Skip to main content
ရဲတပ်ဖွဲ့က မွတ်ဆလင် တက္ကသိုလ်ကျောင်းသားတွေရဲ့ အချက်အလက်တွေ တောင်းခံနေတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ကာကွယ် ပြောဆို
Ads Block

ရဲတပ်ဖွဲ့က မွတ်ဆလင် တက္ကသိုလ်ကျောင်းသားတွေရဲ့ အချက်အလက်တွေ တောင်းခံနေတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ကာကွယ် ပြောဆို

ထိုင်းနိုင်ငံတဝန်းက တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ မွတ်ဆလင်ကျောင်းသားတွေရဲ့ သတင်း အချက်အလက်တွေကို ထိုင်းရဲတပ်ဖွဲ့က တောင်းယူနေတာဟာ ခွဲခြားဆက်ဆံမှုဖြစ်ပြီး ဥပဒေနဲ့မညီဘူးဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က မွတ်ဆလင် တက္ကသိုလ်ကျောင်းသားတွေရဲ့ အချက်အလက်တွေ တောင်းခံနေတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ကာကွယ် ပြောဆို

         ရဲတပ်ဖွဲ့ရဲ့တောင်းဆိုချက်ဟာ သြဂုတ်လအတွင်းက မွတ်ဆလင်သူပုန်တွေ လက်ချက်လို့ သံသယ ရှိတဲ့ ဘန်ကောက် ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ကာ နိုင်ငံတော်လုံခြုံရေး သတင်းအချက်အလက်ဒေတာ ဘေ့စ်တစ်ခု တည်ဆောက်ဖို့ လိုတဲ့အတွက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဖြေရှင်းခဲ့ပါတယ်။  

           လူ့အခွင့်အရေးကော်မရှင်နာဟောင်း Angkhana Neelapaijit က ရဲတပ်ဖွဲ့က တက္ကသိုလ်တစ်ခုကို ပေးပို့ထားတဲ့ တရားဝင်စာတစ်စောင်ကို အွန်လိုင်းမှာမျှဝေထားပြီး ယင်း စာမှာတော့ မွတ်ဆလင်ကျောင်းသား တွေရဲ့ ဖုန်းနံပါတ်၊ မူလဇာတိ၊ ဝင်ရောက်ထားတဲ့ အဖွဲ့အစည်း မွတ်ဆလင်ကျောင်းသားများ ဖွဲ့စည်းတဲ့ ကျောင်းသားအဖွဲ့များ စတဲ့ အချက်အလက်တွေကို တက္ကသိုလ်တွေက ကောက်ယူပေးဖို့ တောင်းဆို ထားခဲ့ပါတယ်။ တက္ကသိုလ်နာမည်ကိုတော့ ဖျက်ထားခဲ့ပါတယ်။

ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပြီး ဘာသာရေးပေါ်အခြေခံကာ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ Angkhana က ပြောဆိုခဲ့ပါတယ်။

ထိုင်းလူမျိုး ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး မလေးရှားနယ်စပ်နဲ့နီးကပ်တဲ့ တောင်ပိုင်းပြည်နယ် ၃ ခု မှာသာ မွတ်ဆလင်အများစုရှိတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ကတော့ ဒီဆောင်ရွက်မှုဟာ မဖြစ်မနေလိုအပ်တယ်လို့ ပြောပါတယ်။

“ သတင်းအချက်အလက် ဒေတာဘေ့စ် တည်ဆောက်ဖို့အတွက်လို့ ရဲတပ်ဖွဲက ပြောပြီးသွားပြီဖြစ်တယ်။ ဘယ်လူ့အခွင့်အရေး ချိုးဖောက်တာမှ မရှိပါဘူး။ အချက်အလက်တွေမရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးလေ” လို့ ပရာယွတ်က ပြောခဲ့ပါတယ်။

       မွတ်ဆလင်ကျောင်းသားတွေကတော့ ရဲတပ်ဖွဲ့ရဲ့ တောင်းဆိုချက်ဟာ ခွဲခြားဖိနှိပ်ဆက်ဆံတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဒီကိစ္စကို ပြန်လည်စဉ်းစားစေချင်ကြောင်း၊ တက္ကသိုလ်ဟာ ကျောင်းသားတွေ သူတို့ရဲ့အမြင်ကို လွတ်လပ်စွာပြောဆိုနိုင်ပြီး၊ ကျောင်းသားတွေရဲ့အခွင့်အရေးကို ကာကွယ် ပေးတဲ့နေရာပဲ ဖြစ်သင့်ကြောင်း ထိုင်း မွတ်ဆလင်ကျောင်းသားများအဖွဲ့အစည်း ဥက္ကဌ Ashraf Awae က Reuters သတင်းကို ပြောခဲ့ပါတယ်။ 

CNA

ချစ်ဆုေ၀ (အကုန်သိ သတင်းဌာန)

Zawgyi Version

ရဲတပ္ဖဲြ႕က မြတ္ဆလင္ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ အခ်က္အလက္ေတြ ေတာင္းခံေနတာနဲ႕ ပတ္သက္ၿပီး ထိုင္း၀န္ႀကီးခ်ဳပ္ ကာကြယ္ ေျပာဆို

