Skip to main content
မက္ကဆီကိုတွင် ပလတ်စတစ်အိတ်ရာကျော်ဖြင့် ထုတ်ထားသည့် အလောင်း ၂၉ လောင်း တွေ့ရှိပြန် 
Ads Block

မက္ကဆီကိုတွင် ပလတ်စတစ်အိတ်ရာကျော်ဖြင့် ထုတ်ထားသည့် အလောင်း ၂၉ လောင်း တွေ့ရှိပြန် 

         မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းက ရာဇဝတ်ဂိုဏ်း အကြမ်းဖက်ဖြစ်စဉ်တွေ ပေါများရာ ဂျာလစ္စကိုပြည်နယ် လျှို့ဝှက်သင်္ချိုင်းတစ်ခုတွင် ပလတ်စတစ်အိတ် ရာကျော်ဖြင့် ထုတ်ကာ စုပုံစွန့်ပစ်ထားသော အလောင်း ၂၉ လောင်း တွေ့ခဲ့ရကြောင်း မက္ကဆီကန်အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

မက္ကဆီကိုနိုင်ငံ၏ လူသတ်မှုဖြစ်စဉ်များသည် ယခုနှစ်၏ ပထမနှစ်ဝက်တွင် အမြင့်ဆုံး စံချိန်မှတ်တမ်း တင်ခဲ့ပြီဖြစ်ကာ နိုင်ငံတွင်း မူးယစ်ဂိုဏ်း အချင်းချင်းလက်စားချေ သတ်ဖြတ်မှုများသည် ယခင်နှစ်က ၂၉,၁၁၁ ဦး အထိ သေဆုံးခဲ့သည့် စံချိန်ကို ကျော်လာဖွယ်ရှိနေပြီဖြစ်သည်။

ယင်းထိတ်လန့်စက်ဆုတ်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုကို စက်တင်ဘာ ပထမအပတ်က Zapopan မြို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပြည့်အစုံ ရုပ်အလောင်း ၁၃ လောင်းနှင့် ခန္ဓာကိုယ်မပြည့်စုံသောအလောင်း ၁၆ လောင်းကို စုံစမ်းစစ်ဆေးသူတွေက ရှာတွေ့ခဲ့သည်ဟု ဂျာလစ္စကို ပြည်နယ်၏ ရှေ့နေချုပ် Gerardo Solis က သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

သေဆုံးသူများတွင် နှစ်ယောက်သည် အမျိုးသမီးများဖြစ်ကြပြီး၊ နောက်ထပ် ပြစ်မှုမှတ်တမ်းများရှိသည့် လူလေးဦးတို့ပါဝင်သည်။ ၎င်းတို့၏ ပြစ်မှုများကိုတော့ ဖော်ပြထားခြင်းမရှိပေ။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကာ အလောင်းအရေအတွက် တိုးလာနိုင်ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

မက္ကဆီကို ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့ ပြိုင်ဘက်ဂိုဏ်းသားများကို မကြာခဏဆိုသလို ပြန်ပေးဆွဲ သတ်ဖြတ်မှုများ ဖြစ်ပွားလေ့ရှိကာ သတ်ဖြတ်ခဲ့သူအများစုကို တိုင်းပြည်၏ နေရာအနှံ့အပြားတွင် လျှို့ဝှက်စွာ မြှုပ်နှံကြလေ့ရှိသည်။

ယခု အစုလိုက် စွန့်ပစ်ထားသည့် အလောင်းများသည် အကြမ်းဖက်ဂိုဏ်းများနှင့် ဆက်စပ်မှု ရှိ မရှိ ဆိုသည်ကိုမူ အာဏာပိုင်များက မပြောကြားခဲ့ပေ။

ဂျာလစ္စကို မျိုးဆက်သစ်ရာဇဝတ်ဂိုဏ်းသည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး ရာဇဝတ်ဂိုဏ်းငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောဆိုထားသည်။

Reuters

ခင်မေဖူး (အကုန်သိ သတင်းဌာန)

Zawgyi Version

မကၠဆီကုိတြင္ ပလတ္စတစ္အိတ္ရာေက်ာ္ျဖင့္ ထုတ္ထားသည့္ အေလာင္း ၂၉ ေလာင္း ေတြ႔ရွိျပန္

         မကၠဆီကိုနိုင္ငံ အေနာက္ပုိင္းက ရာဇ၀တ္ဂုိဏ္း အၾကမ္းဖက္ျဖစ္စဥ္ေတြ ေပါမ်ားရာ ဂ်ာလစၥကုိျပည္နယ္ လွ်ဳိ႕၀ွက္သခ်ၤဳိင္းတစ္ခုတြင္ ပလတ္စတစ္အိတ္ ရာေက်ာ္ျဖင့္ ထုတ္ကာ စုပုံစြန္႔ပစ္ထားေသာ အေလာင္း ၂၉ ေလာင္း ေတြ႔ခဲ့ရေၾကာင္း မကၠဆီကန္အာဏာပိုင္မ်ားက အဂၤါေန႔တြင္ ေျပာဆုိခဲ့သည္။

