည္ႀကီး ထုိင္းေမာ္ဒယ္ရဲ႕ အေလာင္းကုိ မူခင္းေဆးစစ္ခ်က္ေတြလုပ္ခဲ့မႈအရ မုဒိမ္းက်င့္ခံခဲ့ရဖြယ္ရွိတဲ့ အေထာက္အထားေတြ ေတြ႕ရေၾကာင္း စုံစမ္းစစ္ေဆးေရးအဖြဲ႕ သတင္းရင္းျမစ္တစ္ဦးက ေျပာဆုိခဲ့ပါတယ္။

             သစ္တီမာ ေနာ္ရာဖန္ပီဖတ္ အမည္ရ ေမာ္ဒယ္ကုိ အဂၤါေန႕မနက္အေစာပုိင္းက ဘန္ေကာက္ၿမိဳ႕ ေသာင္ဘူရီအရပ္ရွိ ကြန္ဒုိတုိက္ ဧည့္ေစာင့္ခန္းက ဆုိဖာေပၚမွာ ေသဆုံးလ်က္ေတြ႕ခဲ့တာျဖစ္ပါတယ္။ လုံၿခဳံေရး ကင္မရာမွတ္တမ္းေတြအရ ယင္း မတုိင္ခင္ တစ္ရက္က သတိလစ္ေနတဲ့ အသက္ ၂၅ ႏွစ္အရြယ္ သူမကုိ အမ်ဳိးသားတစ္ဦးက ကြန္ဒုိတုိက္ထဲ တြဲေခၚလာတာေတြ႕ရၿပီး ေနာက္ပုိင္းမွာ ဆုိဖာေပၚ လာထားသြားခဲ့တာ ေတြ႕ရပါတယ္။ အမ်ဳိးသားျဖစ္သူကုိ စစ္ေမးျမန္းခဲ့မႈအရ ၄င္းဟာလည္း အလြတ္တန္းေမာ္ဒယ္တစ္ဦးျဖစ္ၿပီး ရာခ်ာဒက္ ေ၀ါင္တာဘတ္ အမည္ရကာ ေမာ္ဒယ္ေသဆုံးမႈမွာ အဓိက သံသယရွိခံရသူျဖစ္ပါတယ္။

                ကနဦးစစ္ေဆးခ်က္ေတြအရ သစ္တီမာဟာ ႏွလုံးရပ္ေသဆုံးခဲ့တာလုိ ့ ဆရာ၀န္တစ္ဦးက မွတ္ခ်က္ေပးခဲ့ကာ သူမ ေသဆုံးမႈဟာ ေသြးရုိးသားရုိးမျဖစ္ႏုိင္ဘူးလုိ ့ အမွတ္ ၈ ၿမိဳေတာ္ ရဲဌာနမွ စခန္းမွဴး ဆမ္မရစ္ တြန္တာအုိက ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ရဲ စစ္ေဆးေရးမွဴးေတြရဲ႕ ကနဦးစစ္ေဆးမႈအရေတာ့ ပေဟဋိျဖစ္စရာအခ်က္ေတြ ရွိေနေသးကာ သူမဟာ ေဆးသုံးထားတဲ့ လကၡဏာလည္း မေတြ႕ရဘူးလုိ ့ ဆုိပါတယ္။ သံသယရွိသူေတြကုိ စြဲခ်က္မတင္မီ ေဆးစစ္ခ်က္ေတြ ျပည့္ျပည့္စုံစုံလုပ္ဖုိ ့ လုိေသးေၾကာင္း စခန္းမွဴးက ေျပာဆုိပါတယ္။

               သီရိရုိင္ေဆးရုံရဲ႕  ေဆးစစ္ခ်က္အေျဖ တစ္စိတ္တစ္ပုိင္းအရ သူမရဲ႕ အမ်ဳိးသမီး အဂၤါမွာ အရည္တစ္ခ်ဳိ႕နဲ႕ ဒဏ္ရာအနာတရ ရထားတဲ့ လကၡဏာမ်ဳိး ကၽြမ္းက်င္သူေတြ ေတြ႕ရွိထားၾကတယ္လုိ ့ အထက္ပါ သတင္းရင္းျမစ္က ေျပာဆုိပါတယ္။ ဒါေပမဲ့လည္း သူမ ေသဆုံးခဲ့ရတဲ့ အေၾကာင္းရင္းကုိေတာ့ တိတိက်က် သုံးသပ္ခ်က္ေပးျခင္းမရွိဘဲ စစ္ေဆးမႈေတြ ထပ္လုပ္ေနကာ သူမခႏၶာကုိယ္မွာ ဓါတုပစၥည္း တစ္မ်ဳိးမ်ဳိး ဒါမွမဟုတ္ အဆိပ္အေတာက္ပစၥည္းတစ္မ်ဳိးမ်ဳိး ရွိ မရွိ၊ မ အဂၤါမွာေတြ႕ခဲ့တဲ့ အရည္ဟာ ဘယ္သူ႕ထံကလာတယ္ဆုိတာတုိ ့ကုိ စစ္ေဆးေနေၾကာင္း သိရပါတယ္။