ထိုင္းနိုင္ငံတ၀န္းက တကၠသိုလ္ေတြမွာ တက္ေရာက္ေနတဲ့ မြတ္ဆလင္ေက်ာင္းသားေတြရဲ႕ သတင္း အခ်က္အလက္ေတြကို ထိုင္းရဲတပ္ဖဲြ႕က ေတာင္းယူေနတာဟာ ခဲြျခားဆက္ဆံမႈျဖစ္ၿပီး ဥပေဒနဲ႕မညီဘူးဆုိတဲ့ ေ၀ဖန္မႈေတြထြက္ေပၚလာတာနဲ ့ပတ္သက္ၿပီး ထုိင္း၀န္ႀကီးခ်ဳပ္က အဂၤါေန ့မွာ ကာကြယ္ေျပာဆိုသြားခဲ့ပါတယ္။

         ရဲတပ္ဖဲြ႕ရဲ႕ေတာင္းဆိုခ်က္ဟာ ၾသဂုတ္လအတြင္းက မြတ္ဆလင္သူပုန္ေတြ လက္ခ်က္လုိ ့ သံသယ ရွိတဲ့ ဘန္ေကာက္ ဗံုးေပါက္ကဲြမႈေတြနဲ႕ပတ္သက္ကာ နိုင္ငံေတာ္လံုၿခံဳေရး သတင္းအခ်က္အလက္ေဒတာ ေဘ့စ္တစ္ခု တည္ေဆာက္ဖို႕ လိုတဲ့အတြက္ ျဖစ္တယ္လို႕ ၀န္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အုိခ်ာ ေျဖရွင္းခဲ့ပါတယ္။  

           လူ႕အခြင့္အေရးေကာ္မရွင္နာေဟာင္း Angkhana Neelapaijit က ရဲတပ္ဖဲြ႕က တကၠသိုလ္တစ္ခုကို ေပးပို႕ထားတဲ့ တရား၀င္စာတစ္ေစာင္ကို အြန္လိုင္းမွာမွ်ေ၀ထားၿပီး ယင္း စာမွာေတာ့ မြတ္ဆလင္ေက်ာင္းသား ေတြရဲ႕ ဖုန္းနံပါတ္၊ မူလဇာတိ၊ ၀င္ေရာက္ထားတဲ့ အဖဲြ႕အစည္း မြတ္ဆလင္ေက်ာင္းသားမ်ား ဖဲြ႕စည္းတဲ့ ေက်ာင္းသားအဖဲြ႔မ်ား စတဲ့ အခ်က္အလက္ေတြကို တကၠသိုလ္ေတြက ေကာက္ယူေပးဖုိ ့ ေတာင္းဆို ထားခဲ့ပါတယ္။ တကၠသိုလ္နာမည္ကိုေတာ့ ဖ်က္ထားခဲ့ပါတယ္။

ဒါဟာ လူ႕အခြင့္အေရးခ်ိဳးေဖာက္တာျဖစ္ၿပီး ဘာသာေရးေပၚအေျခခံကာ ခဲြျခားဆက္ဆံတာျဖစ္တယ္လို႔ Angkhana က ေျပာဆုိခဲ့ပါတယ္။

ထိုင္းလူမ်ိဳး ၉၀ ရာခိုင္ႏႈန္းဟာ ဗုဒၶဘာသာ၀င္ေတြျဖစ္ၿပီး မေလးရွားနယ္စပ္နဲ႔နီးကပ္တဲ့ ေတာင္ပိုင္းျပည္နယ္ ၃ ခု မွာသာ မြတ္ဆလင္အမ်ားစုရွိတာ ျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ ပရာယြတ္ကေတာ့ ဒီေဆာင္ရြက္မႈဟာ မျဖစ္မေနလိုအပ္တယ္လို႕ ေျပာပါတယ္။

“ သတင္းအခ်က္အလက္ ေဒတာေဘ့စ္ တည္ေဆာက္ဖို႔အတြက္လို႔ ရဲတပ္ဖဲြက ေျပာၿပီးသြားၿပီျဖစ္တယ္။ ဘယ္လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာမွ မရွိပါဘူး။ အခ်က္အလက္ေတြမရွိရင္ ဘာမွလုပ္လုိ႔ရမွာ မဟုတ္ဘူးေလ” လို႕ ပရာယြတ္က ေျပာခဲ့ပါတယ္။

       မြတ္ဆလင္ေက်ာင္းသားေတြကေတာ့ ရဲတပ္ဖဲြ႕ရဲ႕ ေတာင္းဆိုခ်က္ဟာ ခဲြျခားဖိႏွိပ္ဆက္ဆံတာ ျဖစ္တယ္လို႕ ေျပာဆုိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ အေနနဲ႕ ဒီကိစၥကုိ ျပန္လည္စဥ္းစားေစခ်င္ေၾကာင္း၊ တကၠသိုလ္ဟာ ေက်ာင္းသားေတြ သူတို႕ရဲ႕အျမင္ကို လြတ္လပ္စြာေျပာဆိုနိုင္ၿပီး၊ ေက်ာင္းသားေတြရဲ႕အခြင့္အေရးကို ကာကြယ္ ေပးတဲ့ေနရာပဲ ျဖစ္သင့္ေၾကာင္း ထိုင္း မြတ္ဆလင္ေက်ာင္းသားမ်ားအဖဲြ႕အစည္း ဥကၠဌ Ashraf Awae က Reuters သတင္းကို ေျပာခဲ့ပါတယ္။

CNA

ခ်စ္ဆုေ၀ (အကုန္သိ သတင္းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။