Skip to main content
လက်မထပ်ခင် လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ရှိနေတာကြောင့် အင်ဒိုနိုင်ငံသားသန်းချီ ထောင်နံ့ရ 
Ads Block

လက်မထပ်ခင် လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ရှိနေတာကြောင့် အင်ဒိုနိုင်ငံသားသန်းချီ ထောင်နံ့ရ 

             အင်ဒိုနီးရှားနိုင်ငံမှာ လက်မထပ်ခင် လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေပသစ်ပြဌာန်းဖို့ စီစဉ်နေကာ သမ္မတကို အသရေညှိုးနွမ်းစေမှုအတွက်လည်း ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ထည့်သွင်းရေးဆွဲထားကြောင်း သိရပါတယ်။ ယင်းလုပ်ရပ်ဟာ အခြေခံ လွတ်လပ်ခွင့်တွေအပေါ် ချိုးဖောက်စော်ကားမှုတစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ခဲ့ပါတယ်။

            ပါလီမန်နဲ့ အစိုးရတို့က ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးမူကြမ်းကို သဘောတူလိုက်ပြီးနောက် နောက်သီတင်းပတ်မှာ ယင်း ပြစ်မှုဥပဒေသစ်ကို အတည်ပြုဖို့ စီစဉ်ထားကြောင်း လွှတ်တော်အမတ်တွေက ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒတ်ချ်ကိုလိုနီခေတ် ဥပဒေရဲ့ နေရာမှာ ယင်း ဥပဒေသစ်ကို အစားထိုးသွားမှာဖြစ်ကြောင်း အမတ်တွေက ပြောဆိုပါတယ်။

           နိုင်ငံသားတွေအနေနဲ့ ဘုရားရဲ့ မြင့်မြတ်တဲ့ ကျင့်ဝတ်သိက္ခာတော်တွေကို ဖီလာဆန့်ကျင်လုပ်တဲ့ အပြုအမူတွေမလုပ်ဆောင်စေဖို့ နိုင်ငံတော်က ကာကွယ်ဟန့်တားရမှာဖြစ်ကြောင်း Prosperous Justice ပါတီမှ အမတ် နာဆီရာ ဒီဂျာမီလ်က ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဘုရားအပေါ် ယုံကြည် သက်ဝင်မှုကို အခြေခံတဲ့ အိုင်ဒီယော်လော်ဂျီ တည်ဆောက်နေကာ အပြောင်းအလဲတွေလုပ်ဖို့အတွက် ဘာသာတရားအားလုံးက ခေါင်းဆောင်တွေနဲ့ တိုင်ပင် အကြံဉာဏ်ယူခဲ့ကြောင်း ၎င်းက ပြောဆိုပါတယ်။

            အဆိုပြုထားတဲ့ ဥပဒေစည်မျဉ်းတွေအရ လက်မထပ်ရသေးဘဲ ခင်ပွန်း၊ ဇနီးအဖြစ် အတူနေတဲ့ စုံတွဲတွေဟာ ထောင် ၆ လ သို့မဟုတ် အမြင့်ဆုံး ဒဏ်ကြေး ရူပီး ၁၀ သန်း ပေးဆောင်ရမှာဖြစ်ကာ ယင်း ဒဏ်ကြေးဟာ အင်ဒိုအများစုအတွက် သုံးလစာလခနဲ့ ညီမျှပါတယ်။ အစိုးရ ရာထူးအဆင့်ရဲ့ အနိမ့်ဆုံးဖြစ်တဲ့ ရွာသူကြီးတွေက ရဲတပ်ဖွဲ့ထံ အမှုဖွင့်နိုင်ပြီး စွပ်စွဲခံရသူတွေရဲ့ မိဘတွေ သို့မဟုတ် သားသမီးတွေက မကန့်ကွက်ဘူးဆိုရင် ဆက်လက်တရားစွဲတင်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မိဘတွေ၊ သားသမီးတွေနဲ့ အိမ်ထောင်ရှိသူတွေကလည်း အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

               ယခု ဥပဒေစည်းမျဉ်းသစ်တွေကြောင့် အင်ဒိုနီးရှားလူမျိုး သန်းချီပြီး ထောင်ချောက်မိသွား နိုင်ကြောင်း NGO အဖွဲ့တစ်ခုဖြစ်တဲ့ ပြစ်မှုဆိုင်ရာတရားရုံး ပြုပြင်ပြောင်းလဲရေး အင်စတီကျု့က ပြောဆို ခဲ့ပါတယ်။ ယင်းအဖွဲ့ရဲ့ လေ့လာ ဖော်ပြချက်အရ အရွယ်ရောက်ပြီး အင်ဒိုလူမျိုး ၄၀ ရာခိုင်နှုန်းလောက်ဟာ လင်မယားအရာမမြောက်မီ အတူနေ နှီးနှောမှုရှိနေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ရှေးရိုးစွဲဝါဒသမားတွေရဲ့ ကျယ်ကျယ်ပြန့်ြ့ပန့် ထိန်းကွပ်မှုဖြစ်ကာ အလွန့်အလွန် ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေဖြစ်ကြောင်း မဲလ်ဘုန်းတက္ကသိုလ်ရဲ့ အင်ဒိုနီးရှား ဥပဒေ၊ အစ္စလာမ်ဘာသာနဲ့ လူအဖွဲ့အစည်းစင်တာ ဒါရိုက်တာ တင်မ် လင်းဒ်ဆေး က ဝေဖန်ခဲ့ပါတယ်။