             သံသယရွိသူ မစၥတာ ရာခ်ာဒက္ထံက DNA ေတာင္းယူထားကာ ၄င္းရဲ႕ ကြန္ဒုိ အခန္းတြင္းကုိ ရွာေဖြခဲ့မႈအရ သံသယျဖစ္ဖြယ္ တစ္စုံတရာ မေတြ႕ရပါဘူး။ ဒါေပမဲ့ သံသယရွိသူဟာ အမ်ဳိးသမီးကုိ ဘာေၾကာင့္ အကူအညီမေပးခဲ့တာလည္း ဆုိတာကုိ ရဲမွဴးခ်ဳပ္ ဆမ္မာရစ္က ေမးခြန္းထုတ္ခဲ့သလုိ ၄င္းရဲ႕ အခန္းကုိ ရွာေဖြဖုိ ့ လုပ္စဥ္ ကနဦးမွာ အရွာမခံခဲ့ဘဲ ရဲတပ္ဖြဲ႕၀င္ေတြက အတင္းအၾကပ္တံခါးဖြင့္၀င္ရွာခဲ့ရတာေၾကာင့္လည္း ရဲမွဴးခ်ဳပ္က သံသယ၀င္ေနပါတယ္။

             မစၥတာ ရာခ်ာဒက္ကုိ စစ္ေမးခဲ့ရာမွာ ၄င္းနဲ႕ သစ္တီမာတုိ ့ ဘန္ဘူေသာင္ခရုိင္ ႏြန္သန္ဘူရီအရပ္ရွိ ေနအိမ္တစ္ခုက ပါတီပြဲမွာ ဆုံေတြ႕ခဲ့တာလုိ ့ဆုိပါတယ္။ ပါတီပြဲမွာ သူတုိ ့ႏွစ္ဦး အရက္ေသာက္ခဲ့ၾကေၾကာင္း ဒါေပမဲ့ သူမကေတာ့ အေတာ္မူးသြားခဲ့တာေၾကာင့္ သူ႕ ကြန္ဒုိအခန္းကုိ ေခၚသြားတာ အေကာင္းဆုံးျဖစ္မယ္လုိ ့ ယူဆၿပီး ေခၚသြားခဲ့ေၾကာင္း သိရပါတယ္။ အိမ္ရွင္ ခ်ဳိင္ယာဖြန္ ပန္နာရဲ႕ အေျပာအရ အမည္ေျပာင္ ဘဲလ္လုိ ့လည္းေခၚတဲ့ သစ္တီမာကုိ ဧည့္သည္ေတြကုိ ေဖ်ာ္ေျဖဖုိ ့နဲ႕ အတူ ေသာက္စားၾကဖုိ ့ တနလၤာေန႕မွာ ဘတ္ ၃၀၀၀ နဲ႕ သူ ငွားရမ္းခဲ့တာလုိ ့ဆုိပါတယ္။ ပါတီမွာ မစၥတာ ရာခ်ာဒက္နဲ႕ သူမတုိ ့ ရင္းႏွီးသြားၾကတာကုိ သူ သတိျပဳမိခဲ့ေၾကာင္းလည္း အိမ္ရွင္က ေျပာပါတယ္။

               မစၥတာ ရာခ်ာဒက္က သူ႕အခန္းကုိ ေရာက္ခ်ိန္မွာ သူမရဲ႕ အ၀တ္အစားေတြကုိ လဲေပးခဲ့တယ္လုိ ့ လည္း ၀န္ခံခဲ့ပါတယ္။ ဒါေပမဲ့ သူလည္း မူးေနတာေၾကာင့္ လိင္ဆက္ဆံတာေတာ့ မလုပ္ခဲ့ဘူးလုိ ့ ျငင္းခဲ့ပါတယ္။ စစ္ေဆးေရးမွဴးေတြရဲ႕ အေျပာအရ သစ္တီမာရဲ႕ ေဆြမ်ဳိးသားခ်င္းေတြနဲ႕ ရည္းစားျဖစ္သူတုိ ့ အခန္းကုိ လုိက္လာၿပီလုိ ့ သူငယ္ခ်င္းျဖစ္သူက ဖုန္းလွမ္းဆက္ခ်ိန္မွာ သံသယရွိသူဟာ သူမကုိ အခန္းထဲက ထုတ္လာၿပီး ကြန္ဒုိ ဧည့္ခန္းက ဆုိဖာေပၚ ထားပစ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

             ဒါ့အျပင္ မစၥတာ ရာခ်ာဒက္ဟာ သတိလစ္ေနတဲ့ အမ်ဳိးသမီးနဲ႕ ဓါတ္ပုံတြဲရုိက္ကာ ၎ရဲ႕ ေဖ့စ္ဘုတ္မွာ တင္ခဲ့ၿပီး သူရဲ႕ “နံပါတ္ ၁၀၀ ေျမာက္ ဇနီး” ဆုိတဲ့ စာသားေရးထားခဲ့ေသးကာ ေနာက္ပုိင္းမွာ ျပန္ဖ်က္သြားခဲ့ပါတယ္။

ဘန္ေကာက္ပုိ ့စ္

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။