Skip to main content
မလေးရှားတွင် မီးခိုးမြူ အန္တရာယ်ပိုဆိုးလာသဖြင့် စာသင်ကျောင်း ၁၅၀၀ ခန့် ပိတ်ထားရန် အမိန့်ထုတ်
Ads Block

မလေးရှားတွင် မီးခိုးမြူ အန္တရာယ်ပိုဆိုးလာသဖြင့် စာသင်ကျောင်း ၁၅၀၀ ခန့် ပိတ်ထားရန် အမိန့်ထုတ်

မလေးရှားနိုင်ငံ ဒေသများတွင် လေထုအရည်အသွေး ပိုမိုဆိုးရွားလာကာ ကျောင်းသား ၁ သန်းကျော် အပေါ် သက်ရောက်မှုရှိလာသောကြောင့် ပြည်နယ်များစွာမှ ကျောင်းပေါင်း ၁၄၈၄ ကျောင်းကို ပိတ်ထားရန် အစိုးရက ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်ပြန်ခဲ့ရသည်။

လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး ပြည်နယ်နှစ်ခုဖြစ်သည့် Selangor တွင် ကျောင်းပေါင်း ၅၃၈ ကျောင်း နှင့် Sarawak တွင် ကျောင်းပေါင်း ၃၃၇ ကျောင်း ပိတ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ နောက်ထပ် ပိတ်ခဲ့ရသည့် ကျောင်းများမှာ Perak ပြည်နယ်တွင် ၃၀၃ ကျောင်း၊ Penang မြို့ တွင် ၁၆၂ ကျောင်း နှင့် Negeri Sembilan ပြည်နယ်တွင် ၅၃ ကျောင်း ဖြစ်သည်။ ကွာလာလမ်ပူ နှင့် ပူထရာဂျာယာ စသည့် ဖက်ဒရယ်နယ်မြေ နှစ်ခုတွင်ရှိသည့် ကျောင်းအားလုံးမှာလည်း ပိတ်ပစ်လိုက်ရသည်။

ယင်းဒေသများရှိ လေထု၏အရည်အသွေးမှာ မလေးရှား၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း  (API) အမှတ် ၂၀၀ ကို ကျော်ကာ ကျန်းမာရေးအလွန်ထိခိုက်သောအနေအထားသို့ မြင့်တက်နေပြီဟု ဆိုသည်။

အဆိုးရွားဆုံးထိခိုက်ခံနေရသည့် ဆာရာဝပ်ပြည်နယ်၏ Sri Aman မြို့တွင် အင်္ဂါနေ့၌ API အညွှန်းကိန်း ဖော်ပြချက်သည် အင်္ဂါနေ့တွင် အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိခဲ့ပြီး လေထုအရည်အသွေး တိုးတက် ကောင်းမွန်မှုမှာ အနည်းငယ်သာရှိသည်။ Sri Aman မြို့တွင် API အညွှန်းကိန်းဖော်ပြချက်သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ၌ ထိခိုက်နှုန်း ၂၃၄ ထိဖြစ်ကာ  ကျန်းမာရေးကို အလွန်ထိခိုက်သော အခြေအနေသို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားတွင် လောင်ကျွမ်းနေသော တောမီးများမှ ထွက်သည့် မီးခိုးငွေ့များသည် ဒေသအတွင်း လွှမ်းမိုးလာခဲ့သည်။ စိုက်ခင်းများအတွက် စည်းကမ်းမဲ့ တောမီးရှို့မှုများသည် ဆူမားတြားနှင့် ဘော်နီယိုကျွန်းပေါ်တွင် တောမီးများ ထိန်းချုပ်မှုကင်းမဲ့စွာ လောင်ကျွမ်းစေလျက်ရှိပြီး ထောင်ပေါင်းများစွာသော မီးသတ်သမားများက ရဟတ်ယာဉ်များပေါ်မှ ရေဗုံးများပစ်ချကာ မီးငြိမ်းသတ်နေကြရသည်။

စင်ကာပူနိုင်ငံတွင် မီးခိုးငွေ့များသည် ဗုဒ္ဓဟူးနေ့၌ ကျန်းမာရေးထိခိုက်သောအနေအထားသို့ မြင့်တက်နေကာ လေထုအရည်အသွေးမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။ 

CNA

ခင်မေဖူး (အကုန်သိ သတင်းဌာန)

Zawgyi Version

မေလးရွားတြင္ မီးခိုးျမဴ အႏၱရာယ္ပုိဆုိးလာသျဖင့္ စာသင္ေက်ာင္း ၁၅၀၀ ခန္႔ ပိတ္ထားရန္ အမိန္႔ထုတ္

