Skip to main content
အီတလီမှာ မြန်နှုန်းမြင့် စပိဘုတ်တစ်စီး သန္တာကျောက်တန်းနှင့် တိုက်မိကာ လူသုံးဦးသေဆုံး 
Ads Block

အီတလီမှာ မြန်နှုန်းမြင့် စပိဘုတ်တစ်စီး သန္တာကျောက်တန်းနှင့် တိုက်မိကာ လူသုံးဦးသေဆုံး 

အီတလီနိုင်ငံတွင် အင်္ဂါနေ့ ညက အမြန်နှုန်းစံချိန်တင်နိုင်ရန် ကြိုးစားနေသော  မြန်နှုန်းမြင့် စပိဘုတ် တစ်စီးသည် Venitian Lagoon ပင်လယ်အော်ရှိ လူလုပ်သန္တာကျောက်တန်းတစ်ခုအား ဝင်တိုက်မိကာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ်သမားများက ပြောခဲ့သည်။

ယင်းစပိဘုတ်ခေါင်းဆောင် ဖာဘီယို ဘူဇီ သည် အသက် ၇၆ နှစ်ရွယ် အီတလီလူမျိုး စီးပွားရေးသမားဖြစ်ပြီး ကမ္ဘာ့စပိဘုတ်ချန်ပီယံတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် မိုနာကို မှ ဗင်းနစ်သို့ ခုတ်မောင်းရာလမ်းကြောင်းတွင် အမြန်နှုန်း စံချိန်မှတ်တမ်းထိုးနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ယင်းမတော်တဆမှု ဖြစ်ပွားသည့်အချိန်တွင် ၎င်းတို့သည် ၁၈ နာရီနှင့် ၃၂ မိနစ်ကြာ မောင်းနှင်နေခဲ့ပြီးဖြစ်ကာ တစ်နာရီကို ပျမ်းမျှ ၁၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့သည်ဟု အီတလီနေ့စဉ်သတင်းစာ Corriere della Sera တွင် ဖော်ပြထားသည်။

ဘူဇီနှင့်အတူ အခြားမောင်းနှင်သူ ၂ ဦးလည်း သေဆုံးခဲ့ပြီး တစ်ဦးမှာ ဗြိတိန်လူမျိုးဖြစ်သည်။

ဘူဇီသည် ယင်း မြန်နှုန်းမြင့်စပိဘုတ်များကို ၎င်း၏ FB ဒီဇိုင်းကုမ္ပဏီနှင့်အတူ ကိုယ်တိုင် ဒီဇိုင်းဆွဲကာ တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်မှစကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က နယူးယောက်-ဘာမြူဒါလမ်းကြောင်းကို ခုတ်မောင်းကာ ခရီးရှည် စံချိန်တင်ထားမှုအပါအဝင် စံချိန်မှတ်တမ်းများစွာ ရေးထိုးထားခဲ့သည်။

အခင်းဖြစ် စပိဘုတ်ပေါ်ပါ အခြားတစ်ယောက်မှာမူ စပိဘုတ်ပေါ်မှ ပင်လယ်ထဲခုန်ချခဲ့သောကြောင့် အသက်ရှင် ခဲ့သည်ဟု မီးသတ်သမားများက ပြောခဲ့သည်။ 

Reuters

ခင်မေဖူး (အကုန်သိ သတင်းဌာန)

Zawgyi Version

အီတလီမွာ ျမန္ႏႈန္းျမင့္ စပိဘုတ္တစ္စီး သႏၱာေက်ာက္တန္းႏွင့္ တုိက္မိကာ လူသံုးဦးေသဆံုး

အီတလီႏိုင္ငံတြင္ အဂၤါေန႔ ညက အျမန္ႏႈန္းစံခ်ိန္တင္ႏုိင္ရန္ ႀကိဳးစားေနေသာ  ျမန္ႏႈန္းျမင့္ စပိဘုတ္ တစ္စီးသည္ Venitian Lagoon ပင္လယ္ေအာ္ရွိ လူလုပ္သႏၱာေက်ာက္တန္းတစ္ခုအား ဝင္တိုက္မိကာ လူ ၃ ဦး ေသဆံုးခဲ့ေၾကာင္း မီးသတ္သမားမ်ားက ေျပာခဲ့သည္။

ယင္းစပိဘုတ္ေခါင္းေဆာင္ ဖာဘီယုိ ဘူဇီ သည္ အသက္ ၇၆ ႏွစ္ရြယ္ အီတလီလူမ်ိဳး စီးပြားေရးသမားျဖစ္ၿပီး ကမၻာ့စပိဘုတ္ခ်န္ပီယံတစ္ဦးလည္းျဖစ္သည္။ ၎သည္ မိုနာကို မွ ဗင္းနစ္သုိ ့ ခုတ္ေမာင္းရာလမ္းေၾကာင္းတြင္ အျမန္ႏႈန္း စံခ်ိန္မွတ္တမ္းထုိးႏုိင္ရန္ ႀကိဳးစားခဲ့ျခင္းျဖစ္သည္။

ယင္းမေတာ္တဆမႈ ျဖစ္ပြားသည့္အခ်ိန္တြင္ ၎တို႔သည္ ၁၈ နာရီႏွင့္ ၃၂ မိနစ္ၾကာ ေမာင္းႏွင္ေနခဲ့ၿပီးျဖစ္ကာ တစ္နာရီကို ပ်မ္းမွ် ၁၀၀ ကီလိုမီတာႏႈန္းျဖင့္ ေမာင္းႏွင္ခဲ့သည္ဟု အီတလီေန႔စဥ္သတင္းစာ Corriere della Sera တြင္ ေဖာ္ျပထားသည္။

ဘူဇီႏွင့္အတူ အျခားေမာင္းႏွင္သူ ၂ ဦးလည္း ေသဆံုးခဲ့ၿပီး တစ္ဦးမွာ ၿဗိတိန္လူမ်ိဳးျဖစ္သည္။

ဘူဇီသည္ ယင္း ျမန္ႏႈန္းျမင့္စပိဘုတ္မ်ားကို ၎၏ FB ဒီဇိုင္းကုမၸဏီႏွင့္အတူ ကိုယ္တိုင္ ဒီဇိုင္းဆြဲကာ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၁၉၆၀ ျပည့္ႏွစ္မွစကာ ၿပိဳင္ပြဲမ်ား ၀င္ေရာက္ယွဥ္ၿပိဳင္ေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၂ ခုႏွစ္က နယူးေယာက္-ဘာျမဴဒါလမ္းေၾကာင္းကုိ ခုတ္ေမာင္းကာ ခရီးရွည္ စံခ်ိန္တင္ထားမႈအပါအ၀င္ စံခ်ိန္မွတ္တမ္းမ်ားစြာ ေရးထုိးထားခဲ့သည္။

အခင္းျဖစ္ စပိဘုတ္ေပၚပါ အျခားတစ္ေယာက္မွာမူ စပိဘုတ္ေပၚမွ ပင္လယ္ထဲခုန္ခ်ခဲ့ေသာေၾကာင့္ အသက္ရွင္ ခဲ့သည္ဟု မီးသတ္သမားမ်ားက ေျပာခဲ့သည္။

Reuters

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။