Skip to main content
ဆရာနဲ့ ကျောင်းသူ ကျောင်းသားတွေ လာမယ့် အာဖဂန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်မပါကြဖို့နဲ့ ထိုသို့မဟုတ်ပါက သေပွဲဝင်ရနိုင်ကြောင်း တာလီဘန် သတိပေး 
Ads Block

ဆရာနဲ့ ကျောင်းသူ ကျောင်းသားတွေ လာမယ့် အာဖဂန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်မပါကြဖို့နဲ့ ထိုသို့မဟုတ်ပါက သေပွဲဝင်ရနိုင်ကြောင်း တာလီဘန် သတိပေး 

        ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ ပညာရေးဝန်ထမ်းတွေအနေနဲ့ လာမယ့် သမ္မတရွေးကောက်ပွဲကို ရှောင်ရှားရန်ကြဖို့ ယင်းသို့ မဟုတ်ပါက မဲရုံတွေကို တိုက်ခိုက်မှုတွေအတွင်း သေပွဲဝင်ရနိုင်ကြောင်း အာဖဂန်နစ္စတန် တာလီဘန်စစ်သွေးကြွအဖွဲ က ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောဆို လိုက်ပါတယ်။

ဆရာနဲ့ ကျောင်းသူ ကျောင်းသားတွေ လာမယ့် အာဖဂန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်မပါကြဖို့နဲ့ ထိုသို့မဟုတ်ပါက သေပွဲဝင်ရနိုင်ကြောင်း တာလီဘန် သတိပေး 

“ရွေးကောက်ပွဲစီစဉ်သူတွေက မင်းတို့ရဲ့ကျောင်းတွေ တက္ကသိုလ်တွေကို မဲရုံတွေအဖြစ် အသုံးပြုတာကို ခွင့်မပြုပါနဲ့။ ကျောင်းသားတွေလည်း မဲရုံတာဝန်ခံ မလုပ်ကြပါနဲ့” လို့ တာလီဘန်တွေရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ အရပ်သားတွေ ဆရာ ဆရာမတွေ နဲ့ ကျောင်းသားတွေရဲ့အသက်ဆုံးရှုံးတာ ငွေကြေးဥစ္စာတွေ ဆုံးရှုံးနစ်နာတာမျိုး မိမိတို့ မဖြစ်စေချင်ဘူးလို့လည်း ၎င်းတို့က ပြောဆိုခဲ့ပါတယ်။

 အာဖဂန်နစ္စတန်ရဲ့ ၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို လာမယ့် ၁၀ ရက် အတွင်းမှာ ပြုလုပ်တော့မှာဖြစ်ပါတယ။်

အမေရိကန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပျက်သွားတဲ့ နောက်ဆက်တွဲအနေနဲ့ စစ်သွေးကြွသောင်းကျန်းသူတွေဟာ ရွေးကောက်ပွဲကို အကြမ်းဖက် ဖျက်ဆီးပစ်မယ်လို့ ကြိမ်းဝါး နေတာဖြစ်ပါတယ်။ မဲဆန္ဒရုံ ၁၀ ရုံမှာ ၇ ရုံ ၈ ရုံနှုန်းလောက်ဟာ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ ကျောင်သားတွေ ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို  မဲရုံတာဝန်ခံ အနေနဲ့ ခန့်ထားခြင်းမရှိပါဘူး။ သို့သော် မိမိဆန္ဒအလျောက်လုပ်ကိုင်ချင်ပါက လုပ်အားပေးနိုင်ပါတယ်လို့ အာဖဂန်နစ္စတန် ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  အဗ္ဗဒူ အဇစ်အီဘရာဟီမီ က ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ ရက်စွဲအတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။  တာလီဘန်တွေရဲ့ ဒီလို ခြိမ်းခြောက်မှုတွေဟာ ရွေးကောက်ပွဲ ပျက်ပြားစေအောင် မတားဆီးနိုင်ပါဘူး” လို့ ၎င်းက ပြောဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ ယခုကိစ္စအပေါ် ထင်မြင်ချက်မပေးသေးပါဘူး။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ ထောက်ပံ့သူများကတော့ ဝန်ကြီးဌာနကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီဖို့တိုက်တွန်းပြောဆို ထားပါတယ်။

တာလီဘန်တွေရဲ့ မဲရုံတွေကို တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုထွက်ပေါ်လာအပြီးမှာ နိုင်ငံအနှံ့လုံခြုံရေးတင်းကြပ် ထားကြောင်း သိရပါတယ်။ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်အစိုးရ၊ ပြည်ပအင်အားစုတွေနဲ့ပါ ထိပ်တိုက်ရင်ဆိုင်သွားမှာဖြစ်ပြီး လာမည့်ရွေးကောက်ပွဲကို ပြည်သူတွေမဲမပေးအောင် တားဆီးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ 

Reuters

ချစ်ဆုေ၀ (အကုန်သိ သတင်းဌာန)

Zawgyi Version

ဆရာနဲ႕ ေက်ာင္းသူ ေက်ာင္းသားေတြ လာမယ့္ အာဖဂန္သမၼတ ေရြးေကာက္ပြဲမွာ ၀င္မပါၾကဖုိ ့နဲ႕ ထုိသုိ ့မဟုတ္ပါက ေသပြဲ၀င္ရႏုိင္ေၾကာင္း တာလီဘန္ သတိေပး