မေလးရွားႏိုင္ငံ ေဒသမ်ားတြင္ ေလထုအရည္အေသြး ပိုမိုဆိုးရြားလာကာ ေက်ာင္းသား ၁ သန္းေက်ာ္ အေပၚ သက္ေရာက္မႈရွိလာေသာေၾကာင့္ ျပည္နယ္မ်ားစြာမွ ေက်ာင္းေပါင္း ၁၄၈၄ ေက်ာင္းကုိ ပိတ္ထားရန္ အစုိးရက ဗုဒၶဟူးေန ့တြင္ အမိန္႕ထုတ္ျပန္ခဲ့ရသည္။

ေလထုညစ္ညမ္းမႈ အဆုိး၀ါးဆံုး ျပည္နယ္ႏွစ္ခုျဖစ္သည့္ Selangor တြင္ ေက်ာင္းေပါင္း ၅၃၈ ေက်ာင္း ႏွင့္ Sarawak တြင္ ေက်ာင္းေပါင္း ၃၃၇ ေက်ာင္း ပိတ္ခဲ့ေၾကာင္း ပညာေရး၀န္ႀကီးဌာနက ထုတ္ျပန္သည္။ ေနာက္ထပ္ ပိတ္ခဲ့ရသည့္ ေက်ာင္းမ်ားမွာ Perak ျပည္နယ္တြင္ ၃၀၃ ေက်ာင္း၊ Penang ၿမဳိ႕ တြင္ ၁၆၂ ေက်ာင္း ႏွင့္ Negeri Sembilan ျပည္နယ္တြင္ ၅၃ ေက်ာင္း ျဖစ္သည္။ ကြာလာလမ္ပူ ႏွင့္ ပူထရာဂ်ာယာ စသည့္ ဖက္ဒရယ္နယ္ေျမ ႏွစ္ခုတြင္ရွိသည့္ ေက်ာင္းအားလံုးမွာလည္း ပိတ္ပစ္လိုက္ရသည္။

ယင္းေဒသမ်ားရွိ ေလထု၏အရည္အေသြးမွာ မေလးရွား၏ ေလထုညစ္ညမ္းမႈအညႊန္းကိန္း  (API) အမွတ္ ၂၀၀ ကို ေက်ာ္ကာ က်န္းမာေရးအလြန္ထိခိုက္ေသာအေနအထားသို႔ ျမင့္တက္ေနၿပီဟု ဆုိသည္။

အဆိုးရြားဆံုးထိခိုက္ခံေနရသည့္ ဆာရာဝပ္ျပည္နယ္၏ Sri Aman ၿမိဳ႕တြင္ အဂၤါေန႔၌ API အညႊန္းကိန္း ေဖာ္ျပခ်က္သည္ အဂၤါေန႕တြင္ အႏၱရာယ္ရွိေသာအဆင့္သို႔ ေရာက္ရွိခဲ့ၿပီး ေလထုအရည္အေသြး တိုးတက္ ေကာင္းမြန္မႈမွာ အနည္းငယ္သာရွိသည္။ Sri Aman ၿမိဳ႕တြင္ API အညႊန္းကိန္းေဖာ္ျပခ်က္သည္ ဗုဒၶဟူးေန႕ ညေန ၃ နာရီ၌ ထိခိုက္ႏႈန္း ၂၃၄ ထိျဖစ္ကာ  က်န္းမာေရးကို အလြန္ထိခိုက္ေသာ အေျခအေနသို႔ ေရာက္ရွိခဲ့သည္။

အင္ဒိုနီးရွားတြင္ ေလာင္ကၽြမ္းေနေသာ ေတာမီးမ်ားမွ ထြက္သည့္ မီးခိုးေငြ႔မ်ားသည္ ေဒသအတြင္း လႊမ္းမိုးလာခဲ့သည္။ စိုက္ခင္းမ်ားအတြက္ စည္းကမ္းမဲ့ ေတာမီးရႈိ႕မႈမ်ားသည္ ဆူမားၾတားႏွင့္ ေဘာ္နီယိုကၽြန္းေပၚတြင္ ေတာမီးမ်ား ထိန္းခ်ဳပ္မႈကင္းမဲ့စြာ ေလာင္ကၽြမ္းေစလ်က္ရွိၿပီး ေထာင္ေပါင္းမ်ားစြာေသာ မီးသတ္သမားမ်ားက ရဟတ္ယာဥ္မ်ားေပၚမွ ေရဗံုးမ်ားပစ္ခ်ကာ မီးၿငိမ္းသတ္ေနၾကရသည္။

စင္ကာပူနိုင္ငံတြင္ မီးခိုးေငြ႔မ်ားသည္ ဗုဒၶဟူးေန႔၌ က်န္းမာေရးထိခိုက္ေသာအေနအထားသို႔ ျမင့္တက္ေနကာ ေလထုအရည္အေသြးမွာ ဆက္လက္ဆိုးရြားေနဆဲျဖစ္ေၾကာင္း သိရသည္။

CNA

ခင္ေမဖူး (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။