Skip to main content
BPI စက်ရုံမှူး အမှုမှ ၁၀၀ ရာခိုင်နှုန်းလွတ်မြောက်နိုင်ဟုဆို
Ads Block

BPI စက်ရုံမှူး အမှုမှ ၁၀၀ ရာခိုင်နှုန်းလွတ်မြောက်နိုင်ဟုဆို

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်အမှုဖွင့်ခံထားရသော BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် အမှုမှ ၁၀၀ ရာခိုင်နှုန်းလွတ်မြောက်နိုင်ကြောင်း ၎င်း၏ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီးအင်းစိန်မြို့နယ်တရားရုံး၌ ယနေ့(စက်တင်ဘာလ ၁၉ ရက်)က ရုံးထုတ်ရမန်ယူစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကော်စိ ၂၆ တန်လုံးကိုအကုန်လုံးအပြည့်အဝယူသုံးလိုက်တာမျိုးမဟုတ်ဘဲနဲ့ လုပ်ငန်းလိုအပ်ချက်အရ အဆင့်ဆင့်နှုတ်အမိန့်တောင်းခံပြီးတော့မှ ၂ တန်လိုရင် ၂ တန်သုံးတယ်။ ၁ တန်လိုရင် ၁ တန်သုံးတာ ဖြစ်တယ်။ နိုင်ငံဘဏ္ဍာတွေဆုံးရူံးအောင်ဆောင်ရွက်တဲ့နေရာမှာလည်း ဒီကောစိတွေဟာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီနဲ့ညိုနှိုင်းပြီးတော့သုံးစွဲတာပါ။ ပေးချေဖို့အတွက် ဘက်ဂျက်လည်းမရှိပါဘူး။ နိုင်ငံဘဏ္ဍာထဲက ဘာမှသုံးစွဲထားတာမျိုးမရှိပါဘူး။အဲဒါတွေကို ခြုံငုံကြည့်ရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေညီညွတ်ခြင်း မရှိတဲ့အတွက် ဥပဒေနဲ့အညီခုခံပါမယ်။ ဒေါက်တာအောင်ဇော်အနေနဲ့ ဒီအမှုမှာလွတ်မြောက်ဖို့သည် ၁၀၀ ရာခိုင်နှုန်းရှိပါတယ်”ဟု BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောသည်။

အမှုနှင့်ပတ်သက်၍ ဒေါက်တာအောင်ဇော်ဘက်မှ သက်သေစာရွက်စာတန်းများအပြင်၊ ကျန်းမာရေး ဦးစီးဌာန၊ ဓာတ်ခွဲခန်းဆိုင်ရာပညာရှင်များ၊ တင်ဒါနှင့်ပတ်သက်ပြီးအသေးစိတ်ထွက်ဆိုနိုင်မည့် လူများစသည့်လူပုဂ္ဂိုလ် ၁၅ ဦးခန့်ကို သက်သေအဖြစ်တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာဆေးဝါးထုပ်ပိုးပစ္စည်းများထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကိုလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေသည်ဟုဆိုကာ BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား စက်တင်ဘာလ ၆ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်းကိုလာမည့်အောက်တိုဘာလ ၂ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

BPI စက္ရံုမွဴး အမႈမွ ၁၀၀ ရာခုိင္ႏႈန္းလြတ္ေျမာက္ႏုိင္ဟုဆုိ

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ျဖင့္အမႈဖြင့္ခံထားရေသာ BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္သည္ အမႈမွ ၁၀၀ ရာခုိင္ႏႈန္းလြတ္ေျမာက္ႏုိင္ေၾကာင္း ၄င္း၏ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာသည္။

ယင္းအမႈႏွင့္ပတ္သက္ၿပီးအင္းစိန္ၿမဳိ႕နယ္တရားရုံး၌ ယေန႔(စက္တင္ဘာလ ၁၉ ရက္)က ရုံးထုတ္ရမန္ယူစဥ္ ယင္းကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေကာ္စိ ၂၆ တန္လုံးကုိအကုန္လုံးအျပည့္အ၀ယူသုံးလုိက္တာမ်ဳိးမဟုတ္ဘဲနဲ႔ လုပ္ငန္းလုိအပ္ခ်က္အရ အဆင့္ဆင့္ႏႈတ္အမိန္႔ေတာင္းခံၿပီးေတာ့မွ ၂ တန္လုိရင္ ၂ တန္သုံးတယ္။ ၁ တန္လုိရင္ ၁ တန္သုံးတာ ျဖစ္တယ္။ ႏုိင္ငံဘ႑ာေတြဆုံးရူံးေအာင္ေဆာင္ရြက္တဲ့ေနရာမွာလည္း ဒီေကာစိေတြဟာ တင္ဒါေအာင္ျမင္တဲ့ ကုမၸဏီနဲ႔ညုိႏႈိင္းၿပီးေတာ့သုံးစြဲတာပါ။ ေပးေခ်ဖုိ႔အတြက္ ဘက္ဂ်က္လည္းမရွိပါဘူး။ ႏုိင္ငံဘ႑ာထဲက ဘာမွသုံးစြဲထားတာမ်ဳိးမရွိပါဘူး။အဲဒါေတြကုိ ျခဳံငုံၾကည့္ရင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒညီညြတ္ျခင္း မရွိတဲ့အတြက္ ဥပေဒနဲ႔အညီခုခံပါမယ္။ ေဒါက္တာေအာင္ေဇာ္အေနနဲ႔ ဒီအမႈမွာလြတ္ေျမာက္ဖုိ႔သည္ ၁၀၀ ရာခုိင္နႈန္းရွိပါတယ္”ဟု BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္၏ ဥပေဒအၾကံေပးဦးခင္ေမာင္ျမင့္ကေျပာသည္။

အမႈႏွင့္ပတ္သက္၍ ေဒါက္တာေအာင္ေဇာ္ဘက္မွ သက္ေသစာရြက္စာတန္းမ်ားအျပင္၊ က်န္းမာေရး ဦးစီးဌာန၊ ဓာတ္ခြဲခန္းဆုိင္ရာပညာရွင္မ်ား၊ တင္ဒါႏွင့္ပတ္သက္ၿပီးအေသးစိတ္ထြက္ဆုိႏုိင္မည့္ လူမ်ားစသည့္လူပုဂိဳလ္ ၁၅ ဦးခန္႔ကို သက္ေသအျဖစ္တင္သြင္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာေဆးဝါးထုပ္ပိုးပစၥည္းမ်ားထုတ္လုပ္ရန္ ေကာ္ေစ့ ၂၆ တန္ကိုလုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ၀ယ္ယူခဲ့ေသာေၾကာင့္ ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကိုထိခိုက္နစ္နာဆုံးရႈံးေစသည္ဟုဆုိကာ BPI စက္ရံုမွဴး ေဒါက္တာေအာင္ေဇာ္အား စက္တင္ဘာလ ၆ ရက္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ရုံးခ်ိန္းကုိလာမည့္ေအာက္တုိဘာလ ၂ ရက္သုိ႔ျပန္လည္ခ်ိန္းဆုိခဲ့ေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။