Skip to main content
Ads Block
ရုပ်မြင် ရယ်ချင်ဖြစ်နေတဲ့အတွက် ဟာသကားတွေ ရိုက်ဖြစ်နေသူ ဂျိုကာ
သရုပ်ဆောင် ဂျိုကာကတော့ အစ်ကိုဖြစ်သူ တေးသံရှင် ရဲလေးနဲ့ တွဲကာ သီချင်းတွေ လိုက်ဆိုရင်းကနေ ရယ်စရာဟာသလေးတွေနဲ့ တွဲပြီး လူသိများလာခဲ့သူပါ။ ရုပ်မြင် ရယ်ချင်ဆိုသလိုပဲ သူ့ကို ရယ်စရာတွေနဲ့ပဲ တွဲမြင်နေကြတဲ့အတွက် ဟာသဇာတ်လမ်းတွေ ရိုက်ဖြစ်နေကြောင်းကို ဂျိုကာက အခုလိုပဲ ပြောပြခဲ့ပါတယ်။
 “ရုပ်မြင်ရယ်ချင်။ ရုပ်မြင် ချစ်ခင်ဆိုတာထက် ရုပ်မြင်တာနဲ့ ရယ်ချင်နေတာ တချို့တွေက ။ ကျွန်တော့်မြင်တာနဲ့ကို ရယ်မယ်။ ပြီးတော့မှသာ ကျွန်တော် ဘာလုပ်မလဲဆိုတာကို သိကြတာပေါ့နော်။ အဲဒါဆိုတော့လည်း Feedback တစ်မျိုးကို ပြန်ရတာပေါ့။ ဝမ်းသာပါတယ်။ အဓိကကတော့ ကျွန်တော့်ကို အားပေးနေတယ်ဆိုတာ သိရတဲ့အတွက်လေ။ ဟာသနဲ့ပဲ စပြီးတော့ ဒီလောကထဲကို  ဝင်လာတဲ့အတွက်ကြောင့် ဒီလောကသားတွေရော အကုန်လုံးက ကျွန်တော့်ကို ဟာသနဲ့ဲ တွဲမြင်နေကြတယ်။ ပရိသတ်တွေကအစ ကျွန်တော့်ကို ဟာသနဲ့ တွဲမြင်နေတဲ့အတွက်ကြောင့် ဟာသလေးတွေ ရိုက်ဖြစ်ပါတယ်။”
ရိုက်ကူး/မေးမြန်း - နိုင်လင်း ၊ ကေကေခင် တည်းဖြတ် - ယမင်းဥ
Zawgyi Version
------
တည်းဖြတ် - ယမင်းဥ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။