             ဥပဒေသစ်မှာ အခြားပြစ်မှုဆိုင်ရာ ပြဌာန်းချက်အသစ်တွေလည်းပါဝင်ခဲ့ပြီး သမ္မတနဲ့ ဒုသမ္မတတို့ရဲ့ ဂုဏ်သိက္ခကို တိုက်ခိုက်စော်ကားမှုကိုလည်း ပြစ်မှုအဖြစ် ပြန်လည်ထည့်သွင်းခဲ့ပါတယ်။ ယင်း ပြစ်မှု ပြဌာန်းချက်မျိုးကို ၂၀၀၆ ခုနှစ်မှာ အခြေခံဥပဒေဆိုင်ရာတရားရုံးက ပယ်ဖျက်ထားခဲ့တာဖြစ်ပြီး ယခု ထပ်မံ ထည့်သွင်းလာမှုကြောင့် လူ့အခွင့်အရေးသမားတွေရဲ့ အာခံမှုတွေ ပေါ်ပေါက်လာဖွယ်ရှိပါတယ်။ 

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

လက္မထပ္ခင္ လိင္ဆက္ဆံမႈကုိ ရာဇ၀တ္မႈအျဖစ္ သတ္မွတ္ဖုိ႔ရွိေနတာေၾကာင့္ အင္ဒုိႏုိင္ငံသားသန္းခ်ီ ေထာင္နံ႔ရ

             အင္ဒုိနီးရွားႏုိင္ငံမွာ လက္မထပ္ခင္ လိင္ဆက္ဆံမႈကုိ ရာဇ၀တ္မႈအျဖစ္သတ္မွတ္ထားတဲ့ ျပစ္မႈဆုိင္ရာဥပေဒပသစ္ျပဌာန္းဖုိ ့ စီစဥ္ေနကာ သမၼတကုိ အသေရညွဳိးႏြမ္းေစမႈအတြက္လည္း ျပင္းထန္တဲ့ ျပစ္ဒဏ္ေတြ ထည့္သြင္းေရးဆြဲထားေၾကာင္း သိရပါတယ္။ ယင္းလုပ္ရပ္ဟာ အေျခခံ လြတ္လပ္ခြင့္ေတြအေပၚ ခ်ဳိးေဖာက္ေစာ္ကားမႈတစ္ခုျဖစ္ေၾကာင္း လူ႕အခြင့္အေရးအုပ္စုေတြက ေ၀ဖန္ခဲ့ပါတယ္။

            ပါလီမန္နဲ႕ အစုိးရတုိ ့က ဗုဒၶဟူးေန႕မွာ ေနာက္ဆုံးမူၾကမ္းကုိ သေဘာတူလုိက္ၿပီးေနာက္ ေနာက္သီတင္းပတ္မွာ ယင္း ျပစ္မႈဥပေဒသစ္ကုိ အတည္ျပဳဖုိ ့ စီစဥ္ထားေၾကာင္း လႊတ္ေတာ္အမတ္ေတြက ေျပာဆုိခဲ့တယ္လုိ ့ ရုိက္တာသတင္းမွာ ေဖာ္ျပပါတယ္။ ဒတ္ခ်္ကုိလုိနီေခတ္ ဥပေဒရဲ႕ ေနရာမွာ ယင္း ဥပေဒသစ္ကုိ အစားထုိးသြားမွာျဖစ္ေၾကာင္း အမတ္ေတြက ေျပာဆုိပါတယ္။

           ႏုိင္ငံသားေတြအေနနဲ႕ ဘုရားရဲ႕ ျမင့္ျမတ္တဲ့ က်င့္၀တ္သိကၡာေတာ္ေတြကုိ ဖီလာဆန္႕က်င္လုပ္တဲ့ အျပဳအမူေတြမလုပ္ေဆာင္ေစဖုိ ့ ႏုိင္ငံေတာ္က ကာကြယ္ဟန္႕တားရမွာျဖစ္ေၾကာင္း Prosperous Justice ပါတီမွ အမတ္ နာဆီရာ ဒီဂ်ာမီလ္က ေျပာဆုိပါတယ္။ အင္ဒုိနီးရွားႏုိင္ငံဟာ ဘုရားအေပၚ ယုံၾကည္ သက္၀င္မႈကုိ အေျခခံတဲ့ အုိင္ဒီေယာ္ေလာ္ဂ်ီ တည္ေဆာက္ေနကာ အေျပာင္းအလဲေတြလုပ္ဖုိ ့အတြက္ ဘာသာတရားအားလုံးက ေခါင္းေဆာင္ေတြနဲ႕ တုိင္ပင္ အႀကံဥာဏ္ယူခဲ့ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။