မကၠဆီကိုႏိုင္ငံ၏ လူသတ္မႈျဖစ္စဥ္မ်ားသည္ ယခုႏွစ္၏ ပထမႏွစ္ဝက္တြင္ အျမင့္ဆံုး စံခ်ိန္မွတ္တမ္း တင္ခဲ့ၿပီျဖစ္ကာ ႏုိင္ငံတြင္း မူးယစ္ဂိုဏ္း အခ်င္းခ်င္းလက္စားေခ် သတ္ျဖတ္မႈမ်ားသည္ ယခင္ႏွစ္က ၂၉,၁၁၁ ဦး အထိ ေသဆုံးခဲ့သည့္ စံခ်ိန္ကို ေက်ာ္လာဖြယ္ရွိေနၿပီျဖစ္သည္။

ယင္းထိတ္လန္႔စက္ဆုတ္ဖြယ္ရာ ရွာေဖြေတြ႔ရွိမႈကို စက္တင္ဘာ ပထမအပတ္က Zapopan ၿမိဳ႕တြင္ ေတြ႔ရွိခဲ့ျခင္းျဖစ္ၿပီး ခႏၶာကိုယ္အျပည့္အစံု ရုပ္အေလာင္း ၁၃ ေလာင္းႏွင့္ ခႏၶာကိုယ္မျပည့္စံုေသာအေလာင္း ၁၆ ေလာင္းကို စံုစမ္းစစ္ေဆးသူေတြက ရွာေတြ႔ခဲ့သည္ဟု ဂ်ာလစၥကို ျပည္နယ္၏ ေရွ႕ေနခ်ဳပ္ Gerardo Solis က သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။

ေသဆံုးသူမ်ားတြင္ ႏွစ္ေယာက္သည္ အမ်ိဳးသမီးမ်ားျဖစ္ၾကၿပီး၊ ေနာက္ထပ္ ျပစ္မႈမွတ္တမ္းမ်ားရွိသည့္ လူေလးဦးတို႔ပါဝင္သည္။ ၎တို႔၏ ျပစ္မႈမ်ားကိုေတာ့ ေဖာ္ျပထားျခင္းမရွိေပ။

စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲျဖစ္ကာ အေလာင္းအေရအတြက္ တိုးလာနိုင္ေၾကာင္း ျပည္နယ္ေရွ႕ေနခ်ဳပ္ရုံးမွ အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တစ္ဦးက မီဒီယာသို႔ ေျပာဆုိသည္။

မကၠဆီကို ရာဇ၀တ္ဂိုဏ္းမ်ားသည္ ၄င္းတို႔ ၿပိဳင္ဘက္ဂုိဏ္းသားမ်ားကို မၾကာခဏဆုိသလုိ ျပန္ေပးဆြဲ သတ္ျဖတ္မႈမ်ား ျဖစ္ပြားေလ့ရွိကာ သတ္ျဖတ္ခဲ့သူအမ်ားစုကို တိုင္းျပည္၏ ေနရာအနွံ႔အျပားတြင္ လွ်ိဳ႕ဝွက္စြာ ျမွဳပ္နွံၾကေလ့ရွိသည္။

ယခု အစုလိုက္ စြန္႕ပစ္ထားသည့္ အေလာင္းမ်ားသည္ အၾကမ္းဖက္ဂိုဏ္းမ်ားႏွင့္ ဆက္စပ္မႈ ရွိ မရွိ ဆိုသည္ကိုမူ အာဏာပိုင္မ်ားက မေျပာၾကားခဲ့ေပ။

ဂ်ာလစၥကို မ်ိဳးဆက္သစ္ရာဇ၀တ္ဂိုဏ္းသည္ ကမၻာေပၚတြင္ အႏၱရာယ္အရွိဆံုး ရာဇ၀တ္ဂုိဏ္းငါးခုတြင္ တစ္ခုအပါအဝင္ျဖစ္သည္ဟု အေမရိကန္အာဏာပိုင္မ်ားက ေျပာဆုိထားသည္။

Reuters

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။