        ဆရာ/ဆရာမေတြ၊ ေက်ာင္းသား/ေက်ာင္းသူေတြ၊ ပညာေရးဝန္ထမ္းေတြအေနနဲ႕ လာမယ့္ သမၼတေရြးေကာက္ပဲြကုိ ေ႐ွာင္႐ွားရန္ၾကဖုိ ့ ယင္းသို႕ မဟုတ္ပါက မဲရံုေတြကို တိုက္ခိုက္မႈေတြအတြင္း ေသပြဲ၀င္ရႏိုုင္ေၾကာင္း အာဖဂန္နစၥတန္ တာလီဘန္စစ္ေသြးႂကြအဖဲြ က ဗုဒၶဟူးေန ့မွာ သတိေပးေျပာဆုိ လိုက္ပါတယ္။

“ေရြးေကာက္ပဲြစီစဥ္သူေတြက မင္းတို႔ရဲ႕ေက်ာင္းေတြ တကၠသိုလ္ေတြကို မဲရံုေတြအျဖစ္ အသံုးျပဳတာကို ခြင့္မျပဳပါနဲ႔။ ေက်ာင္းသားေတြလည္း မဲရံုတာ၀န္ခံ မလုပ္ၾကပါနဲ႔” လို႔ တာလီဘန္ေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ အရပ္သားေတြ ဆရာ ဆရာမေတြ နဲ႔ ေက်ာင္းသားေတြရဲ႕အသက္ဆံုး႐ႈံးတာ ေငြေၾကးဥစၥာေတြ ဆံုး႐ႈံးနစ္နာတာမ်ဳိး မိမိတုိ ့ မျဖစ္ေစခ်င္ဘူးလုိ႕လည္း ၄င္းတုိ ့က ေျပာဆုိခဲ့ပါတယ္။

 အာဖဂန္နစၥတန္ရဲ႕ ၄ ႀကိမ္ေျမာက္ သမၼတေရြးေကာက္ပဲြကို လာမယ့္ ၁၀ ရက္ အတြင္းမွာ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ။္

အေမရိကန္အစိုးရနဲ႕ တာလီဘန္တုိ ့အၾကား ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ ပ်က္သြားတဲ့ ေနာက္ဆက္တဲြအေနနဲ႔ စစ္ေသြးႂကြေသာင္းက်န္းသူေတြဟာ ေရြးေကာက္ပဲြကို အၾကမ္းဖက္ ဖ်က္ဆီးပစ္မယ္လို႔ ႀကိမ္းဝါး ေနတာျဖစ္ပါတယ္။ မဲဆႏၵရံု ၁၀ ရံုမွာ ၇ ရံု ၈ ရံုႏႈန္းေလာက္ဟာ စာသင္ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြျဖစ္ပါတယ္။ ေက်ာင္သားေတြ ဆရာဆရာမေတြနဲ႕ ပညာေရးဝန္ထမ္းေတြကို  မဲရံုတာဝန္ခံ အေနနဲ႕ ခန္႔ထားျခင္းမ႐ွိပါဘူး။ သို႔ေသာ္ မိမိဆႏၵအေလ်ာက္လုပ္ကိုင္ခ်င္ပါက လုပ္အားေပးႏိုင္ပါတယ္လို႕ အာဖဂန္နစၥတန္ ေရြးေကာက္ပဲြေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ  အဗၺဒူ အဇစ္အီဘရာဟီမီ က ေျပာခဲ့ပါတယ္။

“ေရြးေကာက္ပဲြကို သတ္မွတ္ထားတဲ့ ရက္စဲြအတိုင္း ဆက္လက္က်င္းပသြားမွာ ျဖစ္ပါတယ္။  တာလီဘန္ေတြရဲ႕ ဒီလို ၿခိမ္းေျခာက္မႈေတြဟာ ေရြးေကာက္ပဲြ ပ်က္ျပားေစေအာင္ မတားဆီးနိုင္ပါဘူး” လုိ ့ ၄င္းက ေျပာဆုိပါတယ္။

ပညာေရး၀န္ႀကီးဌာနကေတာ့ ယခုကိစၥအေပၚ ထင္ျမင္ခ်က္မေပးေသးပါဘူး။ သို႕ေသာ္ ကမာၻ႕ကုလသမဂၢ နဲ႔ နို္င္ငံတကာ ေထာက္ပံ့သူမ်ားကေတာ့ ၀န္ႀကီးဌာနကို ေရြးေကာက္ပဲြနဲ႕ ပတ္သက္ၿပီး ကူညီဖို႕တိုက္တြန္းေျပာဆို ထားပါတယ္။

တာလီဘန္ေတြရဲ႕ မဲရံုေတြကို တိုက္ခိုက္မယ့္ ၿခိမ္းေျခာက္မႈထြက္ေပၚလာအၿပီးမွာ နိုင္ငံအနွံ႕လံုၿခံဳေရးတင္းၾကပ္ ထားေၾကာင္း သိရပါတယ္။ တာလီဘန္ေတြဟာ အာဖဂန္နစၥတန္အစိုးရ၊ ျပည္ပအင္အားစုေတြနဲ႕ပါ ထိပ္တိုက္ရင္ဆိုင္သြားမွာျဖစ္ၿပီး လာမည့္ေရြးေကာက္ပဲြကို ျပည္သူေတြမဲမေပးေအာင္ တားဆီးသြားမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

Reuters

ခ်စ္ဆုေ၀ (အကုန္သိ သတင္းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။