            အဆုိျပဳထားတဲ့ ဥပေဒစည္မ်ဥ္းေတြအရ လက္မထပ္ရေသးဘဲ ခင္ပြန္း၊ ဇနီးအျဖစ္ အတူေနတဲ့ စုံတြဲေတြဟာ ေထာင္ ၆ လ သုိ ့မဟုတ္ အျမင့္ဆုံး ဒဏ္ေၾကး ရူပီး ၁၀ သန္း ေပးေဆာင္ရမွာျဖစ္ကာ ယင္း ဒဏ္ေၾကးဟာ အင္ဒုိအမ်ားစုအတြက္ သုံးလစာလခနဲ႕ ညီမွ်ပါတယ္။ အစိုးရ ရာထူးအဆင့္ရဲ႕ အနိမ့္ဆုံးျဖစ္တဲ့ ရြာသူႀကီးေတြက ရဲတပ္ဖြဲ႕ထံ အမႈဖြင့္ႏုိင္ၿပီး စြပ္စြဲခံရသူေတြရဲ႕ မိဘေတြ သုိ ့မဟုတ္ သားသမီးေတြက မကန္႕ကြက္ဘူးဆုိရင္ ဆက္လက္တရားစြဲတင္ႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ မိဘေတြ၊ သားသမီးေတြနဲ႕ အိမ္ေထာင္ရွိသူေတြကလည္း အမႈဖြင့္တုိင္ၾကားႏုိင္တယ္လုိ ့ ဆုိပါတယ္။

               ယခု ဥပေဒစည္းမ်ဥ္းသစ္ေတြေၾကာင့္ အင္ဒုိနီးရွားလူမ်ဳိး သန္းခ်ီၿပီး ေထာင္ေခ်ာက္မိသြား ႏုိင္ေၾကာင္း NGO အဖြဲ႕တစ္ခုျဖစ္တဲ့ ျပစ္မႈဆုိင္ရာတရားရုံး ျပဳျပင္ေျပာင္းလဲေရး အင္စတီက်ဳ႕က ေျပာဆုိ ခဲ့ပါတယ္။ ယင္းအဖြဲဲ႕ရဲ႕ ေလ့လာ ေဖာ္ျပခ်က္အရ အရြယ္ေရာက္ၿပီး အင္ဒုိလူမ်ဳိး ၄၀ ရာခုိင္ႏႈန္းေလာက္ဟာ လင္မယားအရာမေျမာက္မီ အတူေန ႏွီးေႏွာမႈရွိေနၾကတယ္လုိ ့ ဆုိပါတယ္။ ဒါဟာ ေရွးရုိးစြဲ၀ါဒသမားေတြရဲ႕ က်ယ္က်ယ္ျပန္႕ျ့ပန္႕ ထိန္းကြပ္မႈျဖစ္ကာ အလြန္႕အလြန္ ေခတ္ေနာက္ျပန္ဆြဲေနတဲ့ ဥပေဒျဖစ္ေၾကာင္း မဲလ္ဘုန္းတကၠသုိလ္ရဲ႕ အင္ဒုိနီးရွား ဥပေဒ၊ အစၥလာမ္ဘာသာနဲ႕ လူအဖြဲ႕အစည္းစင္တာ ဒါရုိက္တာ တင္မ္ လင္းဒ္ေဆး က ေ၀ဖန္ခဲ့ပါတယ္။

             ဥပေဒသစ္မွာ အျခားျပစ္မႈဆုိင္ရာ ျပဌာန္းခ်က္အသစ္ေတြလည္းပါ၀င္ခဲ့ၿပီး သမၼတနဲ႕ ဒုသမၼတတုိ ့ရဲ႕ ဂုဏ္သိကၡကုိ တုိက္ခုိက္ေစာ္ကားမႈကုိလည္း ျပစ္မႈအျဖစ္ ျပန္လည္ထည့္သြင္းခဲ့ပါတယ္။ ယင္း ျပစ္မႈ ျပဌာန္းခ်က္မ်ဳိးကုိ ၂၀၀၆ ခုႏွစ္မွာ အေျခခံဥပေဒဆုိင္ရာတရားရုံးက ပယ္ဖ်က္ထားခ့ဲတာျဖစ္ၿပီး ယခု ထပ္မံ ထည့္သြင္းလာမႈေၾကာင့္ လူ႕အခြင့္အေရးသမားေတြရဲ႕ အာခံမႈေတြ ေပၚေပါက္လာဖြယ္ရွိပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

              

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။