Skip to main content
တပ်မတော်အနေဖြင့် TNLA ယာယီစခန်းကိုခက်ခက်ခဲခဲတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ဟု ဆို 
Ads Block

တပ်မတော်အနေဖြင့် TNLA ယာယီစခန်းကိုခက်ခက်ခဲခဲတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ဟု ဆို 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့်အကွာရှိ TNLA ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

TNLA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်မှ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲသည့်ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့ဌာနဆိုင်ရာများ ရုံးစိုက်ရာမြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိကအဆောက်အဦများကို အကာအကွယ်ရယူပြီး နယ်မြေအသာစီးရယူကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းနေရာတစ်ဝိုက်ကို တပ်မတော်က ရင်ဆိုင် ထိန်းချုပ်ထားခဲ့ရာမှ စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပစ်ကူပစ်အားရယူပြီး တိုက်ခိုက်ခဲ့မှုကြောင့် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် TNLA ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

“သူတို့ဘက်ကလူတွေကိုတော့ ဖမ်းဆီးရမိခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဟာကို ကျွန်တော်တို့ ခက်ခက်ခဲခဲ တိုက်ရတဲ့သဘောရှိတယ်။ ကျွန်တော်တို့ဆီက စစ်သည်တချို့ကျဆုံးတာမျိုး၊ ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ ရှိခဲ့ပါတယ်။ ကျဆုံးတဲ့အရေအတွက်ကိုတော့ ကျွန်တော်တို့မပြောနိုင်ပါဘူး။ ဟိုဘက်ကအခြေအနေကိုလည်း ကျွန်တော်တို့ မသိရပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကုန်သိသတင်းဌာနသို့ ပြောသည်။

ထို့အပြင် TNLA လက်နက်ကိုင်အဖွဲ့ထံမှ ဆိုင်ကယ် ၅ စီး၊ သာဿနိကအဆောက်အဦများအား အကာအကွယ်ယူပြုလုပ်ထားသည့် ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံးတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Zawgyi Version

တပ္မေတာ္အေနျဖင့္ TNLA ယာယီစခန္းကိုခက္ခက္ခဲခဲတိုက္ခိုက္ၿပီး သိမ္းပိုက္ႏုိင္ခဲ့ဟု ဆို

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၄၀ဝ၀ ခန္႔အကြာရွိ TNLA ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းကို တပ္မေတာ္က သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။

TNLA လက္နက္ကိုင္အဖြဲ႔သည္ တပ္မေတာ္မွ တစ္ဖက္သတ္အပစ္ခတ္ရပ္စဲသည့္ကာလအား အခြင့္ေကာင္းယူ၍ အစိုးရအဖြဲ႔ဌာနဆိုင္ရာမ်ား ႐ံုးစိုက္ရာၿမိဳ႕ျဖစ္သည့္ နမ့္ဆန္ၿမိဳ႕အား စိုးမိုးထားသည့္ ေတာင္႐ိုးဘုရားကုန္းရွိ သာႆနိကအေဆာက္အဦမ်ားကို အကာအကြယ္ရယူၿပီး နယ္ေျမအသာစီးရယူကာ အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာေၾကာင့္ နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ စက္တင္ဘာလ ၁၃ ရက္မွ ၁၆ ရက္အထိ ထိေတြ႔တိုက္ပြဲ ၆ ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ထိေတြ႔တိုက္ပြဲ ၆ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ယင္းေနရာတစ္ဝိုက္ကို တပ္မေတာ္က ရင္ဆိုင္ ထိန္းခ်ဳပ္ထားခဲ့ရာမွ စက္တင္ဘာလ ၁၇ ရက္တြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ပစ္ကူပစ္အားရယူၿပီး တိုက္ခိုက္ခဲ့မႈေၾကာင့္ နံနက္ ၆ နာရီ ၅၀ မိနစ္ခန္႔တြင္ TNLA ယာယီအေျချပဳထားသည့္ ေတာင္႐ိုးဘုရားကုန္းကို ေအာင္ျမင္စြာ သိမ္းပိုက္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးမွ ထုတ္ျပန္ခဲ့သည္။

“သူတို႔ဘက္ကလူေတြကိုေတာ့ ဖမ္းဆီးရမိခဲ့တာမ်ဳိးမရွိခဲ့ပါဘူး။ ဒါေပမယ့္ ဒီဟာကို ကြ်န္ေတာ္တို႔ ခက္ခက္ခဲခဲ တိုက္ရတဲ့သေဘာရွိတယ္။ ကြ်န္ေတာ္တို႔ဆီက စစ္သည္တခ်ဳိ႕က်ဆုံးတာမ်ဳိး၊ ထိခိုက္ဒဏ္ရာရရွိတာမ်ဳိးေတာ့ ရွိခဲ့ပါတယ္။ က်ဆုံးတဲ့အေရအတြက္ကိုေတာ့ ကြ်န္ေတာ္တို႔မေျပာႏိုင္ပါဘူး။ ဟိုဘက္ကအေျခအေနကိုလည္း ကြ်န္ေတာ္တို႔ မသိရပါဘူး” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ထို႔အျပင္ TNLA လက္နက္ကိုင္အဖြဲ႔ထံမွ ဆိုင္ကယ္ ၅ စီး၊ သာႆနိကအေဆာက္အဦမ်ားအား အကာအကြယ္ယူျပဳလုပ္ထားသည့္ ပစ္က်င္း ၄၅ က်င္း၊ ဘန္ကာ ၅ လံုးတို႔ကိုလည္း သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

ဓာတ္ပုံ-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။